နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေသင်တန်းဖွင့်လှစ်မှုအခြေအနေ

Wed, 11/08/2023 - 03:06 -- DotTrading

နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေသင်တန်းဖွင့်လှစ်မှုအခြေအနေ

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက် အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်း များကို ကုန်သွယ်ရေးဦးစီးဌာန ၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

၂။         အဆိုပါစီမံချက်အရ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေသင်တန်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀)နာရီထိ  ဖွင့်လှစ်ခဲ့ပါသည်။

၃။        အဆိုပါသင်တန်းကို ကုန်သွယ်ရေးဦးစီးဌာန၊ စီမံရေးရာဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်စိုးမှ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေသင်ခန်းစာများ ပို့ချပေးခဲ့ပြီး အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၃၇) ဦးတို့ တက်ရောက်ခဲ့ပါသည်။