သတင်းများ

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု(လှည်းကူး)ရှိ ဓာတ်ခွဲခန်း အလိုက် နိုဝင်ဘာလအတွင်း ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်ခဲ့မှု အခြေအနေ

Mon, 12/18/2023 - 04:35 -- comsumer
Undefined

       စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲ ရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး) ၏ ဓာတ်ခွဲခန်းများမှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း လုပ်ငန်းရှင်ပေါင်း(၃၆)ဦးက အပ်နှံလာသော သီးနှံအမျိုးအစား(၁၂)မျိုး၊ စုစုပေါင်းနမူနာအရေအတွက် (၇၂) ခု၊ ဓာတ်ခွဲစမ်းသပ်မှုပေါင်း (၂၁၇) ခုကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။

         ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း လယ်ယာထွက်ကုန်ပို့ကုန်များအား ဂျပန်၊ အင်ဒိုနီးရှား နှင့် နယ်သာလန်နိုင်ငံများသို့ တင်ပို့နိုင်ရေးအတွက် နှမ်းနက်(သိပ္ပံ)၊ မုယောစေ့၊ ပဲလွန်း၊ ပဲတီစိမ်း၊ ဆန်ဖြူ၊ ဆန်ကွဲ၊ ပဲပိစပ်မှုန့်၊ မတ်ပဲ၊ ပဲယင်းနီ၊ ဆန်ကွဲဖတ်နှင့် တိရစ္ဆာန်အစာတို့၏ ရူပနှင့် ဓာတု အရည်အသွေး၊ ပိုးသတ်ဆေးကြွင်းပါရှိမှု၊ မှိုဆိပ်ပါရှိမှုစသည့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းကို လည်းကောင်း၊ ပြည်ပနိုင်ငံများမှ တင်သွင်းလာသည့် စားအုန်းဆီများ၏ အရည်အသွေးများကို လည်းကောင်း ဓာတ်ခွဲစမ်းသပ်ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

     ဓာတ်ခွဲခန်းအလိုက် ဓာတ်ခွဲစမ်းသပ်မှုအနေဖြင့် ပိုးသတ်ဆေးကြွင်းဆိုင်ရာ ဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု (၃၇) ခု၊  မှိုဆိပ်ဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု (၇) ခု၊ ဆီနှင့်ဆီထွက် သီးနှံဓာတ်ခွဲခန်းမှဓာတ်ခွဲစမ်းသပ်မှု(၁၃၁)ခုနှင့်သီးနှံ(ဓာတု)ဓာတ်ခွဲခန်းမှဓာတ်ခွဲစမ်းသပ်မှု(၄၁)ခု၊ သီးနှံ(ရူပ) ဓာတ်ခွဲခန်းမှ (၁)ခု၊ စုစုပေါင်း ဓာတ်ခွဲစမ်းသပ်မှု (၂၁၇) ခု ဆောင်ရွက်နိုင်ခဲ့ပါသည်။

Latest News: 

(၇၁) ကြိမ်မြောက် အာဆီယံမူပိုင်ခွင့်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း အဖွဲ့အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခြင်း

Wed, 11/08/2023 - 09:47 -- ipICTdep
Myanmar

နေပြည်တော်၊ နိုဝင်ဘာလ

   အင်ဒိုနီးရှားနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့မှ ၁၀ ရက်နေ့အထိ hybrid စနစ်ဖြင့်ကျင်းပပြုလုပ်မည့် “(၇၁) ကြိမ်မြောက် အာဆီယံမူပိုင်ခွင့်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများ (71st Meeting and Related Meetings  of the ASEAN Working Group on Intellectual Property Cooperation – AWGIPC)”သို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့က virtual စနစ်ဖြင့် ပါဝင်တက်ရောက်လျက်ရှိပါသည်။

