အာရှတီထွင်မှုဆိုင်ရာရှေ့နေများအသင်း (APAA) မှကျင်းပသည့်  မြန်မာနိုင်ငံ၏ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ပါဝင်တက်ရောက်ခြင်း

Thu, 09/28/2023 - 09:30 -- ipICTdep

နေပြည်တော်၊ စက်တင်ဘာလ ၂၅

   အာရှတီထွင်မှုဆိုင်ရာရှေ့နေများအသင်း(APAA)မှ မြန်မာနိုင်ငံ၏ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုများနှင့်စပ်လျဉ်းသည့်ဆွေးနွေးပွဲကို ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့၊ နေ့လယ် (၂:၀၀) အချိန်၌ Virtual စနစ်ဖြင့် ကျင်းပခဲ့ရာ အဆိုပါဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ် တက်ရောက်၍ Keynote Speech ပြောကြားခဲ့ပါသည်။

   အဆိုပါဆွေးနွေးပွဲကို အာရှတီထွင်မှုဆိုင်ရာရှေ့နေ့များအသင်း(APAA)၏ အဖွဲ့ဝင်များအား မြန်မာနိုင်ငံတွင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများနှင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်အကာအကွယ်ပေးမှုဆိုင်ရာ ဆောင်ရွက်နေမှုအခြေအနေများကိုသိရှိစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။

   အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ မူပိုင်ခွင့်ဆိုင်ရာဆောင်ရွက်နေမှုအခြေအနေများ၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရမှတ်ပုံတင်ခြင်းစနစ်များ၊ စစ်ဆေးခြင်းစနစ်များနှင့် အရေးယူဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံဥပဒေအကျိုးဆောင်လုပ်ငန်းများမှ တာဝန်ရှိသူ ကိုယ်စားလှယ်များက ပါဝင်ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲသို့ (၉၇)ဦးခန့် ပါဝင်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။