မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီး ရှောင်ကွင်းလမ်းမှ တရားမဝင်တင်ဆောင်လာသောနွား အရှင်အကောင် ၅၀ နဲ့ နွားတင်ယာဉ် ၁၂ ဘီးယာဉ် ၂ စီးအားဖမ်းဆီးရမိ

Mon, 12/22/2014 - 14:35 -- dccaadmin

 

တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီရဲ့ ကြီးကြပ်မှု အောက်ရှိ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင်အတွင်း မူဆယ် ၁၀၅ မိုင်ကုန် သွယ်ရေးဇုန် နယ်စပ် ကုန်သွယ်ရေး စခန်းအနီး တစ်ဝိုက် တရားမဝင်ရှောင် ကွင်းလမ်း များမှ လည်းကောင်း၊ ပြည်ထောင်စု လမ်းမကြီးပေါ်မှ လည်းကောင်း၊ နိုင်ငံတော်ရဲ့  အဖိုးတန် သယံဇာတများ၊ ကန့်သတ်ကုန်ပစ္စည်းများ၊ အကောက်ခွန်မဲ့ ပစ္စည်းများ၊ ပြည်ပသို့ တရားမဝင် တင်ပို့ခြင်း မရှိစေရေး အတွက် တရားမဝင် ကုန်သွယ် မှုတား ဆီးထိန်းချုပ် ရေးဗဟိုကော်မတီဟာ စခန်းများရှိ ထုတ်နုတ်  Mobile Team အဖွဲ့များနဲ့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှစ၍ တာဝန်ပေးအပ်ကာ တားဆီးစစ်ဆေးဆောင်ရွက်လျက် ရှိပါတယ်။

ထိုသို့ ဆောင်ရွက်နေစဉ် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် Mobile Team ထုတ်နုတ် အင်အားအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးစီးပူးပေါင်း အဖွဲ့ဟာ မြေပြင်သတင်းအရ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ၂ ရက် ၁၅ း၂၀ ချိန်ခိုခေး-နမ့်တောင် ရွာ ရှောင်ကွင်းလမ်းမှာ စောင့်ဆိုင်းနေစဉ် တစ်ဘက်နိုင်ငံသို့ တင်ပို့ရန် တရားမဝင် သယ်ဆောင်လာတဲ့ နွားအရှင်အကောင် ၅၀နဲ့ နွားများတင်ဆောင်လာတဲ့ ၁၂ ဘီး ကုန်တင်ယာဉ်(၂) စီးအား စစ်ဆေးတွေ့ရှိ တားဆီးနိုင်ခဲ့ပါတယ်။ တရားမဝင် သယ်ဆောင်လာတဲ့ ဖမ်းဆီးရမိနွား များအား မူဆယ်ခရိုင်အုပ်ချုပ်ရေး အဖွဲ့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စည်ပင်သာယာရေး ဦးစီးဌာန၊ အထွေအထွေ အုပ်ချုပ်ရေး ဦးစီးဌာန ပူးပေါင်းအဖွဲ့ထံသို့ Mobile Team မှ စနစ်တကျ လွှဲပြောင်းပေး အပ်ခဲ့ပြီး နွားများတင်ဆောင်လာတဲ့ ၁၂ ဘီး ကုန်တင်ယာဉ်၂ စီးအားအ ကောက်ခွန် ဦးစီးဌာနသို့ လုပ်ထုံးလုပ်နည်းနဲ့အညီ အပ်နှံခဲ့ပြီး ဖြစ်တယ်လို့ သတင်းရရှိပါတယ်။ သိမ်း ဆည်းရမိနွားတင်ယာဉ် ၂ စီးရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ်သိန်း ၇၅၀ ခန့် ရှိပြီ နွားများရဲ့ ခန့်မှန်းတန်ဖိုးအား တွက်ချက်နေဆဲဖြစ်တယ်လို့ သိရပါတယ်၊

                                                              

DCCA  DCCA