သတင်းများ

ဈေးနှုန်းတင်သွင်းလွှာများ ပေးသွင်းရန် ဖိတ်ခေါ်ခြင်း

Wed, 04/19/2023 - 10:19 -- ipICTdep
Myanmar
Latest News: 
Latest New တင္ရန္

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်မှတ်ပုံတင်လျှောက်ထားရန် ရက်ချိန်းရယူခြင်း” အတွက် အသိပေးကြေညာချက်

Sat, 04/01/2023 - 06:43 -- ipICTdep
Myanmar

 

 

                                                                            

Latest News: 
Latest New တင္ရန္

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအာဏာသက်ဝင်ခြင်းနှင့် စပ်လျဉ်းသည့်ဆွေးနွေးပွဲကို မန္တလေးမြို့၊ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) ခန်းမတွင် ကျင်းပ

Wed, 03/29/2023 - 09:48 -- ipICTdep
Myanmar

မန္တလေး၊ မတ်လ ၂၉

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအား စတင်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ရာ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အာဏာသက်ဝင်ခြင်းနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲကို၂၀၂၃ ခုနှစ်၊ မတ်လ (၂၉) ရက်နေ့ နံနက်  (၉ )နာရီခွဲအချိန်တွင် မန္တလေးမြို့၊ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်း (MRCCI) ခန်းမ၌ ကျင်းပခဲ့ပါသည်။

   အဆိုပါ ဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များနှင့် မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းအောက်ရှိ  ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

   အဆိုပါ ဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်က အဖွင့် အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ် က ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အာဏာသက်ဝင်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း၊ ညွှန်ကြားရေးမှူး ဒေါက်တာစိမ့်သန္တာထွန်းက အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာသိကောင်းစရာများ နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း၊ ညွှန်ကြားရေးမှူး ဒေါက်တာအေးသီရိဝေက အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းဆိုင်ရာ လျှောက်လွှာပုံစံများဖြည့်သွင်းခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း၊ AYA Bank နှင့် CB Bank တို့မှ တာဝန်ရှိသူများက အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာအခကြေးငွေ ပေးသွင်းခြင်းကိစ္စရပ်များ၊ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများနှင့်လုပ်ထုံးလုပ်နည်းများကို  အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းကြပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပါသည်။ ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ပါသည်။

Latest News: 
Latest New တင္ရန္

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ကျင်းပခဲ့သည့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအာဏာသက်ဝင်ခြင်းနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး တက်ရောက်၍ အဖွင့်အမှာစကားပြောကြား

Fri, 03/17/2023 - 09:30 -- ipICTdep
Myanmar

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင် စတင်အာဏာတည်မည့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲများကို တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် စဉ်ဆက်မပြတ် ကျင်းပလျက်ရှိရာ  ၂၀၂၃ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့က မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကုန်စည်ဒိုင် ခန်းမ၌ ကျင်းပခဲ့သည့်ဆွေးနွေးပွဲသို့ မွန်ပြည်နယ် အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၊ သက်ဆိုင်ရာ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ စုစုပေါင်း(၁၁၉)ဦး တက်ရောက်ခဲ့ကြသည်။

  ဆွေးနွေးပွဲတွင် မွန်ပြည်နယ်၊ အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး နိုင်လယိတမ က အဖွင့်အမှာစကားပြောကြားပြီး မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေအာဏာသက်ဝင်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း၊မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ စိမ့်သန္တာထွန်းက အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ သိကောင်းစရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ခြင်း၊ ညွှန်ကြားရေးမှူး ဒေါက်တာအေးသီရိဝေက အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ လျှောက်လွှာပုံစံများ ဖြည့်သွင်းခြင်းနှင့်စပ်လျဉ်း၍ သရုပ်ပြဆွေးနွေးခြင်း၊ AYA Bank နှင့် CB Bank မှ တာဝန်ရှိသူများက အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ အခကြေးငွေပေးသွင်းခြင်းဆိုင်ရာ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ နှင့် လုပ်ထုံးလုပ်နည်းများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ထို့နောက်ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများကသိရှိလိုသည်များကို မေးမြန်းကြပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။ ထို့နောက်စီးပွားရေးနှင့်ကူးသန်းရောင်း  ဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

Latest News: 
Latest New တင္ရန္

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၌ ကျင်းပခဲ့သည့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအာဏာသက်ဝင်ခြင်းနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး တက်ရောက်၍ အဖွင့်အမှာစကားပြောကြား

