သတင်းများ

အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာကိုယ်စားလှယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်လှစ်

Wed, 02/15/2023 - 04:21 -- ipICTdep
Myanmar

     မူပိုင်ခွင့်ဦးစီးဌာန၏ အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာကိုယ်စားလှယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၉ နာရီခွဲ တွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ်(၅၂)၌ Virtual စနစ်ဖြင့် ကျင်းပခဲ့ရာ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဌာနခွဲအသီးသီးမှ ညွှန်ကြားရေးမှူးများနှင့် သင်တန်းနည်းပြများ တက်ရောက်ကြပြီး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မိုးမိုးသွယ်က အဖွင့်အမှာစကား ပြောကြားသည်။

     အဆိုပါသင်တန်းကို မူပိုင်ခွင့်ဦးစီးဌာနမှ ကိုယ်စားလှယ်ဆောင်ရွက်ခွင့် (WIPO File Account) ရရှိထားပြီး အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းအတွက် ဆောင်ရွက်လိုသော မူပိုင်ခွင့်ဆိုင်ရာ ကိုယ်စားလှယ်များကို နည်းစနစ်မှန်ကန်စွာဖြင့် မူပိုင်ခွင့်ဆိုင်ရာ မှတ်ပုံတင်လျှောက်ထားခြင်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။ ယခုကဲ့သို့ ကိုယ်စားလှယ်သင်တန်းကို ၂၀၂၂ ခုနှစ်တွင် (၂)ကြိမ် ဖွင့်လှစ်ခဲ့ပြီး သင်တန်းတွင် အမှတ်တံဆိပ်များနှင့် ပတ်သက်သော ဥပဒေများ၊ ကိုယ်စားလှယ်တစ်ဦး၏ အခန်းကဏ္ဍ၊ အရေးပါမှုနှင့် အခြားနိုင်ငံများတွင် ဆောင်ရွက်နေမှု အလေ့ အကျင့်များ၊ မူပိုင်ခွင့်ဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများနှင့် အပြည်ပြည်ဆိုင်ရာ သဘောတူ စာချုပ်များအကြောင်း၊ ဒေသဆိုင်ရာအညွှန်း(GIs)နှင့် ပတ်သက်သည့် ကိစ္စရပ်များ၊  မှတ်ပုံတင်ခွင့် မရှိသော အမှတ်တံဆိပ်များအကြောင်း၊ အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်လွှာ (TM-1) နှင့်  ကိုယ်စားလှယ်ခန့်အပ်လွှာ(TM-2) ဖြည့်စွက်လျှောက်ထားပုံများ၊ အပြည်ပြည်ဆိုင်ရာ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ အမျိုးအစားခွဲခြားခြင်း၊ Online Filing စနစ်ဖြင့် အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းအတွက် နည်းပညာပိုင်းဆိုင်ရာ သိကောင်းစရာများ၊ WIPO File Account ဖွင့်လှစ် ခြင်းနည်းလမ်းများ၊ Online Filing စနစ်ဖြင့် အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းအတွက် အခကြေးငွေပေးသွင်းသည့်စနစ်၊ Online Filing စနစ်ဖြင့် အမှတ်တံဆိပ်မှတ်ပုံတင် ရုပ်သိမ်းခြင်း ဆိုင်ရာများကို စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

    အဆိုပါ သင်တန်းကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့မှ (၁၇)ရက်နေ့ထိ (၅)ရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသား/သူ စုစုပေါင်း(၁၃၄)ဦး တက်ရောက်ကြကြောင်း သတင်းရရှိသည်။

  အဆိုပါ သင်တန်းကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့မှ (၁၇)ရက်နေ့ထိ (၅)ရက်ကြာ ဖွင်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသား/သူ စုစုပေါင်း(၁၃၄)ဦး တက်ရောက်ကြကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်းအား တက်ရောက်ရန် အသိပေးကြေညာချက်

