ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်းဖွင့်လှစ်မှုအခြေအနေ

Wed, 11/01/2023 - 03:59 -- DotTrading

ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်းဖွင့်လှစ်မှုအခြေအနေ

၁။      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက် အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်း များကို ကုန်သွယ်ရေးဦးစီးဌာန ၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

၂။      အဆိုပါစီမံချက်အရ ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်းကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ လ(၂၇) ရက်နေ့တွင် နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀)နာရီထိ  ဖွင့်လှစ်ခဲ့ပါသည်။

၃။      အဆိုပါသင်တန်းကို ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းအကြောင်းသိရှိစေရန် ပို့ကုန်သွင်းကုန် လုပ်ငန်းဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်စိုးစိုးလှိုင်မှ ပို့ချပေးခဲ့ပြီး အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၂၇) ဦီးတို့ တက်ရောက်ခဲ့ပါသည်။