တစ်လကျော်ကာလအတွင်း တရားမဝင်ကုန်ပစ္စည်းများနဲ့ကန့်သတ်ကုန်စည်များ ကျပ်သန်း ၁၃၀ ကျော်ဖိုး မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ ဆိပ်ကမ်းများက သိမ်းဆည်းရမိ

Mon, 12/22/2014 - 15:30 -- dccaadmin

 

တရားမဝင် တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီရဲ့ တာဝန်ပေးအပ် ချက်အရ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်း၊ ရွှေကြက်ယက် ဆိပ်ကမ်း၊ မင်းကွန်း မရမ်းခြံ ဆိပ်ကမ်းနဲ့ တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့ တွင် နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး စားသုံးသူ အကာအကွယ် ပေးရေးနှင့် တရားမဝင် ကုန်သွယ်မှု တားဆီးရေးလုပ်ငန်းကို ဆောင်ရွက်နေပြီဖြစ်ပါတယ်။ စတင်ဆောင် ရွက်သည့် နိုဝင်ဘာ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၁၁ ရက်နေ့ထိ ကန့်သတ် ကုန်နဲ့  တရားမဝင် ကုန်စည်များကို အမှုတွဲ ၈ခု၊ ခန့်မှန်းတန်ဖိုး ကျပ်သန်း ၁၃၀ ဒသမ ၀၈၉ ဖိုးသိမ်းဆည်း ရမိထားပြီး ဖြစ်တယ်လို့ သတင်းရရှိပါတယ်။

မန္တလေး အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ကျောက်စိမ်းဟု ယူဆရသော ကျောက်များကို Hand Carr သယ်ဆောင်လာသူရဲ့ သတင်းပို့ချက်အရ စာရွက်စာတန်း အထောက်အထား တင်ပြနိုင်ခြင်း မရှိ၍ သိမ်းဆည်းခဲ့ ရတာဖြစ်ပါတယ်။ မန္တလေး ဆိပ်ကမ်းမှာ ဖမ်းဆီး ရမိမှုများ ကတော့ သစ်ခွဲသားအရွယ်စုံ၊ သစ်လုံး၊ သစ်ခွဲသားများမှာ အင်၊ ပျဉ်းကတိုး တို့ဖြစ်ကြပြီး စုစုပေါင်း ကျွန်းနဲ့ သစ်မာသစ်လုံး၊ ခွဲသားဆိုဒ်စုံ  ၂၈၁၆ ချောင်း၊  သစ်လုံး ၅၅ လုံး၊ တန်ချိန်  ၆၀ နီးပါးကို ဖော်ထုတ်တား ဆီးနိုင်ခဲ့ပြီး သစ်နဲ့သစ်တင် ယာဉ်များကို သစ်တောဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာနများသို့ လုပ်ထုံး လုပ်နည်းနဲ့ ဥပဒေကြောင်း အရ အရေးယူဆောင် ရွက်နိုင်ရန် လွှဲပြောင်းထားပြီးဖြစ်တယ်လို့ သတင်းရရှိပါတယ်။

                                                                                      

DCCA  DCCA