ဗြိတိန်နိုင်ငံ၏ စီးပွားရေးကျဆင်းမှုအလားအလာသည် ရုရှားနိုင်ငံကဲ့သို့ ဖြစ်လာနိုင်သည်ဟု စီးပွားရေးပညာရှင် များခန့်မှန်း

Tue, 01/24/2023 - 07:12 -- wtodep

ဗြိတိန်နိုင်ငံ၏ GDP သည် ၂၀၂၃ ခုနှစ်အတွင်း ၁.၂ % ကျဆင်းနိုင်သည့် အလားအလာရှိပြီး အခြားသော G-10 (Group of Ten) အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးအခြေအနေအောက်သို့ ရောက်ရှိနိုင်ကြောင်း၊ သို့သော် ၂၀၂၄ ခုနှစ်တွင်း ၀.၉ % သို့ ပြန်လည်တိုး တက်လာနိုင်ကြောင်း Goldman Sachs အုပ်စု၏ ခန့်မှန်းချက်ကို CNBC သတင်းဌာနက ဖော်ပြထားပါသည်။ ဆက်လက်၍ ရုရှားနိုင်ငံ စီးပွာရေးသည် ၂၀၂၃ ခုနှစ်တွင် ၁.၃ % လျော့နည်းလာနိုင်ပြီး ၂၀၂၄ ခုနှစ်တွင် ၁.၈ % ပြန်လည်တိုး တက်လာနိုင်ကြောင်းနှင့် ဗြိတိန်နိုင်ငံ သည် ရုရှားနိုင်ငံကဲ့သို့ ဖြစ်လာနိုင်ကြောင်း Goldman figures က အဆိုပြုထားသည်။

အမေရိကန်နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၃ ခုနှစ်တွင် ၁ % တိုးတက်လာနိုင်ပြီး ၂၀၂၄ ခုနှစ်တွင် ၁.၆ % တိုးတက်နိုင်ကြောင်း၊ ရုရှားနိုင်ငံနှင့် ဗြိတိန်နိုင်ငံ၏နောက်တွင် ဂျာမနီနိုင်ငံကပ်လိုက်ပြီး ၎င်း၏ စီးပွားရေးသည် ၂၀၂၃ ခုနှစ်တွင် ၀.၆ % ကျဆင်းနိုင်ပြီး ၂၀၂၄ ခုနှစ်တွင် ၁.၄ % ပြန်လည်တိုးတက် နိုင်ကြောင်း The Wall Street က ခန့်မှန်ထားသည်။

ဗြိတိန်နိုင်ငံသည် လာမည့်နှစ်များတွင် အခြားဖွံ့ဖြိုးပြီးနိုင်ငံများ၏နောက်၌ သိသာစွာနောက်ကျကျန်နိုင်ကြောင်း စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (The Organization for Economic Cooperation and Development) ကလည်း ခန့်မှန်း ထားသည်။

ဥရောပနှင့် ဗြိတိန်တို့တွင် အိမ်ထောင်စုအလိုက် စွမ်းအင်အသုံးစရိတ်မြင့်မားလာခြင်းကြောင့် ငွေကြေးဖောင်းပွမှု ပိုမိုမြင့်မားလာပြီး စီးပွားရေးကျဆင်းနေပြီဖြစ်ကြောင်း၊ အခြားတစ်ဖက်၌ ငွေကြေးဖောင်းပွမှုမြင့်မာခြင်းသည် ဝင်ငွေ၊ သုံးစွဲမှုနှင့် စက်မှုထုတ်လုပ်မှုများ အပေါ်တွင် အကျိုးသက်ရောက်မှုရှိလာကြောင်း၊ ထို့ကြောင့် ၂၀၂၃ ခုနှစ်၊ ပထမလေးလပတ်မှ ဒုတိယလေးလပတ်အထိ ဥရောပတွင် အမှန်ဝင်ငွေ၏ ၁.၅ % နှင့် ဗြိတိန်တွင် ၃ % ကျဆင်းနိုင်ကြောင်း Goldman ခေါင်းဆောင် စီးပွားရေးပညာရှင် Jan Hatzius နှင့်အဖွဲ့မှ သုံးသပ်ခဲ့ပါသည်။

