Introduction Course on WTO (Principles and General Rules) သင်တန်း (သတင်း)

Thu, 02/08/2024 - 03:27 -- DotTrading

Introduction Course on WTO (Principles and General Rules) သင်တန်း

(သတင်း)

 

၁။           Introduction Course on WTO (Principles and General Rules) သင်တန်းဖွင့်ပွဲ အခမ်းအနားကို နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၃) ရှိ ညီလာခံခန်းမ၌ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် ကျင်းပခဲ့သည်။

၂။            သင်တန်းဖွင့်ပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးထွန်းအုံ၊ ညွှန်ကြားရေးမှူးချုပ်များ ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

၃။          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ က ဝန်ကြီးဌာနသည် နိုင်ငံတကာနှင့် ကုန်သွယ်မှုကိစ္စရပ်များ‌ ဆောင်ရွက်နေရသဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ဆောင်ရွက်ချက်များ၊ အခြေခံစည်းမျဉ်းများ၊ နိုင်ငံစုံသဘောတူညီ ချက်များ အကောင်အထည်ဖော်ရာတွင် လိုက်ပါဆောင်ရွက်ရမည့် ကတိကဝတ်များ၊ အငြင်းပွား မှုဆိုင်ရာပြဿနာများ၊ နည်းပညာဆိုင်ရာ အထောက်အပံ့များကို သိရှိစေရန်အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားပေးမည့် သင်တန်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့၏ ပွင့်လင်းမြင်သာမှုရှိရေး ကတိကဝတ်အရ ကုန်သွယ်မှု နည်းလမ်းများ ကို အကြောင်းကြားခြင်း (Notification) များ ဆောင်ရွက်သကဲ့သို့ ကုန်သွယ်မှုမူဝါဒ ဆန်းစစ် ခြင်း လုပ်ငန်းစဉ်များလည်း ၂၀၁၄ ခုနှစ်က တစ်ကြိမ်၊ ၂၀၂၁ ခုနှစ်က တစ်ကြိမ် စုစုပေါင်း (၂) ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သင်တန်းသား၊ သင်တန်းသူ များအနေဖြင့် သင်တန်းတွင် ပို့ချမည့်သင်ခန်းစာများကို ဂရုတစိုက်လေ့လာ မှတ်သားခြင်းအားဖြင့် မိမိတို့ဝန်ကြီးဌာန အတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ရာတွင် အထောက် အကူပြုဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

၄။           အဆိုပါသင်တန်းတွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဖာမြို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး၏ WTO သံမှူးများအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူများ၊ဂျီနီဖာမြို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (ရုံးချုပ်) တွင် အလုပ်သင်အဖြစ် သင်တန်းတက်ရောက်ခဲ့သည့် အရာရှိကြီးများက ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရှိရပါသည်။