Thu, 03/16/2023 - 09:02 -- ipICTdep
Myanmar

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင် စတင်အာဏာတည်မည့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲများကို တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် စဉ်ဆက်မပြတ် ကျင်းပလျက်ရှိရာ  ၂၀၂၃ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီး ဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပခဲ့သည့် ဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီး ဌာနနှင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင် များ၊ သက်ဆိုင်ရာအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ စုစုပေါင်း(၈၀)ဦး တက်ရောက်ခဲ့ကြသည်။

    ဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ ဦးတင်ဦးက အဖွင့်အမှာစကား ပြောကြားပြီး မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က အမှာစကားပြောကြားခဲ့ သည်။ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ အာဏာသက်ဝင်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးခြင်း၊  မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ စိမ့်သန္တာထွန်းက အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ သိကောင်းစရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ခြင်း၊ ညွှန်ကြားရေးမှူး ဒေါက်တာအေးသီရိဝေက အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ လျှောက်လွှာပုံစံ များ ဖြည့်သွင်းခြင်းနှင့်စပ်လျဉ်း၍ သရုပ်ပြဆွေးနွေးခြင်း၊ AYA Bank နှင့် CB Bank မှ တာဝန်ရှိသူများက အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ အခကြေးငွေပေးသွင်းခြင်းဆိုင်ရာ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများနှင့် လုပ်ထုံးလုပ်နည်းများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက်ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းကြပြီးတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။ ထို့နောက်စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Latest News: 
Latest New တင္ရန္

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအာဏာသက်ဝင်ခြင်းနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ကျင်းပ

Tue, 03/14/2023 - 00:00 -- ipICTdep
Myanmar

ရန်ကုန် မတ်လ ၁၄

      ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေသည် ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့တွင် စတင်၍ အာဏာ သက်ဝင်တော့မည်ဖြစ်သည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် အများပြည်သူနှင့် စီးပွားရေးလုပ်ငန်းရှင်များ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေဆိုင်ရာ အသိပညာဗဟုသုတ များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အာဏာသက်ဝင်ခြင်း နှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကျင်းပလျက်ရှိသည်။  ၂၀၂၃ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့၌ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ စက်မှုဇုန်ရှိ ဧရာဟင်္သာခန်းမတွင် ကျင်းပခဲ့သည့် ဆွေးနွေးပွဲသို့ ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊  စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနနှင့် AYA Bank မှတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ စုစုပေါင်း(၁၂၆)ဦး တက်ရောက်ခဲ့ကြသည်။

   ဆွေးနွေးပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က အဖွင့်အမှာစကား ပြောကြားပြီး၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေ အာဏာသက်ဝင်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာစိမ့်သန္တာထွန်းက အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ သိကောင်းစရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း၊ ညွှန်ကြားရေးမှူး ဒေါက်တာအေးသီရိဝေက အမှတ်တံဆိပ်မှတ်ပုံတင် ခြင်းဆိုင်ရာ လျှောက်လွှာပုံစံများ ဖြည့်သွင်းခြင်းနှင့်စပ်လျဉ်း၍ သရုပ်ပြဆွေးနွေးခြင်း၊ AYA Bank မှ ဒုတိယမန်နေဂျာ ဦးရဲလွင်ဖြိုးက  အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ အခကြေးငွေ ပေးသွင်းခြင်း ဆိုင်ရာ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများနှင့် လုပ်ထုံးလုပ်နည်းများအကြောင်း အသီးသီး ရှင်းလင်းဆွေးနွေး ခဲ့ကြသည်။ ထို့နောက်  ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းကြပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။ ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့သည်။

    ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အာဏာသက်ဝင်ခြင်းနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲကို ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့၌ (၁၆-၃-၂၀၂၃) ရက်နေ့တွင် လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ (၁၇-၃-၂၀၂၃) ရက်နေ့တွင် လည်းကောင်း ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Latest News: 
Latest New တင္ရန္

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအာဏာသက်ဝင်ခြင်းနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲများ စဉ်ဆက်မပြတ်ကျင်းပလျက်ရှိ

