အကောက်ခွန်မဲ့ကားတာယာဆိုဒ်စုံ နှင့် စားသောက်ကုန်ပစ္စည်းများ ကျိုင်းတုံ Mobile Team မှ ဖမ်း ဆီးရမိ

Mon, 01/12/2015 - 11:03 -- dccaadmin

 

တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ ကြီးကြပ်မှုဖြင့် လှုပ်ရှား Mobile Team အဖွဲ့ များ ဖွဲ့စည်းပြီး တရားမဝင် ကုန်သွယ်မှု တားဆီးရေးနှင့် စားသုံးသူ အကာအကွယ်ပေးရေး အတွက် စီမံ ချက် များချမှတ်ပြီး ထိရောက်စွာ ဟန့်တား အရေးယူဆောင်ရွက်လျက်ရှိရာ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်၀၇ း ၀၀ နာရီအချိန်မှာ  ကျိုင်းတုံနယ်စပ် ကုန်သွယ်ရေးစခန်း တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးဝင်းမောင် ဦးစီးအဖွဲ့ဟာ ကျိုင်းတုံ-မိုင်းလား လမ်းကြောင်းပေါ်ရှိ Mobile Team (နောင်ငင်း) စစ်ဆေးရေးဂိတ်မှာ အခြေပြုပြီး ယာဉ်များအား စစ်ဆေးဆောင်ရွက် ခဲ့ပါတယ်။ထိုသို့ ဆောင်ရွက်နေစဉ် မိုင်းလားမှ ကျိုင်းတုံဘက်သို့ မောင်းနှင်လာတဲ့ သွင်းကုန်ပစ္စည်းများ တင်ဆောင် လာသော အီတန် ယာဉ်တစ်စီး အား အဖွဲ့စုံဖြင့် ပစ္စည်းများဖွင့်ဖောက်၍ သွင်းကုန်လိုင်စင်ID တို့ဖြင့် တိုက်ဆိုင်စစ် ဆေးခဲ့ရာ လိုင်စင်နှင့်ID တွင်မပါရှိတဲ့ တရုတ်နိုင်ငံလုပ် ကားတာယာ ဆိုဒ်စုံံ (၆) မျိုး၊ အရေအတွက် (၄၇) လုံး၊ ခန့်မှန်းတန်ဖိုး ၂၅၆၅၀၀၀ ကျပ်အား စစ်ဆေးတွေ့ရှိသဖြင့် အကောက်ခွန် အမှုတွဲ ဖွင့်လှစ် သိမ်းဆည်းခဲ့တယ်လို့ သတင်းရရှိပါတယ်။အလားတူ ၀၉ း ၀၀ နာရီခန့်တွင် မိုင်းလားမှ ကျိုင်းတုံသို့ ထွက်ခွာလာတဲ့ သွင်းကုန် (၆) ဘီးယာဉ်အား အဖွဲ့စုံဖြင့် ဖွင့်ဖောက်စစ်ဆေးခဲ့ရာ သွင်းကုန်လိုင်စင်ID တွင် မပါရှိတဲ့ Chewing Gum(၂၉) ဖာ၊ ငါးမှုန့်  (၂၀) ဖာ၊ ချောကလက် (၂) ဖာ၊Rove Light Up Loli Pop   (၄)ဖာ၊ သကြားလုံး (၁၀) ဖာ၊ ရေညှိမုန့် (၅) ဖာ စုစုပေါင်း (၆) မျိုး ခန့်မှန်းတန်ဖိုး ၂၇၁၂၀၀၀ ကျပ်အား စစ်ဆေးတွေ့ရှိသဖြင့် အေ ကာက်ခွန်အမှုတွဲ ဖွင့်လှစ် သိမ်းဆည်းခဲ့ပြီး အဆိုပါ သိမ်းဆည်း ခဲ့သည့် ကားတာယာများနဲ့ စားသောက်ကုန်ပစ္စည်းများ စုစုပေါင်းခန့်မှန်း တန်ဖိုး (၅၂၇၇၀၀၀) ကျပ် အား ကျိုင်းတုံမြို့နယ် အကောက်ခွန်ဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်းအပ်နှံ ခဲ့ပြီးဖြစ် တယ်လို့သိရပါ တယ်။

                  

 

                                                                                                                                                                 

  DCCA DCCA