သတင်းများ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ် ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဗိုလ်ချုပ် ကြီးမြထွန်းဦး မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ အစည်းအဝေး (၁/၂၀၂၃) သို့ တက်ရောက်အမှာစကားပြောကြားခြင်း

Wed, 06/21/2023 - 07:44 -- ipICTdep
Myanmar

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ် ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဗိုလ်ချုပ်ကြီးမြထွန်းဦး မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ အစည်းအဝေး (/၂၀၂၃) သို့ တက်ရောက်အမှာစကားပြောကြား

   မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၃) ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်အမှာစကားပြောကြားခဲ့ ပါသည်။       

   အဆိုပါအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ မူပိုင်ခွင့်ဆိုင်ရာဗဟို ကော်မတီအဖွဲ့ဝင်များဖြစ်သည့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပါသည်။

   အစည်းအဝေးတွင် မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်ကအမှာစကား ပြောကြားရာ၌ မြန်မာနိုင်ငံအနေနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization -WTO)နှင့် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (World Intellectual Property Organization-WIPO) တို့၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ မူပိုင်ခွင့်စနစ်တစ်ရပ်တည်ထောင် နိုင်ရန်အတွက် မူပိုင်ခွင့်ဥပဒေ (၄) ရပ်ဖြစ်သည့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတို့ကို ၂၀၁၉ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ မူပိုင်ခွင့်ဥပဒေ (၄) ရပ်အနက် ကုန်အမှတ် တံဆိပ်မူပိုင်ခွင့်ဥပဒေကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် စတင်အာဏာတည်ခဲ့ပြီး အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားချက် များအား တရားဝင်လက်ခံဆောင်ရွက်ခြင်းကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့မှစ၍ ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာဗဟို ကော်မတီတွင် သက်ဆိုင်ရာအစိုးရဌာနများ၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားပြီးဖြစ်ရာ လိုအပ်သည့် မူပိုင်ခွင့်ဆိုင်ရာပညာရှင်များကိုလည်း ထည့်သွင်းဖွဲ့စည်းနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီကိုလည်း ၂၀၂၃ ခုနှစ်တွင် ဖွဲ့စည်းထားပြီးဖြစ်သည့်အတွက် အေဂျင်စီ၏ လုပ်ငန်းတာဝန်များကိုလည်း ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း၊  မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီသည် နိုင်ငံတော်၏ မူပိုင်ခွင့်စနစ်တည်ထောင်ရာတွင် ဗဟိုကော်မတီ၏ လမ်းညွှန် ချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် ပင်မအဖွဲ့အစည်းတစ်ရပ်ဖြစ်သည့်အတွက် လိုအပ်သည့် ကဏ္ဍများအလိုက် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့နောက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေကို အာဏာသက်ဝင် ဆောင်ရွက်ခဲ့ပြီး၊ မူပိုင်ခွင့်ဥပဒေများဖြစ်သည့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေနှင့် တီထွင်မှုမူပိုင်ခွင့်ဥပဒေ တို့ကိုလည်း အာဏာသက်ဝင်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်ဖို့ တိုက်တွန်းလိုကြောင်းပြောကြားခဲ့သည်။

   ဆက်လက်ပြီး မြန်မာနိုင်ငံအနေနှင့် အာဆီယံဒေသတွင်းမူပိုင်ခွင့်ဆိုင်ရာလုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များအနက် မူပိုင်ခွင့်ဆိုင်ရာနိုင်ငံတကာသဘောတူစာချုပ်များသို့ဝင်ရောက်ခြင်း လုပ်ငန်းစဉ်တွင်လည်း အခြားနိုင်ငံများနည်းတူပါဝင်နိုင်ရန် ပြင်ဆင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်မှတ်ပုံတင်စနစ်ကို စတင်ဆောင်ရွက်နေပြီဖြစ်သည့်အတွက် မူပိုင်ခွင့်မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ကြမည့် စီးပွားရေးလုပ်ငန်းရှင်၊ မူပိုင်ခွင့်ဖန်တီးသူများအနေနှင့်လည်း မူပိုင်ခွင့်ဆိုင်ရာ ဗဟုသုတပိုမိုရရှိရန် လိုအပ်သည့်အတွက် အသိပညာပေးခြင်းလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မူပိုင်ခွင့် ဆိုင်ရာအသိပညာပေးအစီအစဉ်များကို ဆက်လက်ဆောင်ရွက်ကြရန်နှင့် မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီတွင်ပါဝင်သော တာဝန်ခံ ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှလည်း ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။

   ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက မူပိုင်ခွင့်စနစ်တစ်ရပ် ပေါ်ပေါက်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးညွန့်အောင်က ဗဟိုကော်မတီအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ ပါသည်။ ထို့နောက်တွဲဖက်အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က ဗဟိုကော်မတီ အစည်းအဝေး(၁/၂၀၂၃)သို့ တင်ပြသည့်အမှာစာများကို ဖတ်ကြားတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဝန်ကြီးချုပ်က အမှာစာများနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။

