"အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ်"ရေးဆွဲရေးအတွက် သတ္တမအကြိမ် လုပ်ငန်းအဖွဲ့အဆင့် ညှိနှိုင်းအစည်းအဝေး တက်ရောက်ခြင်း

Tue, 06/14/2022 - 06:45 -- competition

"အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ်" ရေးဆွဲရေးအတွက် လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေးများကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကျင်းပဆွေးနွေးခဲ့ကြရာ သတ္တမအကြိမ် အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့ (အင်္ဂါနေ့) မြန်မာစံတော်ချိန် နံနက် (၀၈:၃၀) နာရီအချိန်မှ ညနေ (၁၆:၀၀) နာရီအချိန်အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

ညှိနှိုင်းအစည်းအဝေးတွင် "အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ်" အတွက် လမ်းညွှန်အခြေခံမူများ(မူကြမ်း)၊ ထိုလမ်းညွှန်အခြေခံမူအပေါ်တွင် ထပ်မံဖြည့်စွက်လိုသည့်အချက်များနှင့် လုပ်ငန်းအစီအစဉ်တို့အပေါ် အဓိကထား ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးတွင် ဆွေးနွေးရရှိလာသည့် ဆွေးနွေးမှုရလဒ်များကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ အဖွဲ့အစည်းအကြီးအကဲများ အထူးအစည်းအဝေးတွင် တင်ပြအတည်ပြုချက် ရယူသွားမည် ဖြစ်ပါသည်။