“ယှဉ်ပြိုင်မှုဥပဒေအကြောင်း သိကောင်းစရာများ စကားဝိုင်းဆွေးနွေးပွဲ (Talk Show)” ရိုက်ကူးထုတ်လွှင့်ခြင်း

Fri, 12/29/2023 - 09:48 -- competition

“ယှဉ်ပြိုင်မှုဥပဒေအကြောင်း သိကောင်းစရာများ စကားဝိုင်းဆွေးနွေးပွဲ (Talk Show)” ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နှင့် ၂၄ ရက်နေ့တို့တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ရိုက်ကူးထုတ်လွှင့်ခဲ့ပါသည်။ အဆိုပါအစီအစဉ်တွင် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဦးသန်းမောင်၊ ကော်မရှင်အဖွဲ့ဝင် မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မိုးမိုးသွယ်နှင့် ကော်မရှင်အဖွဲ့ဝင် ဦးသုတအောင်တို့က ပါဝင်ဆွေးနွေးခဲ့ကြပါသည်။