ပြည်အာလူး ဈေးငြိမ်နေ

Wed, 02/02/2022 - 09:14 -- admin_ygn

ပြည်ဈေးကွက်ရှိ အာလူးပွဲရုံများသို့ ရှမ်းပြည်နယ် အောင်ပန်း၊ တောင်ကြီးမှ ရှမ်းအာလူးများအဝင်ရှိသကဲ့သို့ မန္တလေးဘက်မှလည်း တရုတ်အာလူးများ အဝင်ရှိ ကြောင်း သိရသည်။ ပြည်ဈေးကွက်သို့ တစ်ရက်လျှင် အိတ် ၁၀ဝခန့် နေ့စဉ်အဝင် ရှိသည်။ ယခင်တစ်ပတ်က ပွဲရုံလက်ကျန်အာလူးများ အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားပြီး အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။ယခင်တစ်ပတ်က အာလူး တစ်ပိဿာလျှင် လက်ကားဈေး ကျပ် ၂၀ဝ၀ မှ ၂၃၀ဝကြား၊ လက်လီဈေး ကျပ် ၂၅၀ဝ ဈေးရှိခဲ့ပြီး ယခုတစ်ပတ်တွင် တရုတ်အာလူး ပွဲရုံဈေး လက်ကား တစ်ပိဿာလျှင် ကျပ် ၂၂၀ဝ၊ လက်လီဈေး တစ်ပိဿာလျှင် ကျပ် ၂၅၀ဝ ဈေးဖြင့် ယခုတစ်ပတ်မှာလည်း အာလူးဈေးငြိမ်၍ ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိသည်။                                                                      
ဆုမွန်ဆွေ(ပြည်)