ဗြိတိန်နိုင်ငံ၏ ရသုံးခန့်မှန်းခြေဆိုင်ရာ ပုဂ္ဂလိကရုံး (Independent Office for Budget Responsibility) က ခန့်မှန်းချက်အရ  ဗြိတိန်နိုင်ငံသည် လက်ရှိတွင် လူနေမှုအဆင့်အတန်း သိသိသာသာကျဆင်းနေပြီး မှတ်တမ်းများအရ ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ လူနေမှုအဆင့်အတန်း ၄.၃ % ကျဆင်း နိုင်ကြောင်း သိရှိရပါသည်။

ဗြိတိန်နိုင်ငံ၏ သုံးစွဲမှုရပ်တန့်နေခြင်းသည် ငွေကြေးဖောင်းပွခြင်းနှင့် အတိုးနှုန်းမြင့်မားခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ ငွေကြေးဖောင်းပွမှု လျှော့ကျစေရေးအတွက် ဗဟိုဘဏ်သည် ၂၀၂၃ ခုနှစ်၊ ပထမသုံးလပတ်အတွင်း ဘဏ်အတိုးနှုန်း ၄ % တိုးမြှင့်သင့်ကြောင်း၊ ဗြိတိန် နိုင်ငံ၏အလုပ်သမားဈေးကွက်သည် ၂၀၂၃ ခုနှစ်၊ ပထမနှစ်ဝက်မှ စတင်ဆိုးရွားလာ၍ ၂၀၂၄ ခုနှစ်၏ နှစ်ဝက်တွင် အလုပ်လက်မဲ့နှုန်း ၅.၆% ဖြင့် လူဦးရေ ၆၈၀,၀၀၀ ခန့် အလုပ်လက်မဲ့ ဖြစ်လာနိုင်ကြောင်း အတိုင်ပင်ခံကုမ္ပဏီ KPMG မှ စီးပွားရေးပညာရှင်များက ခန့်မှန်းခဲ့သည်။

စားနပ်ရိက္ခာနှင့် စွမ်းအင်ဈေး ကြီးမြှင့်မှု၊ ငွေကြေးဖောင်းပွမှုနှုန်းမြင့်မားလာခြင်းနှင့် ဝင်ငွေနည်းပါးခြင်းတို့ကြောင့် အိမ်ထောင်စုအလိုက် ဝယ်ယူမှုကျဆင်းနေကြောင်း၊ စားသုံးသူများသည် အပြင်ထွက်စားခြင်းနှင့် ဖျော်ဖြေရေးကဲ့သို့သော အိမ်ထောင်စုများအတွက် မရှိမ ဖြစ်လိုအပ်သော အသုံးစရိတ်မဟုတ်သည့်အမျိုးအစားများကို သိသိသာသာလျှော့ချမည်ဟု မျှော်လင့်ကြောင်း KPMG မှ စီးပွားရေးပညာရှင်ခေါင်းဆောင် Yael Selfim ကပြောကြားခဲ့သည်။

ယူကရိန်းစစ်ပွဲ ဖြစ်ပွားခဲ့ခြင်း၊ တရုတ်နိုင်ငံ၏ Covid – 19 ကပ်ရောဂါအကာအကွယ်ပေးမှု အစီအမံများနှင့် ထောက်ပံ့မှုဆိုင်ရာ အခက်အခဲများနှင့်အတူ ဗြိတိန်နိုင်ငံသည် ကာလရှည်ပေါ်ပေါ်နေသော အလုပ်သမားဈေးကွက်ဆိုင်ရာ အကျပ်အတည်းအပါအဝင် ပြည်တွင်းအခက်အခဲများနှင့်လည်း ရင်ဆိုင်နေရသည်။ ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံခွဲထွက်ရေး (Brexit) ရလဒ်ကြောင့် ဗြိတိန်နိုင်ငံ၏ ကုန်သွယ်မှု သိသိသာသာကျဆင်းနေခြင်းကို ကြုံတွေ့နေရကြောင်း Goldman Hatzius က ပြောကြားခဲ့ပါသည်။

Source: https://www.cnbc.com/2023/01/04/the-uk-recession-will-be-almost-as-deep-as-that-of-russia-economists-predict.html

International Trade News

Pages