   အဆိုပါ အစည်းအဝေးကို အာဆီယံနိုင်ငံများအကြား မူပိုင်ခွင့်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် သိရှိပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး အာဆီယံနိုင်ငံများရှိ မူပိုင်ခွင့်ရုံးများမှ ညွှန်ကြားရေးမှူးချုပ်များ ဦးဆောင်သည့် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြပါသည်။ အစည်းအဝေးတွင် အာဆီယံစီးပွားရေးအသိုက်အဝန်းပါ အာဆီယံ မူပိုင်ခွင့်ဆိုင်ရာလုပ်ငန်းစီမံချက် (၂၀၁၆-၂၀၂၅)အရ အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများ၊ ဦးစားပေးလုပ်ငန်းများ သတ်မှတ်ခြင်းနှင့် ၂၀၂၅ အလွန်ကာလများအတွက် အာဆီယံမူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းစီမံချက်များကို ပြုစုခြင်းများအပါအဝင် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးသွားကြမည်ဖြစ်ပြီး၊ ဆွေးနွေးမှုမိတ်ဖက်နိုင်ငံများနှင့်လည်း မူပိုင်ခွင့်ပူးပေါင်းဆောင်ရွက်မှုများအပေါ် ဆက်စပ်အစည်းအဝေးများကိုလည်း တစ်ဆက်တည်းပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ အာဏာတည်သည့်နေ့ရက် သတ်မှတ်ခြင်း အမိန့်ကြော်ငြာစာ

Fri, 10/20/2023 - 06:10 -- ipICTdep
Myanmar
Latest News: 
Latest New တင္ရန္

စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ အာဏာတည်သည့်နေ့ရက် သတ်မှတ်ခြင်း အမိန့်ကြော်ငြာစာ

Thu, 10/19/2023 - 05:48 -- ipICTdep
Myanmar
Latest News: 
Latest New တင္ရန္

စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်း ၁/၂၀၂၃ ဖွင့်လှစ်ခြင်း အသိပေးကြေညာချက်

Mon, 10/16/2023 - 07:13 -- ipICTdep
Myanmar
Latest News: 
Latest New တင္ရန္

စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်း (၁/၂၀၂၃) သင်တန်းသားခေါ်ယူခြင်း

Wed, 10/04/2023 - 09:40 -- ipICTdep
Myanmar

စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်း (/၂၀၂၃)” ကို WIPO FILE User Account ပိုင်ရှင်များနှင့် မူပိုင်ခွင့်ဆိုင်ရာကိုယ်စားလှယ်အဖြစ် ဆောင်ရွက်လိုသူများအတွက် အောက်ပါအစီအစဉ်အတိုင်း ကျင်းပသွားမည်ဖြစ်ပါသည်။

သင်တန်း နေ့ရက်အချိန်နေရာ

      သင်တန်းနေ့ရက်         -    (၂၃-၁၀-၂၀၂၃) ရက်နေ့မှ (၂၇-၁၀-၂၀၂၃)ရက်နေ့ထိ၊ (၅) ရက်

      သင်တန်းအချိန်           -   နေ့စဉ် ( ၀၉:၃၀ )မှ ( ၁၅:၀၀ )နာရီအထိ

      သင်တန်းနေရာ            -   ရုံးအမှတ် (၅၂)၊ မူပိုင်ခွင့်ဦးစီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန

      သင်ကြားမည့်စနစ်       -   Virtual Online (Zoom Meeting)

လျှောက်လွှာလက်ခံမည့်နေ့ရက်နှင့်သင်တန်းကြေး

           သင်တန်းလျှောက်လွှာ Form လက်ခံခြင်း            -     (၄-၁၀-၂၀၂၃) မှ (၁၁-၁၀-၂၀၂၃)ထိ

           သင်တန်းကြေးပေးသွင်းရမည့်ရက်                     -     (၄-၁၀-၂၀၂၃) မှ (၁၃-၁၀-၂၀၂၃)ထိ

           သင်တန်းတက်ရောက်ခွင့်ရသူများစာရင်း             -     (၁၈-၁၀-၂၀၂၃) မှ (၁၉-၁၀-၂၀၂၃)ထိ

           ထုတ်ပြန်ကြေညာမည့်ရက်

           သင်တန်းကြေး                                              -     ၃၀၀,၀၀၀ (သုံးသိန်းကျပ်တိတိ)

           မှတ်ချက်။     သင်တန်းကြေးအား မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ဖွင့်လှစ် ထားသည့် မူပိုင်ခွင့်ဦးစီးဌာန၏ MD-014366 သို့ ပေးသွင်းရန်။

