စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းများအောက် သိုဝှက်သယ်ဆောင်လာသော ဓါတုဆေးရည်များ အား Mobile Team မှ သိမ်းဆည်း

Mon, 12/22/2014 - 15:21 -- dccaadmin

 

၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၆ ရက် နံနက်  ၀၁ း၀၀  ချိန်မှာ မူဆယ် ၁၀၅ မိုင်ထုတ်နုတ်အင်အား Mobile Team အဖွဲ့သည် သတင်းအရ  နမ့်တောင်း-ခိုခေးရှောင်ကွင်း လမ်းကြောင်းအတိုင်း မောင်းနှင်လာ သောDong Fang အမျိုးအစား ၄ လုံးထိုး ယာဉ်၂ စီးအား မူဆယ်-လားရှိုးပြည်ထောင်စု လမ်းမကြီးအနီး တားဆီး စစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။ ထိုယာဉ်များပေါ်မှာ FDA ထောက်ခံချက် မပါသော တရားမဝင် တင်သွင်းလာတဲ့ စားသောက်ကုန်နဲ့ အခြားလူသုံးကုန် ပစ္စည်းအောက် မှာ သိုဝှက်သယ်ဆောင် လာတဲ့ ဓါတုဗေဒဆေးရည်များ ထည့်ထားတဲ့ ပလတ်စတစ်ပုံးပေါင်း၂၄၀ ၊ စုစုပေါင်းအလေးချိန်  ၅၇၆၀  ကီလိုဂရမ်အားတွေ့ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။

သိမ်းဆည်းရမိ ဓါတုဆေးရည် များအား မူဆယ်မြို့ မူးယစ်အထူး တပ်ဖွဲ့သို့ ပေးပို့စစ်ဆေးခဲ့ရာ မူးယစ် ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ တားမြစ်ဓါတုဆေးရည် (Phenyl  ProPanone ) များဖြစ်တယ်လို့ သိရပါတယ်။ လုပ်ထုံးလုပ်နည်းနဲ့အညီ အကောက်ခွန် အမှုတွဲ ဖွင့်လှစ်အပ်နှံ ထားပြီးဖြစ်တယ်လို့ သတင်းရရှိပါတယ်။

တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ ကွပ်ကဲမှုအောက် Mobile Teamအဖွဲ့များ ဟာ စားသုံးသူ အကာအကွယ်ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးဆောင်ရွက်နေတဲ့ အပြင် မူးယစ်ဆေးဝါး တားဆီး ထိန်းချုပ်ရေးလည်း ဆောင်ရွက်နေရာ၂၀၁၄ ခုနှစ်အတွင်း မူးယစ် ဆေးဝါးချက် လုပ်ရာမှာ  အသုံးပြုတဲ့ (Ethy Alcohol ) အရက်ပျံ ၂၀ လီတာပုံး ၂၂၃ ပုံး ၄၇၁၅ ကီလို ဂရမ်နဲ့ ယခုဖြစ်စဉ် အပါအဝင် ဓါတုဆေးရည် စုစုပေါင်း၁၀၄၇၅ ကီလို ဂရမ်ကို မူဆယ်  ၁၀၅ မိုင်ကုန် သွယ်ရေးဇုန်ထုတ်နုတ် Mobile Team အဖွဲ့မှ တားဆီးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

ဓါတုဆေးရည်များနဲ့  တရားမဝင် ကုန်စည်များ သယ်ဆောင်လာတဲ့ Dong Fang ယာဉ်၂ စီးခန့်မှန်း တန်ဖိုးကျပ် သိန်း ၈၀ ကိုလည်း လုပ်ထုံးလုပ်နည်းနဲ့အညီ အကောက်ခွန် အမှုတွဲဖွင့် အရေးယူထား ပြီးဖြစ်တယ်လို့ သိရပါတယ်။

                                                                        

    DCCA  DCCA