Mon, 03/13/2023 - 10:02 -- ipICTdep
Undefined

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေသည် ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင် စတင်၍ အာဏာ သက်ဝင်တော့မည်ဖြစ်ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် အများပြည်သူနှင့် စီးပွားရေးလုပ်ငန်းရှင်များ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေဆိုင်ရာ အသိပညာ ဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အာဏာသက်ဝင်ခြင်းနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။ ထို့သို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့၌ နေပြည်တော် ရုံးအမှတ်(၃)ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် Hybrid စနစ်ဖြင့် ကျင်းပခဲ့သည့် ဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ စုစုပေါင်း (၁၈၅) ဦး  တက်ရောက်ခဲ့ကြသည်။ ထို့အပြင် ရန်ကုန်မြို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၌ ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့ မှ ၉ ရက်နေ့အထိ (၂) ရက်ကြာ ကျင်းပခဲ့သည့် ဆွေးနွေးပွဲများသို့ UMFCCI နှင့် သက်ဆိုင်ရာအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များ၊ အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာကိုယ်စားလှယ်သင်တန်း တက်ရောက်အောင်မြင် ပြီးသူများ စုစုပေါင်း (၅၀၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲများကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့၌ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ကျင်းပသွားမည်ဖြစ်ပြီး၊ အလားတူ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၌ (၁၆-၃-၂၀၂၃) ရက်နေ့တွင် လည်းကောင်း၊  မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ (၁၇-၃-၂၀၂၃) ရက်နေ့တွင်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၌ (၂၉-၃-၂၀၂၃) ရက်နေ့တွင်လည်းကောင်း၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ (၃၁-၃-၂၀၂၃) ရက်နေ့တွင်လည်းကောင်း ဆက်လက်ကျင်းပသွားမည်ဖြစ်ရာ ၎င်းဒေသရှိ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ အသင်းအဖွဲ့များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်နိုင်ရန် ဖိတ်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Latest News: 
Latest New တင္ရန္

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအာဏာသက်ဝင်ခြင်းနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲနှင့်မူပိုင်ခွင့်ဦးစီးဌာနနှင့် CB ဘဏ်၊ AYA ဘဏ်တို့အကြား ဘဏ်လုပ်ငန်းဝန်ဆောင်မှု (၅)နှစ်သက်တမ်းစာချုပ်လက်မှတ်ရေးထိုးသည့် အခမ်းအနားအား ရန်ကုန်မြို့ UMFCCI ၌ ကျင်းပ

Thu, 03/09/2023 - 09:48 -- ipICTdep
Myanmar

ရန်ကုန် မတ်လ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေအား ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သဖြင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အာဏာသက်ဝင်ခြင်းနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲနှင့် မူပိုင်ခွင့် ဦးစီးဌာနနှင့် CB ဘဏ်၊ AYA ဘဏ်တို့အကြား ဘဏ်လုပ်ငန်းဝန်ဆောင်မှု (၅)နှစ် သက်တမ်းစာချုပ် လက်မှတ်ရေးထိုးသည့် အခမ်းအနား ကို၂၀၂၃ ခုနှစ်၊ မတ်လ ၉ ရက်နေ့ နံနက် (၉:၀၀) အချိန်၌ ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် ကျင်းပခဲ့သည်။

   အဆိုပါ ဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ CB ဘဏ်နှင့် AYA ဘဏ်တို့မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုလက်မှတ် ရရှိထားသော ကိုယ်စားလှယ်များ စုစုပေါင်း (၂၆၀) ဦး တက်ရောက်ခဲ့ ကြသည်။

