သတင်းများ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း စက်မှုဒီဇိုင်းမူပိုင်ခွင့် မှတ်ပုံတင်ခြင်းနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့် မှတ်ပုံတင်ခြင်းကို တရားဝင်စတင်လက်ခံခြင်းအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း

Fri, 02/23/2024 - 09:27 -- ipICTdep
Myanmar

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃

    စက်မှုဒီဇိုင်းမူပိုင်ခွင့် မှတ်ပုံတင်ခြင်းနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့် မှတ်ပုံတင်ခြင်းကို တရားဝင် စတင်လက်ခံခြင်းအခမ်းအနားကိုယနေ့နံနက် ၉ နာရီအချိန်တွင် ရုံးအမှတ်(၃)၊ အစည်းအဝေးခန်းမ (၂)၌ Hybrid စနစ်ဖြင့်ကျင်းပခဲ့ပါသည်။

  အဆိုပါ အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  ဒုတိယဝန်ကြီး၊ မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီ ဥက္ကဋ္ဌ ဦးမင်းမင်း၊ ဌာနဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊  အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မူပိုင်ခွင့်ဆိုင်ရာအဖွဲ့အစည်းများ၊ မူပိုင်ခွင့်ဆိုင်ရာ ဥပဒေအကျိုးဆောင်များမှ ကိုယ်စားလှယ်များ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

  အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း က အဖွင့်အမှာစကားပြောကြားရာ၌ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် အာဏာတည်ခဲ့သည့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေများအရ  အဆိုပါမူပိုင်ခွင့်များ ၏ လျှောက်ထားခြင်းများကို တရားဝင်စတင်လက်ခံသည့် အခမ်းအနားဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ် တွင်တီထွင်မှုမူပိုင်ခွင့်ဥပဒေကိုအာဏာတည်နိုင်ရေးအတွက် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ စက်မှု ဒီဇိုင်းမူပိုင်ခွင့်မှတ်ပုံတင်ခြင်းနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့် မှတ်ပုံတင်ခြင်းတို့အတွက် မူပိုင်ခွင့် လျှောက်ထားချက်များလက်ခံခြင်းကို အီလက်ထရောနစ်စနစ်မှ တစ်ဆင့်လည်းကောင်း၊ လျှောက်လွှာလက်ခံဌာနများမှတစ်ဆင့်လည်းကောင်း လက်ခံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လျှောက်လွှာလက်ခံဌာနများကိုလည်း နေပြည်တော်၊ အောက်မြန်မာပြည်ရုံးခွဲ (ရန်ကုန်)၊ အထက်မြန်မာပြည်ရုံးခွဲ(မန္တလေး) တို့တွင် ဖွင့်လှစ်ထားပြီး ဖြစ်ပါကြောင်း၊ စက်မှုဒီဇိုင်းမူပိုင်ခွင့် မှတ်ပုံတင်လျှောက်ထားချက်များကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍လည်းကောင်း၊ စာပေနှင့်အနုပညာမူပိုင်ခွင့်မှတ်ပုံတင်လျှောက်ထားချက်များကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့မှစတင်၍ လည်းကောင်း လက်ခံဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားခဲ့သည်။

