အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်း (၁/၂၀၂၃)သင်တန်းသားခေါ်ယူခြင်း

Tue, 01/24/2023 - 17:00 -- ipICTdep

အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်း (၁/၂၀၂၃)သင်တန်းသားခေါ်ယူခြင်း

“အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်း (၁/၂၀၂၃)” ကို WIPO FILE User Account ပိုင်ရှင်များနှင့် မူပိုင်ခွင့်ဆိုင်ရာကိုယ်စားလှယ်အဖြစ် ဆောင်ရွက်လိုသူများအတွက် အောက်ပါ အစီအစဉ်အတိုင်း ကျင်းပသွားမည်ဖြစ်ပါသည်-

သင်တန်း နေ့ရက်/အချိန်/နေရာ

သင်တန်းနေ့ရက်       -        (၁၃-၂-၂၀၂၃) ရက်နေ့မှ (၁၇-၂-၂၀၂၃) ရက်နေ့အထိ၊ (၅) ရက်

သင်တန်းအချိန်         -        နေ့စဉ် ၀၉ : ၃၀ မှ ၁၅ : ၀၀ နာရီအထိ

သင်တန်းနေရာ         -        Virtual Online (Zoom Meeting)

လျှောက်လွှာလက်ခံမည့်နေ့ရက်နှင့်သင်တန်းကြေး

သင်တန်းလျှောက်လွှာ Form လက်ခံခြင်း         -   (၂၃-၁-၂၀၂၃) မှ (၃-၂-၂၀၂၃) ထိ

သင်တန်းကြေးပေးသွင်းရမည့်ရက်                  -   (၂၃-၁-၂၀၂၃) မှ (၆-၂-၂၀၂၃) ထိ

 သင်တန်းတက်ရောက်ခွင့်ရသူများစာရင်း        -   (၉-၂-၂၀၂၃) မှ (၁၀-၂-၂၀၂၃) ထိ

ထုတ်ပြန်ကြေညာမည့်ရက်

    သင်တန်းကြေး                                       -   ၃၀၀,၀၀၀ ကျပ် (သုံးသိန်းကျပ်)

မှတ်ချက်။      သင်တန်းကြေးအား မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ဖွင့်လှစ်ထားသည့် မူပိုင်ခွင့်ဦးစီးဌာန၏ MD-014366 သို့ ပေးသွင်းရန်။

လျှောက်ထားခြင်း/ငွေသွင်းခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်

  • လျှောက်လွှာပုံစံအား www.ipd.gov.mm တွင် Download ရယူ၍  [email protected] သို့ ပေးပို့လျှောက်ထားရမည်။
  • သင်တန်းတက်ရောက်ခွင့်ရရှိမှုအား www.ipd.gov.mm တွင်ကြေညာမည်ဖြစ်ပါသည်။
  • အခြားသော သင်တန်းဆိုင်ရာကိစ္စရပ်များကို လျှောက်ထားသူ၏ လျှောက်လွှာပါ e-mail သို့ ဆက်သွယ်ပေးမည် ဖြစ်ပါသည်။
  • သင်တန်းလျှောက်လွှာပေးပို့ပြီးပါက မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ဖွင့်လှစ် ထားသည့် မူပိုင်ခွင့်ဦးစီးဌာန၏ MD-014366 သို့ သင်တန်းကြေး ပေးသွင်းရမည်။
  • သင်တန်းကြေးပေးသွင်းပြီး Bank Receipt ၏ Scanned Copy အား PDF Format or Photo ဖြင့် လျှောက်လွှာပေးပို့ခဲ့သည့် e-mail မှ [email protected] သို့ ပေးပို့ရမည်။
  • သင်တန်းကြေးပေးသွင်းမှုစိစစ်ပြီးပါက Zoom ID & Password များအား လျှောက်ထားသူ၏ လျှောက်လွှာပါ e-mail သို့ ပေးပို့ပေးမည် ဖြစ်ပါသည်။

 

စည်းကမ်းချက်များ

  • သတ်မှတ်ရက်ကျော်လွန်၍ လျှောက်ထားလာသည့် လျှောက်လွှာများအား လက်ခံခြင်း မပြုပါ။
  • လျှောက်လွှာတွင်ပါရှိသော သတ်မှတ်ထားသော အချက်အလက်များအား ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းရမည်ဖြစ်သည်။
  • သတ်မှတ်သင်တန်းသားဦးရေထက် ကျော်လွန်ပါက နောင်ဖွင့်လှစ်မည့် သင်တန်းတွင် ဦးစားပေးတက်ရောက်ခွင့် ရရှိမည်ဖြစ်ပါသည်။
  • သင်တန်းအား အချိန်ပြည့်ပြီးဆုံးအောင် တက်ရောက်ရမည်ဖြစ်ပြီး အရည်အချင်းစစ်  စာမေးပွဲကိုလည်း ဖြေဆိုရမည်ဖြစ်ပါသည်။
  • သင်တန်းအား အချိန်ပြည့်ပြီးဆုံးအောင် တက်ရောက်ပြီး စာမေးပွဲ အောင်မြင်သူများကိုသာ သင်တန်းဆင်းလက်မှတ် ထုတ်ပေးမည် ဖြစ်ပါသည်။
  • သင်တန်းကြေးအား သတ်မှတ်သည့်နေ့ရက်အတွင်း ပေးသွင်းခြင်းမရှိလျှင် သင်တန်းသား အဖြစ် မှတ်ယူမည်မဟုတ်ပါ။
  • သင်တန်းကြေးပေးသွင်းပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် သင်တန်းမတက်ရောက်နိုင် လျှင်ဖြစ်စေ၊ သင်တန်းတက်ရောက်ဆဲ ပျက်ကွက်လျှင်ဖြစ်စေ ပေးသွင်းထားပြီးသော သင်တန်းကြေးအား ပြန်လည်ထုတ်ပေးမည်မဟုတ်ပါ။

မှတ်ချက်။      အသေးစိတ်သိရှိလိုပါက ၀၆၇-၄၃၀၅၇၁/၀၆၇-၄၃၀၅၉၆ သို့ ဆက်သွယ်စုံစမ်းနိုင်ပါ သည်။

မူပိုင်ခွင့်ဦးစီးဌာန

 

 

 

နောက်ဆုံးရသတင်းများ

Pages