Fri, 01/13/2023 - 05:20 -- ipICTdep

မူပိုင်ခွင့်ဦးစီးဌာနမှ ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း

Tue, 11/22/2022 - 07:07 -- ipICTdep
Myanmar
Latest News: 
Latest New တင္ရန္

ASEAN IPR Action Plan Deliverable 9.5 Feasibility Study on ASEAN Patent System အတွက် Demand Side Survey နှင့်စပ်လျဉ်း၍ လိုအပ်သော အချက်အလက်များကို စိတ်ပါဝင်စားသူ မည်သူမဆို ဖြေကြားနိုင်ပါရန်

Thu, 10/13/2022 - 09:10 -- ipICTdep
Myanmar

ASEAN IPR Action Plan 2016-2025 ၏ Deliverable 9.5 အရ Feasibility Study on ASEAN Patent System ကို ASEAN Working Group on IP Cooperation (AWGIPC) နှင့် Patent Task Force (Patent- TF) တို့ ဦးဆောင်၍ ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့၏ ထောက်ပံ့မှုဖြင့် မူပိုင်ခွင့်အကာအကွယ်ပေးမှုမြှင့်တင်ခြင်းဖြင့် စီးပွားရေးတိုးတက်စေပြီး ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားသော အာဆီယံအဖြစ် ဒေသတွင်းချမှတ်ထားသော လမ်းစဉ်နှင့်အညီ အာဆီယံတီထွင်မှုမူပိုင်ခွင့်စနစ်တစ်ရပ် တည်ထောင်နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက် လျက်ရှိပါသည်။

 အဆိုပါ Demand side survey ဖြေဆိုခြင်းအားဖြင့် အာဆီယံနိုင်ငံများအတွက် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံ မှုများ ချဲ့ထွင်ရာတွင် အပြန်အလှန်အထောက်အပံ့ပေးနိုင်မည့် တီထွင်မှုမူပိုင်ခွင့်စနစ် တစ်ရပ်တည်ထောင်နိုင်မည်ဖြစ်ပြီး  မြန်မာနိုင်ငံ ရှိ မူပိုင်ခွင့်နှင့်သက်ဆိုင်သည့် အဖွဲ့အစည်းအသီးသီးမှ  အာဆီယံ တီထွင်မှုမူပိုင်ခွင့်စနစ်တစ်ရပ်တည်ထောင်ရာတွင် ပါဝင်နိုင်မည် ဖြစ်ပါသည်။

သို့ပါ၍ ASEAN IPR Action Plan Deliverable 9.5 Feasibility  Study on ASEAN Patent System အတွက် Demand Side Survey နှင့်စပ်လျဉ်း၍ စိတ်ပါဝင်စားသူမည်သူမဆို အောက်ဖော်ပြပါ Link တွင် ၂၃.၁၀.၂၀၂၂ ရက်နေ့နောက်ဆုံးထား၍ ပါဝင်ဖြေကြား ပေးနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။