 ထို့နောက် စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းကို ဆောင်ရွက်ပေးခြင်းနှင့် အကာအကွယ်ပေးနိုင်ခြင်းကြောင့် ဒီဇိုင်းပိုင်ရှင်နှင့် ဖန်တီးသူတို့၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်ခြင်း၊ စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေခြင်း၊ နည်းပညာတိုးတက်ပြန့်ပွားစေခြင်း၊ ဖန်တီးသူနှင့်စက်မှုဒီဇိုင်းသုံးစွဲသူများအကြား နည်းပညာဗဟုသုတနှင့် လူမှုစီးပွားဘဝသာယာဝပြော ရေးကိုအပြန်အလှန်အကျိုးပြုစေခြင်းစသည့်အကျိုးကျေးဇူးများကိုရရှိနိုင်မည်ဖြစ်ပါကြောင်း၊ စာပေ သို့မဟုတ် အနုပညာလက်ရာများ၊ ဖျော်ဖြေတင်ဆက်မှုများ၊ ဖိုနိုဂရမ်ထုတ်လုပ်မှုများနှင့် ထုတ် လွှင့်ခြင်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် စာပေနှင့်အနုပညာဆိုင်ရာ ထုတ်လုပ်မှု အဆင့်အတန်းမြင့်မားတိုးတက်စေမည်ဖြစ်ပါကြောင်း၊ မူလလက်ရာရှင်နှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ပိုင်ရှင်တို့၏ မူပိုင်ခွင့်များကို ကာကွယ်နိုင်ခြင်း၊ ဆက်နွှယ်သည့် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်နိုင်ခြင်း၊ ရိုးရာဓလေ့အမွေအနှစ်ဖော်ပြချက်များကိုလည်း ကာကွယ်မြှင့်တင်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး မူပိုင်ခွင့်ဥပဒေများအာဏာသက်ဝင်ခြင်းနှင့်စပ်လျဉ်း၍ လည်းကောင်း၊ စက်မှုဒီဇိုင်းမူပိုင်ခွင့် မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍လည်ကောင်း၊ စာပေနှင့်အနုပညာမူပိုင်ခွင့် မှတ်ပုံတင်ခြင်း နှင့် စက်မှုဒီဇိုင်းမူပိုင်ခွင့်နှင့် စာပေနှင့်အနုပညာမူပိုင်ခွင့် မှတ်ပုံတင်စနစ် (WIPO File,CR File) များ နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသည့် ကိုယ်စားလှယ်များနှင့် အခမ်းအနားပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခြင်းများအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ ကိုယ်စားလှယ်များနှင့် ဆွေးနွေးပွဲကျင်းပ

Mon, 02/19/2024 - 05:59 -- ipICTdep
Myanmar

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၆

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် ကုန်အမှတ် တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ ကိုယ်စားလှယ်များနှင့် ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် ရုံးအမှတ်(၅၂)၊ အစည်းအဝေးခန်းမ၌ virtual စနစ်ဖြင့်ကျင်းပရာ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က တက်ရောက်အမှာစကားပြောကြားခဲ့သည်။

   အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ကိုယ်စားလှယ်သင်တန်း တက်ရောက်ပြီးသူ ကိုယ်စားလှယ် စုစုပေါင်း (၃၀၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

  ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ ဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန်တစ်ရပ်မှာ စီးပွားရေး ဂေဟစနစ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခေတ်မီ ကောင်းမွန်သောမူပိုင်ခွင့်စနစ် တစ်ရပ်တည်ထောင်ရန် ဖြစ်၍ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အပံ့ဖြစ်စေမည့် မူပိုင်ခွင့်စနစ်တစ်ရပ်ကို ဥပဒေနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်အောင် အားလုံးဝိုင်းဝန်းကြိုးစားကြရန်ဖြစ်ကြောင်း၊ ကုန်အမှတ်တံဆိပ်ဥပဒေ အာဏာသက်ဝင်ပြီးနောက် အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းများကို လက်ခံဆောင်ရွက်မှု အချိန်ကာလသည် (၁၀)လကျော်ရှိပြီဖြစ်ပါကြောင်း၊ အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်လွှာ အရေအတွက် (၄) သောင်းကျော် လက်ခံရရှိထားပြီးဖြစ်ပါကြောင်း၊ အဆိုပါလျှောက်လွှာများကို  Trademark  Examiners များက အဆင့်ဆင့် စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိပြီး အဆိုပါ အမှတ်တံဆိပ်မူပိုင်ခွင့် လျှောက်လွှာများထုတ်ပြန်ကြေညာခြင်း နှင့် မှတ်ပုံတင်ခွင့်ပြုခြင်းများကို ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာကိုယ်စားလှယ်များနှင့် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် မူပိုင်ခွင့်ဦးစီးဌာနမှ အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းလျှောက်လွှာများ နှင့်စပ်လျဉ်း၍ စစ်ဆေးနေမှုအခြေအနေများကို သိရှိနိုင်မှာဖြစ်ပြီး ကိုယ်စားလှယ်များမှလည်း အမှတ် တံဆိပ်မှတ်ပုံတင်ရာတွင် တွေ့ကြုံရမှုအခြေအနေများ၊ အခက်အခဲများကို ဆွေးနွေးနိုင်မည် ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ကဏ္ဍသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အတွက်အရေးပါသော ကဏ္ဍတစ်ရပ် ဖြစ်သောကြောင့်  ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

   ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန၊ မူဝါဒနှင့်စီမံကိန်းဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်အေးသီရိဝေမှ အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဌာနခွဲမှ ညွှန်ကြားရေးမှူး၊ ဒေါက်တာစိမ့်သန္တာထွန်းမှ အမှတ်တံဆိပ်မှတ်ပုံတင်စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်းကောင်း၊ အိုင်တီဌာနခွဲမှ ဒေါက်တာမေဖြိုးသွယ်မှ အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းတွင် အီလက်ထရောနစ်စနစ်အသုံးပြုခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ မူပိုင်ခွင့်ဆိုင်ရာကိုယ်စားလှယ် တရားလွှတ်တော်ရှေ့နေ ဦးသိန်းအောင်က အမှတ်တံဆိပ်မှတ်ပုံတင်ခြင်း နှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။  ထို့နောက် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဆိုင်ရာ ကိုယ်စားလှယ်များနှင့် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခြင်းများအပေါ် သက်ဆိုင်ရာညွှန်ကြားရေးမှူးများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားကာ ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

Latest News: 

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ ကိုယ်စားလှယ်များနှင့် ဆွေးနွေးပွဲကျင်းပခြင်း

Mon, 02/19/2024 - 05:28 -- ipICTdep
Myanmar

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၆

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ ကိုယ်စားလှယ်များနှင့် ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် ရုံးအမှတ်(၅၂)၊ အစည်းအဝေးခန်းမ၌ virtual စနစ်ဖြင့်ကျင်းပရာ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က တက်ရောက်အမှာစကားပြောကြားခဲ့သည်။

   အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ကိုယ်စားလှယ်သင်တန်း တက်ရောက်ပြီးသူ ကိုယ်စားလှယ် စုစုပေါင်း (၃၀၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

   ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ ဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန်တစ်ရပ်မှာ စီးပွားရေး ဂေဟစနစ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခေတ်မီ ကောင်းမွန်သောမူပိုင်ခွင့်စနစ် တစ်ရပ်တည်ထောင်ရန် ဖြစ်၍ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အပံ့ဖြစ်စေမည့် မူပိုင်ခွင့်စနစ်တစ်ရပ်ကို ဥပဒေနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်အောင် အားလုံး ဝိုင်းဝန်းကြိုးစားကြရန်ဖြစ်ကြောင်း၊ ကုန်အမှတ် တံဆိပ်ဥပဒေ အာဏာသက်ဝင်ပြီးနောက် အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းများကို လက်ခံဆောင်ရွက်မှု အချိန်ကာလသည် (၁၀)လကျော်ရှိပြီဖြစ်ပါကြောင်း၊ အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်လွှာအရေအတွက် (၄) သောင်းကျော် လက်ခံရရှိထားပြီးဖြစ်ပါကြောင်း၊ အဆိုပါလျှောက်လွှာများကို  Trademark  Examiners များက အဆင့်ဆင့် စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိပြီး အဆိုပါ အမှတ်တံဆိပ် မူပိုင်ခွင့်လျှောက်လွှာများ ထုတ်ပြန်ကြေညာခြင်း နှင့် မှတ်ပုံတင်ခွင့်ပြုခြင်းများကို ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာကိုယ်စားလှယ်များနှင့် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် မူပိုင်ခွင့်ဦးစီးဌာနမှ အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းလျှောက်လွှာများ နှင့်စပ်လျဉ်း၍ စစ်ဆေးနေမှုအခြေအနေများကို သိရှိနိုင်မှာဖြစ်ပြီး ကိုယ်စားလှယ်များမှလည်း အမှတ် တံဆိပ်မှတ်ပုံတင်ရာတွင် တွေ့ကြုံရမှုအခြေအနေများ၊ အခက်အခဲများကို ဆွေးနွေးနိုင်မည်ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ကဏ္ဍသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်အရေးပါသော ကဏ္ဍတစ်ရပ် ဖြစ်သောကြောင့်  ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

   ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန၊ မူဝါဒနှင့်စီမံကိန်းဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ အေးသီရိဝေမှ အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဌာနခွဲမှ ညွှန်ကြားရေးမှူး၊ ဒေါက်တာစိမ့်သန္တာထွန်းမှ အမှတ်တံဆိပ်မှတ်ပုံတင် စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်းကောင်း၊ အိုင်တီဌာနခွဲမှ ဒေါက်တာမေဖြိုးသွယ်မှ အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းတွင် အီလက်ထရောနစ်စနစ်အသုံးပြုခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ မူပိုင်ခွင့်ဆိုင်ရာကိုယ်စားလှယ် တရားလွှတ်တော်ရှေ့နေ ဦးသိန်းအောင်က အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။  ထို့နောက် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဆိုင်ရာကိုယ်စားလှယ်များနှင့် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည် များကို မေးမြန်းခြင်းများအပေါ် သက်ဆိုင်ရာ ညွှန်ကြားရေးမှူးများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားကာ ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

Latest News: 

WIPOFile User Account ဖွင့်လှစ်ခြင်းနှင့်စပ်လျဉ်း၍ ပေးပို့ရမည့် အီးမေးလ်ပြင်ဆင်ပြောင်းလဲကြောင်း အသိပေးကြေညာချက်

Fri, 02/09/2024 - 06:00 -- ipICTdep
Undefined
Latest News: 

The ASEAN Magazine "ASEAN 2045: Shaping a Green, Connected, and Sustainable Tomorrow"

Mon, 02/05/2024 - 09:15 -- ipICTdep
Myanmar

The ASEAN Magazine "ASEAN 2045: Shaping a Green, Connected, and Sustainable Tomorrow" အား အသေးစိတ်သိရှိလိုပါက အောက်ဖော်ပြပါ လင့် တို့တွင် ဝင်ရောက်ရယူနိုင်ပါသည်-

https://asean.org/serial/the-asean/

https://theaseanmagazine.asean.org/

Latest News: 
Latest New တင္ရန္

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါ အမှုထမ်းရာထူး (၂၆) နေရာအတွက် လျှောက်လွှာခေါ်ယူခြင်း

Thu, 01/25/2024 - 08:04 -- ipICTdep
Undefined

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

မူပိုင်ခွင့်ဦးစီးဌာန

ကြော်ငြာစာအမှတ် (/၂၀၂)

လျှောက်လွှာခေါ်ယူခြင်း

၁။      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါ အမှုထမ်းရာထူး (၂၆) နေရာအတွက် လျှောက်လွှာခေါ်ယူခြင်းဖြစ်ပါသည်-

          (က)    ဒုတိယဦးစီးမှူး                                                 လစ်လပ်(၁၅) နေရာ  

                   (လစာနှုန်းကျပ် ၂၁၆၀၀ဝ-၂၀၀ဝ-၂၂၆၀၀ဝ)           

          ( ခ )   အငယ်တန်းစာရေး                                           လစ်လပ် ( ၇ ) နေရာ 