      ဆွေးနွေးပွဲတွင် စီပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ ၂၀၁၉ ခုနှစ်က အတည်ပြု ပြဋ္ဌာန်းခဲ့ပြီ ဖြစ်သော မူပိုင်ခွင့်ဥပဒေ(၄)ရပ်အနက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေသည် မကြာမီ အာဏာသက်ဝင်တော့မည် ဖြစ်၍ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် လျှောက်ထားရာတွင် အခကြေးငွေကောက်ခံနိုင်ရေး ပူးပေါင်းဆောင်ရွက်မည့်ဘဏ်များနှင့် လက်မှတ်ရေးထိုးခြင်းအပြင် ကိုယ်စားလှယ်သင်တန်းဆင်းလက်မှတ်ရရှိသူများအတွက် မွမ်းမံသင်တန်းအဖြစ် ယခုဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဥပဒေများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အာဏာသက်ဝင်ပြီးနောက် စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေ၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတို့ကို ၂၀၂၃ ခုနှစ်တွင်လည်းကောင်း၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေကို ၂၀၂၄ ခုနှစ်တွင်လည်းကောင်း အာဏာသက်ဝင်နိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားရာတွင် အခကြေးငွေပေးသွင်းရန်အတွက် ဝန်ဆောင်ခအခကြေးငွေ များ သတ်မှတ်ခြင်းအမိန့်ကြော်ငြာစာကိုလည်း ဥပဒေအာဏာသက်ဝင်ချိန်တွင် ထုတ်ပြန်နိုင်ရန် ကြိုတင် ခွင့်ပြုချက် ရရှိထားပြီးဖြစ်ပါကြောင်း၊ အခကြေးငွေပေးသွင်းခြင်းကို အီလက်ထရောနစ်စနစ် (WIPO File) စနစ်ဖြင့် လျှောက်ထားသူများအတွက် အဆိုပါ (E-payment) စနစ်မှတစ်ဆင့် ပေးသွင်းရမည်ဖြစ်ကာ လျှောက်လွှာလက်ခံမည့်ဌာနများတွင် POS Device မှတစ်ဆင့် ပေးသွင်းရမည် ဖြစ်ပါကြောင်း၊ ကုန်အမှတ် တံဆိပ်မူပိုင်ခွင့် လျှောက်ထားချက်များသည် အသုံးပြုမည့်ကုန်ပစ္စည်း (သို့မဟုတ်) ဝန်ဆောင်မှုအရေ အတွက်ပေါ် မူတည်၍ အခကြေးငွေ ပေးသွင်းရမည် ဖြစ်ပါကြောင်း၊ ကနဦးလက်ခံခြင်း (Soft Opening) ကာလအတွင်း အီလက်ထရောနစ်စနစ်မှတစ်ဆင့်ဖြစ်စေ၊ လျှောက်လွှာလက်ခံမည့်ဌာနများမှတစ်ဆင့်ဖြစ်စေ လျှောက်ထားသောအမှတ်တံဆိပ်များ၏ လျှောက်ထားသည့်နေ့ (Filing Date)သည် တရားဝင်ဖွင့်လှစ်သည့်နေ့ (Grand Opening Date)ကိုသာ တူညီစွာရရှိမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အစိုးရ မဟုတ်သောအဖွဲ့အစည်းများ၊ မူပိုင်ခွင့်လျှောက်ထားလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်   ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် လျှောက်ထားခြင်းဆိုင်ရာ သတင်းအချက်အလက်များကို ဖုန်းဖြင့်ဖြစ်စေ၊ အီးမေးလ် မှတစ်ဆင့်ဖြစ်စေ၊ ဝန်ကြီးဌာန၏ Website မှတစ်ဆင့်ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်းနှင့် နိုင်ငံ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေနိုင်မည့် မူပိုင်ခွင့်စနစ်တစ်ရပ်ကို အစိုးရနှင့်ပြည်သူအတူ လက်တွဲ၍ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     အဆိုပါ ဆွေးနွေးပွဲတွင် အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ် (WIPO FILE System) ဖြင့် မှတ်ပုံတင်ခြင်းဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း၊ အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ အခကြေးငွေပေးသွင်းခြင်းဆိုင်ရာ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများနှင့် လုပ်ထုံးလုပ်နည်းများအကြောင်း ရှင်းလင်းဆွေးနွေးခြင်း၊ အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းဆိုင်ရာကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုအမျိုးအစားခွဲခြားခြင်း (Nice Classification) အား  ရှင်းလင်းဆွေးနွေးခြင်းများအပြင် အီလက်ထရောနစ်မှတ်ပုံတင်စနစ် (WIPO FILE System) ဖြင့် မှတ်ပုံတင်ခြင်းဆိုင်ရာများနှင့်စပ်လျဉ်း၍ သရုပ်ပြသင်ကြားပေးခဲ့ကြသည်။ ထို့နောက်ဆွေးနွေးပွဲ တက်ရောက်လာကြသူများက ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ၊ လုပ်ထုံးလုပ်နည်းများ နှင့်စပ်လျဉ်းသည့် မေးခွန်းများနှင့် သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။ ထို့နောက်မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Latest News: 
Latest New တင္ရန္

ရန်ကုန်မြို့ UMFCCI ၌ ကျင်းပသည့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအာဏာသက်ဝင်ခြင်းနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြား

Wed, 03/08/2023 - 00:00 -- ipICTdep
Myanmar

ရန်ကုန် မတ်လ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေအား စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေ အာဏာသက်ဝင်ခြင်းနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲကို၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့ နံနက် (၈:၃၀) အချိန်၌ ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တွင် ကျင်းပခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည် များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌနှင့် သက်ဆိုင်ရာအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်မြို့ရှိအသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း (၂၃၀) ဦး တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားပြီး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူက အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အာဏာသက်ဝင်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးခြင်း၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာစိမ့်သန္တာထွန်းက အမှတ်တံဆိပ်မှတ်ပုံတင် ခြင်းဆိုင်ရာ သိကောင်းစရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း၊ AYA Bank နှင့် CB Bank မှ တာဝန်ရှိသူများက အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ အခကြေးငွေပေးသွင်းခြင်းဆိုင်ရာ ဘဏ် လုပ်ငန်း ဝန်ဆောင်မှုများနှင့် လုပ်ထုံးလုပ်နည်းများအကြောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ ထို့နောက်  ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းကြပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။ ထို့နောက်  စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲ၏ ဒုတိယနေ့ကို (၉-၃-၂၀၂၃) ရက်နေ့တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ပြီး ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်း တက်ရောက်အောင်မြင်ပြီးသူ စုစုပေါင်း (၃၅၀) ဦးခန့် တက်ရောက်နိုင်ရန် ဖိတ်ကြားထားကြောင်း သတင်းရရှိပါသည်။

