အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC) ဆိုင်ရာ အသိပညာပေးသင်တန်း

Fri, 02/23/2024 - 05:06 -- DotTrading

အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC) ဆိုင်ရာ အသိပညာပေးသင်တန်း

(သတင်း)

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက် အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။         အဆိုပါစီမံချက်အရ အာဆီယံစီးပွားရေးအသိုက်အဝန်း (AEC)ဆိုင်ရာ အသိပညာပေးသင်တန်းကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ (ဗုဒ္ဓဟူးနေ့)နေ့လည် (၁၃း၀၀)နာရီမှ(၁၅း၃၀)နာရီထိ ဖွင့်လှစ်ခဲ့ ပါသည်။

၃။         အဆိုပါသင်တန်းကို ကုန်သွယ်ရေးဦးစီးဌာန၊ ဒေသတွင်းစီးပွား‌ရေးပူးပေါင်းဆောင်ရွက်မှုဌာနခွဲ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရွှေစင်ဦး မှသင်ခန်းစာများ ပို့ချပေးခဲ့ပြီး အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၂၀) ဦးတို့ တက်ရောက်ခဲ့ပါသည်။