မူဆယ်၊ နောင်ချို၊ ညောင်ခါးရှည်တို့မှ နိုဝင်ဘာလအတွင်း ကန့်သတ်ကုန် ပစ္စည်းများနဲ့တရားမဝင် ကုန်ပစ္စည်းကျပ် သိန်းပေါင်း ၆၂၇၀ ကျော်ဖိုးသိမ်းဆည်းရမိ

Mon, 12/22/2014 - 15:15 -- dccaadmin

 

တရားမဝင် တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီရဲ့ တာဝန်ပေးအပ်ချက်အရ စားသုံးသူအကာအကွယ် ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှု တားဆီးရန် Mobile Team များဖွဲ့စည်း လုပ်ဆောင်လျက် ရှိပါတယ်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်း မူဆယ် ၁၀၅ မိုင်ထုတ်နုတ်အင်အား၊ နောင်ချိုနဲ့ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ် ညောင်ခါးရှည်တို့မှ Mobile Team  အဖွဲ့များက သစ်တောထွက်ကုန်၊ အေးခဲအသား၊ ပင် လယ်စာ၊ ကြက်သွန်ဖြူ၊  စားသောက်ကုန် ၊Handset ၊ ဘီယာ၊ သတ္တုမှုန့် ဟု ယူဆရသောအမှုန့်၊ အခြားပစ္စည်းများနဲ့ သယ်ဆောင်လာ သောယာဉ်များ (၁၁ စီး) အပါအဝင် ခန့်မှန်းတန်ဖိုး စုစုပေါင်း ကျပ် သိန်း ၆၂၇၀ ဒသမ ၅၄၄ ဖိုးကို သိမ်းဆည်း ရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။

မူဆယ် ၁၀၅ မိုင်ထုတ်နုတ်အင်အား Mobile Team အဖွဲ့အနေနဲ့ သစ်တောထွက်ပစ္စည်း ၄ မှု၊ အေးခဲ အသား/ ပင်လယ်စာ ၃မှု၊ Handset  ၃မှု (၇၇၄ လုံး)၊ ကြက်သွန်ဖြူ ၁ မှု၊ စားသောက်ကုန်  ၅မှု၊ ဆိုင်ကယ် ၁ မှု (၂ စီး)၊ ယာဉ်သိမ်းဆည်း ရမိ မှု  ၆မှု (၆ စီး)၊ သတ္တုအမှုန့်ဟု ယူဆရသောအမှုန့်  ၂မှု၊ စုစုပေါင်း ခန့်မှန်းတန်ဖိုး ကျပ် ၃၂၆၉ ဒသမ ၃၆၆ ဖိုးသိမ်းဆည်း ရမိခဲ့ပါတယ်။ သိမ်းဆည်းရမိတဲ့ ယာဉ်အမျိုးအစား တွေကတော့ Nissan UD  ၊ Toyota ၊  Alphard ၊ UD Cander ။Toyota Towace၊ Nissan  Audi Grandee နဲ့ ထရော်လာဂျီ ၂ စီးတို့ဖြစ်ပါတယ်။

နောင်ချို Mobile Team အနေနဲ့ သစ်တောထွက် ၉မှု၊ အေးခဲအသား/ပင်လယ်စာ ၈မှု၊ Beer၂ မှု၊ ကြက်သွန်ဖြူ  ၄မှု၊ စားသောက်ကုန် ၈ မှု၊ ယာဉ်သိမ်းဆည်းရမှု ၅ မှု (၅ စီး)၊ သတ္တုအမှုန့်ဟုယူဆ ရသောအမှုန့် ၁မှုနဲ့ အခြား ၁၈မှု ၊ခန့်မှန်းတန်ဖိုး ကျပ်  ၂၄၂၁ ဒသမ  ၆၄၅  သိန်းဖိုးသိမ်းဆည်း ရမိခဲ့ပါတယ်။ သိမ်းဆည်းရမိယာဉ် ၅ စီးမှာ Nissan Canter ၊ Toyota  ၊Hino Profia နဲ့ ဇုန်ထုတ်ယာဉ်များ ဖြစ်ကြပါတယ်။

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ညောင်ခါးရှည် ယာယီအခြေပြု Mobile Team အဖွဲ့ (၂) ကတော့ သစ်တောထွက်ပစ္စည်း ၅ မှု၊ အေးခဲအသား/ပင်လယ်စာ ၁မှု၊ ဘီယာ ၄ မှု၊ စားသောက်ကုန်  ၁၁ မှု၊ စားဆီ၂မှု၊ လူသုံးကုန်ပစ္စည်း ၉ မှု၊ အခြား ကုန်စည် ၁၂ မှု၊ စုစုပေါင်း ခန့်မှန်းတန်ဖိုး ကျပ်  ၅၇၉ ဒသမ ၅၃၃ သိန်းဖိုးသိမ်းဆည်းရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။

                                                                                     

  DCCA  DCCA