                   (လစာနှုန်းကျပ် ၁၈၀၀၀ဝ-၂၀၀ဝ-၁၉၀၀၀ဝ)

          ( ဂ )   ရုံးအကူ                                                         လစ်လပ် ( ၄ ) နေရာ 

                   (လစာနှုန်းကျပ် ၁၄၄၀၀ဝ-၂၀၀ဝ-၁၅၄၀၀ဝ) 

၂။       အထက်ဖော်ပြပါ ရာထူးနေရာများအတွက် လျှောက်ထားသူသည်-

          (က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

          ( ခ )   ဒုတိယဦးစီးမှူးရာထူးအတွက် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူဖြစ်ရမည်။

                   ( အင်္ဂလိပ်၊ ဥပဒေ၊ ကွန်ပျူတာဘွဲ့ရရှိသူများ ဦးစားပေးမည်။)

                   (ကွန်ပျူတာကျွမ်းကျင်သူဖြစ်ရမည်။)

          ( ဂ )   အငယ်တန်းစာရေးရာထူးအတွက် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူဖြစ်ရမည်။

                   (ကွန်ပျူတာကျွမ်းကျင်သူဖြစ်ရမည်။)

          (ဃ)    ရုံးအကူရာထူးအတွက် အခြေခံပညာအထက်တန်းအောင်မြင်ပြီးသူ ဖြစ်ရမည်။

                   (ကွန်ပျူတာကျွမ်းကျင်သူကို ဦးစားပေးမည်။)

          ( င )   ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး နေရာဒေသမရွေး သွားရောက်တာဝန်ထမ်းဆောင် နိုင်သူ ဖြစ်ရမည်။

          ( စ )   ပါတီနိုင်ငံရေးကင်းရှင်းသူ၊ ပြစ်မှုကျူးလွန်ခဲ့ခြင်း မရှိသူဖြစ်ရမည်။

          (ဆ)    ဌာနဆိုင်ရာတစ်ခုခုတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ပြစ်မှု၊ ပြစ်ဒဏ် တစ်ခုခုကျခံခဲ့သူ၊ နုတ်ထွက်ခဲ့သူ  မဖြစ်စေရ။

          ( ဇ )   ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၃၁) ရက်တွင် (၁၈)နှစ်ပြည့်ပြီး  အသက်(၃၀)နှစ်ထက် မကျော် လွန်သူဖြစ်ရမည်။

                  (လက်ရှိဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်ထက် မကျော်လွန်သူဖြစ် ရမည်။)

          ( ဈ )   အထက်ဖော်ပြပါ ရာထူးအဆင့်များအားလုံးအတွက် ဌာနတွင် အနည်းဆုံးတစ်ဆက် တည်း(၃)နှစ်ပြည့်သည့်အထိ တာဝန်

                     ထမ်းဆောင်ရန် ဝန်ခံကတိပြုလက်မှတ်ရေးထိုးရမည်။

          (ည)   ဒုတိယဦးစီးမှူးရာထူးလျှောက်ထားသူသည် ခိုင်လုံသောအကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ(၃)နှစ်ပြည့်သည်အထိ

                 တစ်ဆက်တည်းတာဝန်ထမ်းဆောင်ရန် ပျက်ကွက်ပါက လျော်ကြေးငွေကျပ်(၂၀)သိန်း(ကျပ်နှစ်ဆယ်သိန်းတိတိ)ကို 

                 တစ်လုံးတစ်ခဲတည်ပေးလျော်ရမည်။

      ( ဋ )   အငယ်တန်းစာရေးရာထူး လျှောက်ထားသူသည် ခိုင်လုံသောအကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲ(၃)နှစ်ပြည့်သည်အထိ တစ်ဆက်တည်းတာဝန်ထမ်းဆောင်ရန်ပျက်ကွက်ပါက လျော်ကြေးငွေကျပ်(၁၀)သိန်း(ကျပ်ဆယ်သိန်းတိတိ)ကို တစ်လုံးတစ်ခဲတည်းပေးလျော်ရမည်။