 

Latest News: 
Latest New တင္ရန္

၂၀၂၃ ခုနှစ်၊ ဇွန်လ (၉) ရက်နေ့တွင် ကျင်းပပြုလုပ်သော မူပိုင်ခွင့်ဦးစီးဌာန၊ အောက်မြန်မာပြည်ရုံး(ရန်ကုန်) ဖွင့်ပွဲ အခမ်းအနား

Fri, 06/09/2023 - 06:05 -- ipICTdep
Myanmar

မူပိုင်ခွင့်ဦးစီးဌာန၊ အောက်မြန်မာပြည်ရုံးခွဲ(ရန်ကုန်) ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ ဇွန် ၉

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၏ အောက်မြန်မာပြည် ရုံးခွဲ(ရန်ကုန်) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမှတ်-၂၂၈/၂၄၀၊ ကမ်းနားလမ်းနှင့် ရွှေဘုံသာလမ်းထောင့်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့သည်။

         အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ သက်ဆိုင်ရာအသင်းများ၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းရှင်များ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

         အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက အဖွင့်အမှာစကား ပြောကြားရာ၌ မူပိုင်ခွင့်ဥပဒေများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် “စီးပွားရေးဂေဟစနစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မူပိုင်ခွင့်စနစ်ဖွံ့ဖြိုးတိုးတက်လာစေရန်” မျှော်မှန်းချက်ချမှတ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မူပိုင်ခွင့်ဥပဒေ(၄)ရပ်ကို ၂၀၁၉ ခုနှစ်တွင် ပြဋ္ဌာန်းနိုင်ခဲ့ပြီး ကုန်အမှတ်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် အာဏာတည်နိုင်ခဲ့ပြီဖြစ်သည့်အပြင် အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာနည်းဥပဒေကို ဝန်ကြီးဌာနမှ ထုတ်ပြန်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်မှတ်ပုံတင်ခြင်းအတွက် လိုအပ်သည့်လျှောက်လွှာပုံစံများ၊ ဝန်ဆောင်မှုအခကြေးငွေများနှင့် အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်းများအတွက် အခကြေးငွေပေးဆောင်ရမည့် နည်းလမ်းများကိုလည်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါကြောင်း၊ ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းတရားဝင်လက်ခံခြင်းကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့ပြီး လျှောက်ထားချက်များလက်ခံခြင်းကို အီလက်ထရောနစ်မှတ်ပုံတင်စနစ်မှတစ်ဆင့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ဆောင်ရွက်လျက်ရှိရာတွင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် လျှောက်လွှာစုစုပေါင်း (၆၀၀၀၀)ကျော် လက်ခံရရှိထားပြီးဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဥပဒေ (၄) ရပ်အနက် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတို့ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင်လည်းကောင်း၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေကို ၂၀၂၄ ခုနှစ်တွင်လည်းကောင်း၊ အာဏာသက်ဝင်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတွင် မူပိုင်ခွင့်စနစ် အောင်မြင်စွာဖြစ်ထွန်းပေါ်ပေါက်ရေးကို အလေးထားပြီး ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ မူပိုင်ခွင်ဦးစီးဌာန၏ အောက်မြန်မာပြည်ရုံးခွဲ(ရန်ကုန်)ကို ဖွင့်လှစ်နိုင်ခြင်းဖြင့် MSMEစီးပွားရေးလုပ်ငန်းရှင်များ၊ မူပိုင်ခွင့်ပိုင်ရှင်များအနေဖြင့် အမှတ်တံဆိပ်မူပိုင်ခွင့်မှတ်ပုံတင်ခြင်းကိုလွယ်ကူစွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်လျှောက်ထားခြင်းများအတွက် အခကြေးငွေပေးသွင်းခြင်းကို မည်သည့်MPUကဒ်ဖြင့်မဆို POS(Point-of-Sale)စနစ်နှင့် လျှောက်လွှာလက်ခံ ဌာနများတွင် ပေးသွင်းနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် မူပိုင်ခွင့်ကဏ္ဍအတွက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေစတင်အကောင်အထည်ဖော်ဆောင်ရွက်ပြီး မူပိုင်ခွင့်မှတ်ပုံတင်ခြင်းစနစ်ကို စနစ်တကျကျင့်သုံးနိုင်ခြင်းဖြင့် မျှတသောဈေးကွက်ယှဉ်ပြိုင်မှု ဖြစ်ထွန်းစေပြီး ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မည် ဖြစ်ပါကြောင်း၊ အမှတ်တံဆိပ်ပိုင်ရှင်နှင့် အခွင့်အရေးရရှိသူတို့အနေနှင့် အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများကို ဥပဒေနှင့်အညီ အပြည့်အဝခံစားရရှိနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှထွက်ရှိသည့်နာမည်ထင်ရှား‌ကျော်ကြားသည့် ဒေသထုတ်ကုန်များ၏ အရည်အသွေးများကို မြှင့်တင်ပေးနိုင်ခြင်းဖြင့် နိုင်ငံတကာဈေးကွက်အထိ ထိုးဖောက်ဝင်ရောက်နိုင်မှာဖြစ်ပါကြောင်း၊ ထို့နောက် အောက်မြန်မာပြည်ရုံးခွဲ(ရန်ကုန်) ဖွင့်လှစ်ပွဲအခမ်းအနားကို တက်ရောက်သူများအနေဖြင့် မြန်မာနိုင်ငံ၏ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်မှတ်ပုံတင်စနစ်တည်ထောင်ရာတွင် မိမိတို့၏သက်ဆိုင်ရာကဏ္ဍများ အလိုက်အတူပူးပေါင်းပါဝင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ကြပါရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

  အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က အမှာစကားပြောကြားခဲ့ပြီး၊ မူပိုင်ခွင့်ဦးစီးဌာန၏ လှုပ်ရှားမှုမှတ်တမ်း Documentary ပြသခဲ့ပါသည်။ ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့က မူပိုင်ခွင့်ဦးစီးဌာန၊ အောက်မြန်မာပြည်ရုံးခွဲ(ရန်ကုန်)အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါသည်။ ဆက်လက်ပြီး မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က မူပိုင်ခွင့်ဦးစီးဌာန၊ အောက်မြန်မာပြည်ရုံးခွဲ(ရန်ကုန်) ဖွင့်လှစ်ရခြင်းကို PowerPoint ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို နံနက်ပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

 

Latest News: 
Latest New တင္ရန္

အခကြေးငွေပေးသွင်းခြင်းနှင့်ကိုယ်စားလှယ်ခန့်အပ်လွှာ(TM-2 Form) တင်သွင်းခြင်းအတွက် နောက်ဆုံးရက်ထပ်မံတိုးမြှင့်ခြင်းအား အသိပေးကြေညာချက်

Tue, 05/16/2023 - 09:54 -- ipICTdep
Myanmar
Latest News: 
Latest New တင္ရန္

ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ရခိုင်ပြည်နယ် စီးပွားရေးရာဝန်ကြီး တက်ရောက်၍ အဖွင့်အမှာစကားပြောကြား

Fri, 05/05/2023 - 00:00 -- ipICTdep
Undefined

စစ်တွေမြို့၊ ဧပြီ ၃၀

ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို (၃၀-၄-၂၀၂၃) နံနက်ပိုင်း၌ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဦးဥတ္တမခန်းမတွင် ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်၊ ညွှန်ကြားရေးမှူး ဒေါက်တာစိမ့်သန္တာထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လုပ်ငန်းရှင်များတက်ရောက်ကြကြောင်း သိရှိရသည်။

ရှေးဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယနေ့ဆွေးနွေးပွဲတွင် တက်ရောက်သူများ အနေဖြင့် ကုန်အမှတ် တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာဗဟုသုတများနှင့် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေနှင့်စပ်လျဉ်းပြီး သိရှိလိုသည်များ၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် လျှေက်ထားခြင်းဆိုင်ရာ များအပေါ် သိရှိလိုသည်များကို မေးမြန်းနိုင်ပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြစေလိုကြောင်း၊ မြန်မာ နိုင်ငံရဲ့ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်မှတ်ပုံတင်စနစ် တည်ထောင်ခြင်းမှာလည်း ပေါ်ထွန်းလာပြီးဖြစ်သည့် အတွက် မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်သူတွေရဲ့အကျိုးစီးပွား တိုးတက်ဖြစ်ပေါ်ရေးအတူ ပူးပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ဆက်လက်ပြီး မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က မူပိုင်ခွင့်ဥပဒေ အာဏာသက်ဝင်ခြင်း နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ စိမ့်သန္တာထွန်းက ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဥပဒေပညာရှင် ဦးသန်းမောင်က မူပိုင်ခွင့်ဥပဒေများနှင့် ပတ်သက်၍ ဆွေးနွေးပြီး တက်ရောက် လာကြသည့် လုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ကြကာ ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းကို တရားဝင်စတင်လက်ခံခြင်း (Grand Opening) အခမ်းအနားနှင့် ကမ္ဘာ့မူပိုင်ခွင့်နေ့(၂၀၂၃) အထိမ်းအမှတ်အခမ်းအနားကျင်းပခြင်း

Wed, 04/26/2023 - 12:34 -- ipICTdep
Myanmar
Latest News: 
Latest New တင္ရန္

၂၀၂၃ ခုနှစ်၊ ကမ္ဘာ့မူပိုင်ခွင့်နေ့ အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိသူစာရင်း

Wed, 04/26/2023 - 08:14 -- ipICTdep
Undefined
Latest News: 
Latest New တင္ရန္

ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းအား တရားဝင်စတင်ဆောင်ရွက်သည့်နေ့ရက်သတ်မှတ်ခြင်း

Tue, 04/25/2023 - 09:58 -- ipICTdep
Myanmar
Latest News: 
Latest New တင္ရန္

Pages

Subscribe to RSS - သတင်းများ