https://surveys.wipo.int/s3/Stakeholder-survey-on-ASEAN-patent-cooperation

Latest News: 
Latest New တင္ရန္

အွန်လိုင်းကုန်ပစ္စည်းရှင်းလင်းရေးစနစ်နိုဝင်ဘာ ၁၂ ရက်တွင် စတင်မည်

Tue, 11/08/2016 - 08:52 -- admin_ygn
Undefined

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာနအနေဖြင့် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းများလုပ်ကိုင်ရာတွင် လွယ်ကူလျင်မြန်ချောမွေ့ စွာ ဆောင်ရွက် နိုင်ရေးအတွက် လက်ရှိဆောင်ရွက်နေသောစနစ်မှ အွန်လိုင်း စနစ်ဖြင့်ေ ဆာင်ရွက် မည့် အလို အလျောက် ကုန်ပစ္စည်းရှင်းလင်းရေးစနစ် (Myanmar AutomaticCargo Clearance System-MACCS)ကို နိုဝင်ဘာလလယ်မှစပြီး စတင် ကျင့် သုံးပြီဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
''MACCS စနစ်ကို ကြိုတင်ကြေညာထားတဲ့အတိုင်း နိုဝင်ဘာ ၁၂ ရက်က စပြီး အမှန်တကယ်စတင်ကျင့်သုံးတော့မှာ ဖြစ်ပါတယ်။ ဒီစနစ်ကို စတင်ကျင့်သုံး ရာမှာ Customs Broker တွေအနေနဲ့ စနစ်တစ်ခုနဲ့တစ်ခု အကူး အပြောင်းမှာ တွေ့ကြုံလာ ရနိုင်တဲ့ အခက်အခဲတွေကို နည်းနိုင်သမျှ အနည်းဆုံးဖြစ်စေဖို့အတွက် လိုအပ်ချက် တွေကို အသိပေးလိုတဲ့အတွက် အခုလိုရှင်းလင်းတင်ပြရတာ ဖြစ်ပါ တယ်''ဟု အကောက်ခွန်ဦးစီးဌာန၊ MACCS ဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းသန့်ကUMFCCI၌ ကျင်းပသော ရှင်းလင်းပွဲအခမ်းအနားတွင် ပြောကြားသည်။
အဆိုပါ MACCSစနစ်သည် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ၌ လူ ကိုယ်တိုင် အကောက်ခွန်ရုံးများသို့ သွားရောက်စရာမလိုဘဲ အွန်လိုင်းမှတစ်ဆင့် အချိန်တို အတွင်း ဆောင်ရွက်နိုင်မည့်စနစ်ဖြစ်ကြောင်း၊ ယင်းစနစ် သည် ဂျပန်နိုင်ငံ၌ အောင်မြင်ခဲ့သည့်အကောက်ခွန်ရှင်းလင်းရေးစနစ်ဖြစ်ကြောင်း၊ ဂျပန်အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(ဂျိုက်ကာ)၏အကူအညီဖြင့် ယင်းစနစ်ကို မြန်မာနိုင်ငံတွင် စတင်အကောင် အထည်ေ ဖာ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းစနစ်ကိုစတင်ဆောင်ရွက်ရန်စမ်းသပ်ကာလ (Running Test)ကို အောက် တိုဘာ ၃၁ ရက်တွင် ပြီးဆုံးမည်ဖြစ်၍ Customs Broker များအနေဖြင့် ယင်းနေ့ ည ၁၂ နာရီတွင် စမ်းသပ်လေ့ကျင့်မှုများ ရပ်တန့်ပေး ကြရ မည်ဖြစ်ကြောင်း၊ ယင်းနောက် နိုဝင်ဘာ ၇ ရက် နံနက် ၉ နာရီမှစ၍ နိုဝင်ဘာ ၁၁ ရက် ညနေ ၅ နာရီအထိManualမှ Systemသို့ ကူးပြောင်းကာလ(Transition Period )အဖြစ် သတ်မှတ်ကာRegistration လုပ်ငန်း များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစနစ်ကို လောလောဆယ် ရန်ကုန်မြို့ဆိပ်ကမ်းများနှင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် အခြားသော နယ်စပ်ဂိတ်တို့တွင်လည်း ဆောင်ရွက်သွားရန် ကြိုး ပမ်းသွားမည်ဖြစ် ကြောင်းလည်း သိရသည်။ ယင်းစနစ်သည် ရုံးပိတ်ရက်မရှိ ၂၄ နာရီပတ်လုံး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အွန်လိုင်းမှတစ်ဆင့် ငွေပေးချေမှုစနစ်များအပါအဝင် သွင်းကုန်၊ ပို့ကုန်လုပ်ငန်းများကို လွယ် ကူချောမွေ့ စွာ ဆောင်ရွက်နိုင်မည်ဖြစ်၍ ကုန်စည်စီးဆင်းမှုအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။

Source: MYANMAR CUSTOMS BROKERS ASSOCIATION

Latest News: 

Pages

Subscribe to RSS - သတင်းများ