      ( ဌ )    ရုံးအကူရာထူး လျှောက်ထားသူသည် ခိုင်လုံသောအကြောင်းပြချက် တစ်စုံတစ်ရာမရှိ ဘဲ (၃)နှစ်ပြည့်သည်အထိ တစ်ဆက်တည်းတာဝန်ထမ်းဆောင်ရန် ပျက်ကွက်ပါက လျော်ကြေးငွေကျပ်(၅)သိန်း (ကျပ်ငါးသိန်းတိတိ)ကို တစ်လုံးတစ်ခဲတည်း ပေးလျော်ရမည်။

၃။      လျှောက်လွှာတွင်-

          (က)    လျှောက်ထားသူ၏ အမည်နှင့်နိုင်ငံသားစိစစ်ရေးကတ်အမှတ်။

          ( ခ )   မွေးသက္ကရာဇ်။

          ( ဂ )   လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာ။

          (ဃ)    လျှောက်ထားလိုသည့်ရာထူး။

          ( င )   ပညာအရည်အချင်း၊ အောင်မြင်သည့် ခုနှစ်နှင့်အောင်မြင်ခဲ့သည့်ကျောင်း/တက္ကသိုလ်။

          ( စ )   မိဘအမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်နှင့်၎င်းတို့၏အလုပ်အကိုင်။

          (ဆ)    ဆက်သွယ်ရန်လိပ်စာအပြည့်အစုံနှင့်ဖုန်းနံပါတ်။

          ( ဇ )   အမြဲတမ်းနေရပ်လိပ်စာ အပြည့်အစုံနှင့်ဖုန်းနံပါတ်။

၄။      လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲပါရှိရမည်-

      (က)    ဒုတိယဦးစီးမှူး၊ အငယ်တန်းစာရေးနှင့် ရုံးအကူရာထူးများတွင်  ပညာအရည်အချင်း အထောက်အထားအတွက် ဘွဲ့လက်မှတ်မိတ္တူ၊ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် မိတ္တူ၊

          ( ခ )   နှစ်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ်ဓာတ်ပုံ(၃)ပုံ။

          ( ဂ )   နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက် အလုပ်သမားမှတ်ပုံတင်ကတ်မိတ္တူ။

          (ဃ)    နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ။

        ( င )   သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံမှ (၆)လအတွင်း ရယူထားသည့် အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံချက်(မူရင်း)။

        ( စ )   သက်ဆိုင်ရာမြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းမှ (၆)လအတွင်းရယူထားသည့် ပြစ်မှုကင်းရှင်း ကြောင်း ထောက်ခံချက်(မူရင်း)။

၅။      နိုင်ငံ့ဝန်ထမ်းများသည် မူရင်းလျှောက်လွှာတစ်စောင်ကို မိမိတာဝန်ထမ်းဆောင်သည့်ဌာနမှ တစ်ဆင့် သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်ရယူ၍ လည်းကောင်း၊ ပြင်ပမှ လျှောက်ထားသူများ အနေဖြင့် ဤဦးစီးဌာန(နေပြည်တော်)ရုံးချုပ်သို့ (၈- ၂- ၂၀၂၄ )ရက်နေ့ (ကြာသပတေးနေ့) အရောက် နောက်ဆုံးထား၍ လျှောက်ထားရန်ဖြစ်ပါသည်။

၆။      စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို(၁၅-၂-၂၀၂၄)ရက်နေ့နှင့်(၁၆-၂-၂၀၂၄) ရက်နေ့များတွင် ကာယကံရှင်ကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကတ်ပြားပြသ၍ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ်(၅၂) ၊ နေပြည်တော်၌ ရုံးချိန်အတွင်း ထုတ်ယူရန် ဖြစ်ပါသည်။

