အိန္ဒိယ၏ပြည်ပကုန်သွယ်မှုများအတွက် ဒေါ်လာနှင့်ယွမ်ငွေထက် ယူအေအီး၏ ဒိုင်ယာဟမ်ငွေကြေးအသုံးပြုခြင်းကို ပို၍ဦးစားပေးမည်

Tue, 03/28/2023 - 09:10 -- Dotbilateral

     ရုရှား၏ အိမ်နီးချင်းနိုင်ငံများနှင့် ကာလ ရှည်ကြာ နိုင်ငံရေးသဘောထားကွဲလွဲမှုများကြောင့် အိန္ဒိယနိုင်ငံအနေဖြင့် ရုရှားသွင်းကုန်များအတွက် ကုန်ဖိုးငွေများပေးချေရာတွင် တရုတ်ယွမ်ငွေ (RMB)အသုံးမပြုရန် အိန္ဒိယဘဏ်များနှင့်ကုန်သည်များအား အိန္ဒိယအစိုးရက မှာကြားထားကြောင်း အဆိုပါမူဝါဒချမှတ်ရာတွင်ပါဝင်သည့် အစိုးရအရာရှိသုံးဦးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ရင်းမြစ်နှစ်ခုက ပြောကြားခဲ့သည်။

     ထို့အပြင် ရုရှားနိုင်ငံထွက်ရေနံနှင့်စျေးလျှော့ပေးထားသည့်ကျောက်မီးသွေးများကို အများဆုံး ဝယ်သူဖြစ်သည့် အိန္ဒိယနိုင်ငံသည် နယူးဒေလီတွင် ကုန်ဖိုးငွေများပေးချေရာ၌ ယွမ်ငွေ (RMB) ဖြင့် ပေးချေခြင်းထက် UAE နိုင်ငံ၏ ငွေကြေးဖြစ်သော ဒိုင်ယာဟမ် (Dirham) ဖြင့် အသုံးပြုပေးချေခြင်းက ပိုမိုအဆင်ပြေကြောင်း ပြောကြားခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ရခြင်းမှာ အိန္ဒိယနှင့်တရုတ်အကြား ဆက်ဆံရေးတိုးတက်လာခြင်း မရှိသေးသော လက်ရှိကာလအတွင်း အိန္ဒိယနိုင်ငံအနေဖြင့် ယွမ်ငွေကြေး (RMB) ဖြင့် ကုန်သွယ်မှုဆောင်ရွက်ရန်ခွင့် မပြုနိုင်ခြင်းကြောင့်ဖြစ်သည်။ အိန္ဒိယရေနံချက်လုပ်သူများအနေဖြင့် ရုရှားနိုင်ငံရှိ Vostro Rubles ငွေစာရင်းရှိရူဘယ် (Rubles) ငွေကြေးကို အသုံးပြု၍ အိန္ဒိယအစိုးရ ဘဏ်မှတစ်ဆင့် ငွေပေးချေမှုများကို ဆောင်ရွက်လျက်ရှိပါသည်။

     သို့သော်လည်းနှစ်နိုင်ငံအကြားတွင် ငွေကြေးမူဘောင်တစ်ခု အပြီးသတ်လုပ်ဆောင်နိုင်ခြင်း မရှိသေးသောကြောင့် ရူဘယ်(Rubles) အချို့ကိုသာ လွဲပြောင်းအသုံးပြုနိုင်သေးပြီး အိန္ဒိယနိုင်ငံအနေဖြင့် ကုန်သွယ်မှုလုပ်ငန်းအများစုအား အခြားငွေကြေးများဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိ နေပါသည်။

     ယင်းအချက်သည် အထွေထွေအကျပ်အတည်းများအပါအဝင် အမေရိကန်ဒေါ်လာနှင့် ယူရို ငွေကြေး(EURO)အပေါ် ယုံကြည်မှုကင်းမဲ့စေခြင်းကို ဖြစ်ပေါ်လာစေပြီး အာရှနိုင်ငံများ၏ ငွေကြေးများအပေါ် သက်ရောက်မှုများစွာရှိနေပါသည်။ တဖက်မှလည်း ယွမ်ငွေအသုံးပြုမှု ကြီးထွားလာခြင်းသည် အံ့ဩစရာမဟုတ်ဘဲ ထိုသို့ကြီးထွားလာမှုကို နိုင်ငံအများစုမှ စီမံကိုင်တွယ်သွားမည်ဖြစ်ပါသည်။ ယူအေအီး၏ ဒိုင်ယာဟမ် (Dirham) ငွေကြေးကို ယွမ်ငွေ၏ “အရန်ငွေ” အဖြစ် သတ်မှတ်ခြင်းမှာ စိတ်ဝင်စားစရာကောင်းသော တိုးတက်မှုတစ်ခု ဖြစ်လာသည်။

Source;https://www.india-briefing.com/news/india-states-preference-for-uae-dirham-international-trade-settlements-ahead-of-us-dollar-chinese-rmb-yuan-27413.html/

International Trade News

Pages