လျှောက်ထားခြင်းငွေသွင်းခြင်းလုပ်ငန်းအဆင့်ဆင့်

  • လျှောက်လွှာပုံစံအား ipd.gov.mm တွင် Download ရယူ၍ ipdtraining [email protected] သို့ ပေးပို့လျှောက်ထားရမည်။
  • သင်တန်းတက်ရောက်ခွင့်ရရှိမှုအား ipd.gov.mm တွင် ကြေညာမည်ဖြစ်ပါသည်။
  • အခြားသော သင်တန်းဆိုင်ရာကိစ္စရပ်များကို လျှောက်ထားသူ၏ လျှောက်လွှာပါ
    e-mail သို့ ဆက်သွယ်ပေးမည်ဖြစ်ပါသည်။
  • သင်တန်းလျှောက်လွှာပေးပို့ပြီးပါက မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ဖွင့်လှစ် ထားသည့် မူပိုင်ခွင့်ဦးစီးဌာန၏ MD-014366 သို့ သင်တန်းကြေးပေးသွင်းရမည်။
  • သင်တန်းကြေးပေးသွင်းပြီး Bank Receipt ၏ Scanned Copy အား PDF Format or Photo ဖြင့် လျှောက်လွှာပေးပို့ခဲ့သည့် E-mail မှ [email protected] သို့ ပေးပို့ရမည်။
  • သင်တန်းကြေးပေးသွင်းမှုစိစစ်ပြီးပါက Zoom ID & Password များအား လျှောက်ထား သူ၏ လျှောက်လွှာပါ E-mail သို့ ပေးပို့မည်ဖြစ်ပါသည်။

 

စည်းကမ်းချက်များ

  • သတ်မှတ်ရက်ကျော်လွန်၍ လျှောက်ထားလာသည့် လျှောက်လွှာများအား လက်ခံခြင်း မပြုပါ။
  • လျှောက်လွှာတွင်ပါရှိသော သတ်မှတ်ထားသော အချက်အလက်များအား ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းရမည်ဖြစ်ပါသည်။
  • သတ်မှတ်သင်တန်းသားဦးရေထက် ကျော်လွန်ပါက နောင်ဖွင့်လှစ်မည့် သင်တန်းတွင် ဦးစားပေးတက်ရောက်ခွင့် ရရှိမည်ဖြစ်ပါသည်။
  • သင်တန်းအား အချိန်ပြည့်ပြီးဆုံးအောင် တက်ရောက်ရမည်ဖြစ်ပြီး အရည်အချင်းစစ် စာမေးပွဲကိုလည်း ဖြေဆိုရမည်ဖြစ်ပါသည်။
  • သင်တန်းအား အချိန်ပြည့်ပြီးဆုံးအောင် တက်ရောက်ပြီး စာမေးပွဲအောင်မြင်သူများကိုသာ သင်တန်းဆင်းလက်မှတ် ထုတ်ပေးမည် ဖြစ်ပါသည်။
  • သင်တန်းကြေးအား သတ်မှတ်သည့်နေ့ရက်အတွင်း ပေးသွင်းခြင်းမရှိလျှင် သင်တန်းသား အဖြစ် မှတ်ယူမည်မဟုတ်ပါ။
  • သင်တန်းကြေးပေးသွင်းပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် သင်တန်းမတက်ရောက် နိုင်လျှင်ဖြစ်စေ၊ သင်တန်းတက်ရောက်ဆဲ ပျက်ကွက်လျှင်ဖြစ်စေ ပေးသွင်းပြီးထားသော သင်တန်းကြေးအား ပြန်လည်ထုတ်ပေးမည် မဟုတ်ပါ။

မှတ်ချက်။ အသေးစိတ် သိရှိလိုပါက ၀၆၇-၄၃၀၅၇၁ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

မူပိုင်ခွင့်ဦးစီးဌာန

 

စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာကိုယ်စားလှယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၃)  သင်တန်းဝင်ခွင့်လျှောက်လွှာပုံစံ ကို အောက်ပါ link တွင် ဝင်ရောက် download ရယူနိုင်ပါသည်။

https://www.ipd.gov.mm/news-and-resources/news/news/post-64

Latest News: 
Latest New တင္ရန္

စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

Fri, 09/29/2023 - 16:35 -- ipICTdep
Myanmar

နေပြည်တော်၊  စက်တင်ဘာလ  ၂၈

   စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို စက်တင်ဘာလ ၂၈ ရက်နေ့၊  နံနက် ၁၀ နာရီခွဲအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ်(၅၂)၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပရာ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

   အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ တက္ကသိုလ်/ကောလိပ် များမှ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ကိုယ်စားလှယ်များ စုစုပေါင်း ( ၁၅၀ ) ဦးခန့်  တက်ရောက်ခဲ့ ကြသည်။

   ဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ မူပိုင်ခွင့်ဥပဒေများအား ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အသိပညာပေး ဆွေးနွေးပွဲများ ကျင်းပပြုလုပ်မည့် စီမံချက်များရေးဆွဲ၍ ဆောင်ရွက်လျက်ရှိရာ ပထမအကြိမ် စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ဩဂုတ်လတွင် သက်ဆိုင်ရာ ဝန်ကြီး ဌာနများနှင့် စာပေနှင့်အနုပညာဆိုင်ရာ အဖွဲ့အစည်းများသို့ အသိပညာပေးနိုင်ခဲ့ပါကြောင်း၊ ယခုဆွေးနွေးပွဲသည် ဒုတိယအကြိမ်ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ မေလ ၂၄ ရက် နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေသည် ၂၀၂၃ ခုနှစ်၊ အောက်တို ဘာလတွင် အာဏာသက်ဝင်မည်ဖြစ်သည့်အတွက် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေကို သိရှိ နားလည်ပြီး ဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း လိုက်နာကျင့်သုံးနိုင်စေရန် ရည်ရွယ်၍ကျင်းပခြင်း ဖြစ်ပါကြောင်း၊ အသိပညာပေးဆွေးနွေးပွဲကို တက်ရောက်ခြင်းဖြင့် စာပေနှင့်အနုပညာလက်ရာများကို အသုံးပြုရာတွင် မူပိုင်ခွင့်ပိုင်ရှင်၏ ခွင့်ပြုချက်နှင့် အခကြေးငွေပေးရန်မလိုဘဲ ကန့်သတ်ချက်၊ ကင်းလွတ်ချက်ဖြင့် အသုံးပြုနိုင်မည့် အခြေအနေများ၊ မူပိုင်ခွင့်ချိုးဖောက်သည့်အပြုအမူများကိုလည်း သိရှိနိုင်မည်ဖြစ်ပါကြောင်းနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေပါ ပြဋ္ဌာန်းချက်များကို သိရှိနားလည်၍ လိုက်နာကျင့်သုံးကြရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။

   ဆက်လက်၍ စာပေနှင့်အနုပညာမူပိုင်ခွင့်ဌာနခွဲမှ ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူး ဒေါက်တာနွယ်ရီဝင်းက စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ သိကောင်းစရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက် လာကြသူများက သိရှိလိုသည်များကို မေးမြန်းခြင်းများအပေါ် ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူးက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

 

Latest News: 
Latest New တင္ရန္

အာရှတီထွင်မှုဆိုင်ရာရှေ့နေများအသင်း (APAA) မှကျင်းပသည့်  မြန်မာနိုင်ငံ၏ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ပါဝင်တက်ရောက်ခြင်း

Thu, 09/28/2023 - 09:30 -- ipICTdep
Myanmar

နေပြည်တော်၊ စက်တင်ဘာလ ၂၅

   အာရှတီထွင်မှုဆိုင်ရာရှေ့နေများအသင်း(APAA)မှ မြန်မာနိုင်ငံ၏ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုများနှင့်စပ်လျဉ်းသည့်ဆွေးနွေးပွဲကို ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့၊ နေ့လယ် (၂:၀၀) အချိန်၌ Virtual စနစ်ဖြင့် ကျင်းပခဲ့ရာ အဆိုပါဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ် တက်ရောက်၍ Keynote Speech ပြောကြားခဲ့ပါသည်။

   အဆိုပါဆွေးနွေးပွဲကို အာရှတီထွင်မှုဆိုင်ရာရှေ့နေ့များအသင်း(APAA)၏ အဖွဲ့ဝင်များအား မြန်မာနိုင်ငံတွင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများနှင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်အကာအကွယ်ပေးမှုဆိုင်ရာ ဆောင်ရွက်နေမှုအခြေအနေများကိုသိရှိစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။

   အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ မူပိုင်ခွင့်ဆိုင်ရာဆောင်ရွက်နေမှုအခြေအနေများ၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရမှတ်ပုံတင်ခြင်းစနစ်များ၊ စစ်ဆေးခြင်းစနစ်များနှင့် အရေးယူဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံဥပဒေအကျိုးဆောင်လုပ်ငန်းများမှ တာဝန်ရှိသူ ကိုယ်စားလှယ်များက ပါဝင်ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲသို့ (၉၇)ဦးခန့် ပါဝင်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

(၁၂)ကြိမ်မြောက်အာဆီယံမူပိုင်ခွင့် အရေးယူဆောင်ရွက်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ကွန်ရက် အစည်းအဝေးနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေဆိုင်ရာ တိုးတက်မှုများနှင့် အရေးယူဆောင်ရွက်မှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲသို့  မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခြင်း

