အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ် ရေးဆွဲရေးဆိုင်ရာ အဌမအကြိမ် ညှိနှိုင်းအစည်းအဝေး တက်ရောက်ခြင်း

Wed, 02/21/2024 - 07:01 -- competition

          အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ် ရေးဆွဲရေးဆိုင်ရာ အဌမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အစည်းအဝေးတွင် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ် ဆွေးနွေးညှိနှိုင်းရေးဥက္ကဋ္ဌဖြစ်သူ ဖိလစ်ပိုင်ယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင် Ms. Lolibeth Ramit-Medrano က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အစည်းအဝေးသို့    အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ယှဉ်ပြိုင်မှုဆိုင်ရာ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ စုစုပေါင်း (၁၇)ဦး တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

          အစည်းအဝေးတွင် မူဘောင်သဘောတူစာချုပ်တွင် ထည့်သွင်းမည့် ညှိနှိုင်းဆွေးနွေးခြင်း အပိုဒ်အတွက် စာသားမူကြမ်းအပေါ် ဆွေးနွေးခဲ့ကြ၍ အပိုဒ် (၅) “ယှဉ်ပြိုင်မှုမူဝါဒ ခံယူကျင့်သုံးမှု”၊ အပိုဒ် (၆) “စည်းရုံးလှုံ့ဆော်မှု အားကောင်းစေရေး”နှင့် အပိုဒ် (၇) “ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ပေါင်းစပ်ညှိနှိုင်းမှု အားကောင်းစေရေး ဆောင်ရွက်ချက်များ” တို့တွင် ပြောင်းလဲပြင်ဆင်မည့် စာသားများအပေါ် အပြီးသတ်ဆွေးနွေးခဲ့ကြပါသည်။

          အစည်းအဝေးတွင် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ် ရေးဆွဲရေးဆိုင်ရာ နဝမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပပြုလုပ်ရန် စီစဉ်ထားရှိမှုအခြေအနေများအား ဆွေးနွေးခဲ့ကြပါသည်။