ခန့်မှန်းတန်ဖိုးကျပ် ၁၀ သိန်းတန်ဖိုးရှိ တရားမဝင်သယ်ဆောင်လာသော စားသောက်ကုန်များရှာဖွေ တွေ့ရှိ

Mon, 12/22/2014 - 15:25 -- dccaadmin

 

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် တစ်ဝိုက်ရှောင်ကွင်း လမ်းများမှ ကုန်ပစ္စည်းများ တရားမဝင် သယ်ယူမှု များအား မြေပြင်သတင်းရယူ၍ ဒုတိယညွှန်ကြားရေးမှူး ဦးစီး Mobile Team အဖွဲ့ကတားဆီး မှုများပြုလုပ် လျက်ရှိပါတယ်။ ဒီဇင်ဘာလ ၆ ရက် ၀၁ း ၀၀ ချိန်မှာ နမ့်တောင်း-ခိုခေးရှောင်ကွင်းလမ်း ကြောင်းအတိုင်း မောင်းနှင်လာသော ၄ လုံးထိုးDong Fangယာဉ် (၂)စီးအား မူဆယ်-လားရှိုး ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ထွက်ပေါက်အနီး တားဆီး စစ်ဆေးခဲ့ရာမှာ တစ်ဖက်နိုင်ငံ ထုတ်FDA ထောက်ခံချက်မပါဘဲ တင်သွင်း လာတဲ့ စားသောက်ကုန် ရေသန့်၊ အချိုရည် ှSprite ၊ Lebo ၊Super Vitamin၊ Cocacola၊  Milk Tea Drink  ခေါက်ဆွဲဘူး၊ လူသုံးကုန် ဆပ်ပြာမှုန့်၊ တစ်သျှူး၊ လုပ်ငန်းသုံး ဘိလပ်မြေ၊ ဝက်စာများ ခန့်မှန်း တန်ဖိုးကျပ် ၁၀ သိန်းဝန်းကျင်အား စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။

အဆိုပါ စားသောက်ကုန်များရဲ့ အောက်မှာ သိုဝှက်သယ်ဆောင်လာတဲ့ စိတ်/ကဆေးပြားထုတ်ရာမှာ အသုံးပြုတယ်လို့ ယူဆရတဲ့ ဓါတုဆေးရည်များကိုလည်း ရှာဖွေတွေ့ရှိခဲ့တဲ့အတွက် စားသောက်ကုန်နဲ့ ဓါတု ဆေးရည်များ သယ်ဆောင်လာတဲ့ ယာဉ်  ၂ စီးကိုလည်း အကောက်ခွန် အမှုတွဲဖွင့် အရေးယူ ထားပြီးဖြစ်တယ်လို့  သတင်းရရှိပါတယ်။

                                                                                                

DCCA  DCCA