ကုန်သွယ်ရေးဦးစီးဌာန Thursday Talk ဆွေးနွေးပွဲ သတင်း (အပြည့်အစုံ)

Mon, 11/13/2023 - 07:30 -- DotTrading

ကုန်သွယ်ရေးဦးစီးဌာန

Thursday Talk ဆွေးနွေးပွဲ

သတင်း (အပြည့်အစုံ)

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ရုံးအမှတ်(၃)၊ ညီလာခံခန်းမ၌  Thursday Talk ဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် (၁၀:၀၀) နာရီမှ (၁၁:၃၀) နာရီအချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။            Thursday Talk ဆွေးနွေးပွဲတွင်ကုန်သွယ်ရေးဦးစီးဌာန၊ဦးစီးအရာရှိ ဦးရဲထက်ဇော်က “စက်မှုတော်လှန်ရေးကာလအတွင်း ဖြစ်ပေါ်တိုးတက်လာသော နည်းပညာများနှင့် အနာဂါတ် လူ့အဖွဲ့အစည်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြခဲ့ပါသည်။

၃။         အဆိုပါ Thursday Talk ဆွေးနွေးပွဲသို့ ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၇၅)ဦး တက်ရောက်ခဲ့ပါသည်။

၄။         ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းလွင်မှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး ဦးစီးအရာရှိ ဦးရဲထက်ဇော်အား ဂုဏ်ပြု လက်ဆောင်ပေးအပ် ချီးမြှင့်ခဲ့ပါသည်။