ဈေးအနည်းငယ်ကျနေသည့် ပြည်ကြက်သွန်ဖြူ

Thu, 07/30/2020 - 09:03 -- admin_ygn

ယခုတစ်ပတ်အတွင်း ပြည်ပွဲရုံများတွင် ကြက်သွန်ဖြူများ အရောင်းအဝယ်အေးပြီး   ဈေးအနည်းငယ်ကျနေသည်ကို တွေ့ရသည်။ အဝင်ပုံမှန်ဝင်ရောက်နေပြီး ခရိုင်တွင်း  အရောင်းအဝယ်သာရှိနေသည်။ ယခုတစ်ပတ် ကြက်သွန်ဖြူဈေးနှုန်းမှာ တစ်ပိဿာလျှင် (ပွဲရုံဈေး)ရှမ်းစမှာ ကျပ် ၁၇၀ဝ၊ ၂၀ဝ၀၊ ၂၂၀ဝ ဈေးတို့နှင့် (ကြူကုတ်စ)မှာကျပ် ၁၆၀ဝ ဈေးတို့ဖြင့် ရောင်းဝယ် လျက်ရှိနေသည်။ ဒေသတွင်းလက်လီဈေးများတွင် (ရှမ်းစ) ကျပ် ၂၅၀ဝ၊ ၃၀ဝ၀၊ ၃၅၀ဝ ဈေးနှင့် (ကြူကုတ်စ) ဈေးမှာ  ကျပ် ၁၈၀ဝ၊ ၂၀ဝ၀ ဈေးတို့ဖြင့် ရောင်းချနေတာတွေ့ရသည်။ တစ်ပတ်တွင်း ကြက်သွန်ဖြူအိတ် ၈၀ နီးပါးခန့်သာ အရောင်းအဝယ်ဖြစ်ကြောင်းလည်း သိရသည်။                                         

       နီနီဝင်း(ပြည်)

Local Trade News

Pages