နယ်စပ်ကုန်သွယ်မှု

Post date: 21/02/2012

ဖေဖော်ဝါရီ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်း မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်း၊ မြဝတီနဲ့ မြိတ်နယ်စပ် စခန်းများမှ  ကန်ဒေါ်လာ ၅ ဒသမ ၃၃၅ သန်း တန်ဖိုးရှိ ရေထွက်ကုန်  တန် ၅၇၀၀ ကျော်၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနဲ့ မောင်တောနယ်စပ်များမှ  ကန်ဒေါ်လာ ၀ ဒသမ ၄၁၄သန်း တန်ဖိုးရှိ ရေထွက်ကုန်  ၄၃၅ တန်ကျော် အပို့ရှိခဲ့ပါတယ်

Post date: 20/02/2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် နယ်စပ်မှ ဖေဖော်ဝါရီ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၀ ဒသမ ၃၀၄ သန်းတန်ဖိုးရှိ ကဏန်း ၆၆ တန်ခန့် အပို့ရှိခဲ့ရာ ယခင်အပတ်က ၃၃ တန်သာ အပို့ရှိခဲ့တာမို့ ၅၀ ရာခိုင် နှုန်းနီးပါး တင်ပို့မှု ပိုမိုခဲ့ပါတယ်

Post date: 20/02/2012

ငါးလုပ်ငန်းဦးစီးဌာနရဲ့ စာရင်းများအရ ဇန်နဝါရီလမှာ မောင်တောနယ်စပ်မှ ကန်ဒေါ်လာ ၀ ဒသမ ၇၈၁ သန်းတန်ဖိုးရှိ ရေထွက်ပို့ကုန် တန် ၅၆၀ နီးပါး တင်ပို့နိုင်ခဲ့ပြီၤး ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလအထိ ၁၀ လ တာကာလမှာ တော့ ကန်ဒေါ်လာ ၅ ဒသမ ၇၄ သန်းကျော် တန်ဖိုးရှိ ရေထွက်ကုန် တန် ၂၇၃၀ ကျော်တင်ပို့ ထားပြီးဖြစ်တယ်လို့

Post date: 20/02/2012

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်နဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်တို့မှ ကန်ဒေါ်လာ သုည ဒသမ ၀၁၁ သန်းတန်ဖိုးရှိ နနွင်းတက် ၆ တန်ကို ဖေဖော်ဝါရီ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်း အပို့ရှိခဲ့ပါတယ်

Post date: 13/02/2012

ဖေဖော်ဝါရီလ ၁ ရက်မှ ၇ ရက်ထိကာလအတွင်း ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနယ်စပ်ရှိ နယ်စပ်ကုန်သွယ်ရေး စခန်း များမှ ရေထွက်ကုန်တင်ပို့မှု တန် ၃၄၂၀ ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၆၇၉ သန်းဖိုး အပို့ရှိခဲ့ပါတယ်။ နယ်စပ် အလိုက်တင်ပို့နိုင်မှုတွေကတော့

Post date: 13/02/2012

ဖေဖော်ဝါရီလ ၁ ရက်မှ ၇ ရက်ထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နဲ့ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ၀၇၇ သန်းတန်ဖိုးရှိ ဆန်နဲ့ ဆန်ကွဲ တန် ၉၉၈၀ ကျော် အပို့ရှိခဲ့ပါတယ်။
နယ်စပ်အလိုက်တင်ပို့မှုတွေကတော့

Post date: 13/02/2012

ဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက်ထိ ကာလအတွင်း ကော့သောင်းနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၄၈ သန်း တန်ဖိုးရှိ နို့ဆီ တန် ၅၀ (၂၇၁၀ တာ)၊ ကန်ဒေါ်လာ သုည ဒသမ ၁၅၁ သန်း တန်ဖိုးရှိ နို့စိမ်း ၁၅၇ တန် (၈၃၀၀ တာ) နဲ့ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၈၅ သန်းတန်ဖိုးရှိ

Post date: 30/01/2012

ဇန်နဝါရီလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ ကန်ပိုက်တီးစခန်းမှ တစ်ရှူးငှက်ပျော တန် ၂၀ ဒေါ်လာ ၂၄၃၆ ဖိုး၊ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်မှ ဖရဲသီး ၅၅၄၈ တန်ကျော်၊ တန်ဖိုးဒေါ်လာ သုညဒသမ ၈၇၆ သန်းဖိုးကို တစ်ဖက်နိုင်ငံကို တင်ပို့နိုင်ခဲ့ပါတယ်။ တစ်ရှူး ငှက်ပျောရော၊ ဖရဲသီးပါ ယခင်အပတ်ထက်

Post date: 30/01/2012

မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်နယ်စပ်ကနေ အေးခဲအမဲသား ၄၀၅ တန်ကျော် တန်ဖိုးဒေါ်လာ ၁ ဒသမ ၆၀၈ သန်းဖိုးကို ဇန်နဝါရီလ ၁၈ ရက်မှ ၂၄ ရက် အတွင်း တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်ကထက်တော့ တန် ၁၀၀ ကျော် လျော့နည်းတင်ပို့ခဲ့တာ တွေ့ရပါတယ်။
MIRT(DOBT)

Post date: 30/01/2012

မြန်မာ - အိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ်နဲ့ မြန်မာ - ဘင်္ဂလားဒေရှ့်နယ်စပ်ရှိ စစ်တွေစခန်းတို့မှ  ဇန်နဝါရီလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်း ကွမ်းသီး ၂၄ တန်ကျော် တန်ဖိုးဒေါ်လာ သုည ဒသမ ၀၂၈ သန်းဖိုး တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ယခင်အပတ်ထက် ၉ တန် လျော့နည်းတင်ပို့ခဲ့တာ တွေ့ရပါတယ်။
MIRT(DOBT)

Pages