Latest News: 
Latest New တင္ရန္

ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (WIPO) က ချီးမြှင့်မည့် ၂၀၂၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာဆုတံဆိပ်ကို ကမ္ဘာတစ်ဝန်းရှိ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ လျှောက်ထားနိုင်

Wed, 02/15/2023 - 10:00 -- ipICTdep
Myanmar

      ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့(World Intellectual Property Organization-WIPO) က ချီးမြှင့်မည့် ၂၀၂၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာဆုတံဆိပ်အတွက် လျှောက်ထားမှုများအား လက်ခံသွားမည် ဖြစ်ကြောင်း အဖွဲ့ဝင်နိုင်ငံများထံသို့ အကြောင်းကြားထားကြောင်းသိရှိရသည်။

       အဆိုပါ ဆုတံဆိပ်အတွက် ရွေးချယ်ရန် ယှဉ်ပြိုင်မှုများအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့မှ ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့ အထိ လက်ခံဆောင်ရွက်သွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် နည်းပညာ၊ စိုက်ပျိုးရေး၊ တီထွင်ဖန်တီးထားသော စက်မှုလုပ်ငန်းများ စသည့် စီးပွားရေးကဏ္ဍ အားလုံးတွင် တက်ကြွစွာပါဝင်ဆောင်ရွက်နေသည့် ကမ္ဘာတစ်ဝှမ်းရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း(SMEs)များ လျှောက်ထားနိုင်မည်ဖြစ်သည်။ လျှောက်ထားသူများအနေဖြင့် ကုန်အမှတ်တံဆိပ်များ၊  တီထွင်မှုများနှင့် ဒေသဆိုင်ရာအညွှန်းတို့နှင့် သက်ဆိုင်သည့် မူပိုင်ခွင့် ဆိုင်ရာများကို အသုံးပြုကာ လျှောက်ထားနိုင်မည်ဖြစ်သည်။

     ပြိုင်ပွဲတွင် ဆုရွေးချယ်မည့်ပုံစံမှာ စိစစ်ရွေးချယ်ရေးအဖွဲ့က အနိုင်ရရှိသူ(၇)ဦးအထိ ရွေးချယ်သွားမည်ဖြစ်ပြီး ရွေးချယ်ခံရသူများသည် ဇူလိုင်လတွင်ပြုလုပ်မည့် WIPO  General Assembly ကာလအတွင်း ၂၀၂၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာဆုပေးပွဲသို့ တက်ရောက်ရန် ဖိတ်ကြားခြင်းခံရမည် ဖြစ်သည့်အပြင် Personalized WIPO Mentorship Program တစ်ခုအား လက်ခံရရှိမည် ဖြစ်ပါသည်။

      အဆိုပါ ပြိုင်ပွဲကို ကမ္ဘာတစ်ဝန်းရှိနိုင်ငံများ စီးပွားရေးကဏ္ဍ၊  လူမှုရေးကဏ္ဍနှင့် ယဉ်ကျေးမှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူပိုင်ခွင့်ကဏ္ဍ၏ အရေးပါမှုများကို မီးမောင်းထိုးပြခြင်းအားဖြင့် မူပိုင်ခွင့်ကဲ့သို့ အင်အားပြည့်ဝသောစနစ်ကို အသုံးပြု၍ ပြည်တွင်း၊ ပြည်ပတွင် တိုးတက်အောင်မြင်မှုများကို တီထွင်သူများ၊ ဖန်တီးသူများနှင့် ဒီဇိုင်းဖန်တီးသူများ မြင်တွေ့စေရန်နှင့် ပိုမိုလှုံ့ဆော်ပေးရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ထပ်မံသိရှိလိုသော အချက် အလက်များအား https://www.wipo.int/global-awards/en/ သို့ ဝင်ရောက်လေ့လာနိုင်ပါကြောင်း သတင်းရရှိပါသည်။

Latest News: 
Latest New တင္ရန္

Pages

Subscribe to RSS - သတင်းများ