“အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်၏ စတုတ္ထအကြိမ် ယှဉ်ပြိုင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေးအတွက်ဒုတိယအကြိမ် အာဆီယံဒေသတွင်း ညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်ခြင်း

Tue, 11/07/2023 - 03:48 -- competition

           အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ် (ASEAN-Canada Free Trade Agreement-ACAFTA) ၏ စတုတ္ထအကြိမ် ယှဉ်ပြိုင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့်အစည်းအဝေး အတွက် ဒုတိယအကြိမ် အာဆီယံဒေသတွင်း ညှိနှိုင်းဆွေးနွေးပွဲ (2ndCaucus for the 4th ACAFTA WGC) ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

           အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ယှဉ်ပြိုင်မှုကဏ္ဍမှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ စုစုပေါင်း(၁၆)ဦး တက်ရောက်ခဲ့ကြပါသည်။

          အစည်းအဝေးတွင် ACAFTA WGC အာဆီယံပူးတွဲဥက္ကဋ္ဌဖြစ်သူ စင်ကာပူယှဉ်ပြိုင်မှုနှင့်စားသုံးသူ ကော်မရှင် (CCCS) နိုင်ငံတကာရေးရာ၊ ဆက်သွယ်ရေးနှင့် စီမံကိန်းဌာန၊ ညွှန်ကြားရေးမှူး Ms. Yvette Yoongက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။                                                                                                               

         အစည်းအဝေးတွင် အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်၏ "ယှဉ်ပြိုင်မှုအခန်း"တွင် ထည့်သွင်းရန်အတွက် အာဆီယံကတင်သွင်းထားသည့် အဓိကအချက်များတွင် ကနေဒါနိုင်ငံက ပြင်ဆင်ဖြည့်စွက်ရန် အဆိုပြုလာမှုများအပေါ် အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။