Mon, 09/18/2023 - 09:46 -- ipICTdep
Myanmar

နေပြည်တော်၊ စက်တင်ဘာလ ၁၈

   ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် (၁၂) ကြိမ်မြောက် အာဆီယံမူပိုင်ခွင့် အရေးယူဆောင်ရွက်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ကွန်ရက်အစည်းအဝေးနှင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့မှ ၁၅ ရက် နေ့အထိကျင်းပပြုလုပ်သည့် အာဆီယံနှင့်အမေရိကန်တီထွင်မှုနှင့် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ရုံးတို့ ပူးပေါင်းဆောင်ရွက်သည့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေဆိုင်ရာ တိုးတက်မှုများနှင့် အရေးယူဆောင်ရွက်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့  မြန်မာနိုင်ငံမှ အရာထမ်းကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

   အဆိုပါအစည်းအဝေးနှင့်ဆွေးနွေးပွဲကို အာဆီယံဒေသတွင်း စာပေနှင့်အနုပညာ မူပိုင်ခွင့် ဥပဒေဆိုင်ရာ တိုးတက်မှုအခြေအနေများ၊ စာပေနှင့်အနုပညာ မူပိုင်ခွင့်မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ လိုအပ်ချက်များ၊ ဥပဒေအရအကျိုးသက်ရောက်မှုများ၊ မှတ်ဉာဏ်တုနည်းပညာ (Artificial Intelligence Technology) နှင့်စပ်လျဉ်း၍ မူဝါဒဆိုင်ရာကိစ္စရပ်များ၊ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ စာပေနှင့်အနုပညာမူပိုင်ခွင့် ချိုးဖောက်မှုများအား တိုက်ဖျက်ခြင်း၊ အငြင်းပွားမှုများအား  ဖြေရှင်းနိုင်ခြင်းဆိုင်ရာ  နည်းလမ်းများကို ဆွေးနွေးဖလှယ်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။

   အဆိုပါဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာနွယ်ရီဝင်းက မြန်မာနိုင်ငံ၏ စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို တင်ပြဆွေးနွေးခဲ့ပြီး  တက်ရောက်လာသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များကလည်း မိမိတို့နိုင်ငံအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Latest News: 
Latest New တင္ရန္

(၁၄) ကြိမ်မြောက် အာဆီယံနိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ မူပိုင်ခွင့်ရုံးတို့၏ ဌာနကြီးမှူးများ တွေ့ဆုံသည့် အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက

Mon, 09/18/2023 - 09:40 -- ipICTdep
Myanmar

နေပြည်တော်၊ စက်တင်ဘာ ၁၈

   တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့၌ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်မှ ၁၉ ရက်အထိ ကျင်းပပြုလုပ်သည့် (၁၄) ကြိမ်မြောက် အာဆီယံနိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ မူပိုင်ခွင့်ရုံးတို့၏ ဌာနကြီးမှူးများ တွေ့ဆုံသည့် အစည်းအဝေးသို့  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

  အာဆီယံနိုင်ငံများနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံ မူပိုင်ခွင့်ရုံးတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်စေရန်၊ ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အထောက်အပံ့ဖြစ်စေရန်အတွက် အပြန်အလှန်ဆွေးနွေးနိုင်စေရန်နှင့် အတွေ့အကြုံများ မျှဝေနိုင်စေရန် ရည်ရွယ်၍ အဆိုပါအစည်းအဝေးပွဲကို ကျင်းပခြင်းဖြစ်ပါသည်။

  အဆိုပါအစည်းအဝေးပွဲတွင် မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံ၏ မူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့ပြီး  တက်ရောက်လာသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ  မူပိုင်ခွင့်ရုံးတို့၏ ဌာနကြီးမှူးများမှလည်း မိမိတို့နိုင်ငံအလိုက်   အကောင်အထည်ဖော်ဆောင်ရွက်နေသည့် မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးတွင် အာဆီယံဒေသတွင်း မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အတွေ့အကြုံများကို ဖလှယ်နိုင်ခဲ့ပြီး ၊ ၂၀၂၃-၂၀၂၄ အာဆီယံ-တရုတ် မူပိုင်ခွင့်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးပွဲနှင့်တစ်ဆက်တည်း အာဆီယံ-တရုတ် မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဖိုရမ်သို့လည်း မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

Pages

Subscribe to RSS - သတင်းများ