ပို့ကုန်ရငွေဝင်ရောက်ရန်ကျန်သောကုမ္ပဏီများနှင့် ညှိနှိုင်းအစည်းအဝေးကျင်းပ (၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၆ ရက်၊ UMFCCI ရန်ကုန်မြို့)

ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးဆောင်၍ ပို့ကုန်ရငွေစိစစ်ကြပ်မတ်ရေးလုပ်ငန်းကော်မတီဝင်များ၊ UMFCCI မှ တာဝန်ရှိသူများသည် ပို့ကုန်ရငွေဝင်ရောက်ရန်ကျန်သော ကုမ္ပဏီများနှင့် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက် နေ့တွင် ရန်ကုန်မြို့ရှိ UMFCCI ၌ ကျင်းပခဲ့ပါသည်။ ​
 

စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

   စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ဩဂုတ်လ ၇ ရက်နေ့၊ နံနက် ၁၀ နာရီခွဲအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ် (၅၂)၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့်ကျင်းပရာ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် (ကိုယ်စား) ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနှင်းနွယ်အေးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ

မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ဒီဇင်ဘာလ ၂၉ ရက်

             မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို  ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့ နံနက် ၁၀ နာရီတွင် အစည်းအဝေးခန်းမ(ရုံးအမှတ်-၅၂) တွင် Virtual စနစ်ဖြင့်ကျင်းပ ခဲ့ပါသည်။