ရေယာဉ်ပေါ်မှ တရားမဝင်တင်ဆောင်လာတဲ့ စားသောက်ကုန်နဲ့ကြိမ်များကို ဝါးတန်း ဆိပ်ကမ်းတွင် သိမ်းဆည်းရမိ

Mon, 12/22/2014 - 15:35 -- dccaadmin

 

ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်းပြည်ပ ဆိပ်ကမ်း ၁၂ ခုတွင်တစ်ခု အပါအဝင်ဖြစ်တဲ့ ပြည်တွင်း ကမ်းရိုးတန်းသွား ဝါးတန်း ဆိပ်ကမ်းတောကလူးအနီး ပင်လယ်ပြင်တွင် တာဝန် ထမ်းဆောင်နေတဲ့ ရေ ကြောင်း OSS အဖွဲ့ဝင် တာဝန်ရှိသူတစ် ဦး က မြိတ်မှရန်ကုန်သို့ ထွက်ခွာလာတဲ့ ရန်မျိုးအောင်ရေယာဉ် ပေါ်တွင် စားသောက်ကုန် များနဲ့အတူ အထောက်အထားမဲ့ ကြိမ်များတင်ဆောင် လာကြောင်း သက်ဆိုင်ရာ သစ်တော ဦးစီးဌာနဲ့ Mobile Teamအဖွဲ့ထံသို့ ဆက်သွယ် သတင်းပေး ပို့မှုအရ ဒီဇင်ဘာလ၂ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ် ဝါးတန်း အမှတ်(၄) ဆိပ်ကမ်းတွင် တိုင်းဒေသကြီး သစ်တော ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်အဆင့် သစ်တောမှ တာဝန်ရှိသူများ၊ အမှတ် (၄)ဝါးတန်းဆိပ်ကမ်း Mobile Team မှ တာဝန်ရှိသူများ၊ ဆိပ်ကမ်းမြို့နယ် မော်တင်ရပ်ကွက် အုပ်ချုပ်ရေး မှူးတို့ ပူပေါင်းလျက် ရန်မျိုးအောင်ရေ ယာဉ်ပေါ်သို့ တက်ရောက် စစ်ဆေးရာ ရေယာဉ်ပေါ်တွင်အ ထောက်အထားမဲ့ တင်ဆောင်လာတဲ့  ကြိမ်ကြီး ၄၉၈၀လုံးနဲ့ ကြိမ်သေး ၁၆၄၅၀ လုံး ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၄ သိန်းဖိုးအား စစ်ဆေးတွေ့ရှိခဲ့ပါ တယ်။ အဆိုပါ စစ်ဆေးတွေ့ရှိကြိမ်များနဲ့ သယ်ဆောင် လာတဲ့ပစ္စည်းပိုင်ရှင်တို့အား ရေယာဉ်နဲ့အတူ သစ်တောဥပဒေအရ  အမှုဖွင့်အရေးယူ ထားတယ်လို့ သိရပါတယ်။

                                                                                      

DCCA  DCCA