၇။      ဒုတိယဦးစီးမှူး၊ အငယ်တန်းစာရေးနှင့် ရုံးအကူရာထူးနေရာအတွက် ရေးဖြေစာမေးပွဲကို အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ၊ ကွန်ပျူတာကျွမ်းကျင်မှု(လက်တွေ့) ကို  ဖြေဆိုရမည်။ ရေးဖြေစာမေးပွဲကို (၁၉-၂-၂၀၂၄) ရက်နေ့တွင် စစ်ဆေးခြင်းပြုလုပ်မည်ဖြစ်ပြီး ပဏာမရွေးချယ်ခံရသူများကို ဌာနမှဆက်သွယ်အကြောင်းကြားပါမည်။

၈။    (၂၁-၂-၂၀၂၄) ရက်နေ့နှင့် (၂၂-၂-၂၀၂၄) ရက်နေ့များတွင် ဒုတိယဦးစီးမှူး၊ အငယ်တန်းစာရေး နှင့် ရုံးအကူရာထူးနေရာများအတွက် လူတွေ့/လက်တွေ့ စစ်ဆေးမည်ဖြစ်ပါသည်။

၉။  အသက်ကန့်သတ်ချက်ကျော်လွန်သူများ၊ အချက်အလက်မပြည်စုံသောလျှောက်လွှာများနှင့် လျှောက်လွှာပိတ်ရက်ထက် နောက်ကျသောလျှောက်လွှာများအား လက်ခံစဉ်းစားမည်မဟုတ်ပါကြောင်းနှင့် အသေးစိတ်သိရှိလိုပါက ရုံးအမှတ်(၅၂)၊ မူပိုင်ခွင့်ဦးစီးဌာန၊  နေပြည်တော်(ရုံးချုပ်)သို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းနံပါတ် (၀၆၇-၃၄၃၀၅၇၁) သို့ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

 

 

                                                                                                                                                                                                                                                                                                                                               မူပိုင်ခွင့်ဦးစီးဌာန

 

 

 

Latest News: 

မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပခြင်း

Thu, 01/25/2024 - 05:49 -- ipICTdep
Undefined

နေပြည်တော်၊ ဇန်နဝါရီလ   ၂၄

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး(MSMEs) စီးပွားရေးလုပ်ငန်းရှင်များအား တီထွင်ဆန်းသစ်မှုနှင့် ဖန်တီးမှုများ မြင့်မားတိုးတက်စေရန်နှင့် တန်ဖိုးမြင့်ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်စေရန်အတွက် မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီ အချိန်တွင် နေပြည်တော်၊ ရုံးအမှတ်(၃) ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှတာဝန်ရှိသူများ၊ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး(MSMEs) စီးပွားရေးလုပ်ငန်းရှင်များ ၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) ၏ ညီနောင်အသင်းများ တက်ရောက်ခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားပြီး တီထွင်ဖန်တီးမှုများ မြင့်မားတိုးတက်စေရန် မူပိုင်ခွင့်၏ အခန်းကဏ္ဍနှင့်စပ်လျဉ်း၍လည်းကောင်း၊ စက်မှုဝန်ကြီးဌာနမှတာဝန်ရှိသူက အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းရှင်များ (MSMEs)၏ ကဏ္ဍ နှင့်စပ်လျဉ်း၍လည်းကောင်း၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက မူပိုင်ခွင့်နှင့်ဆက်နွယ်သည့် သုတေသနလုပ်ငန်းဆိုင်ရာ သိကောင်းစရာများနှင့်စပ်လျဉ်း၍လည်းကောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူက မူပိုင်ခွင့်နှင့်ဆက်နွယ်သည့် တီထွင်ဆန်းသစ်ဖန်တီးမှုဆိုင်ရာ သိကောင်းစရာများနှင့်စပ်လျဉ်း၍လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ဆွေးနွေးပွဲသို့တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းကြပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။ ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားပြီး ဆွေးနွေးပွဲကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

 

Latest News: 

စာပေနှင့်အနုပညာမူပိုင်ခွင့်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်လှစ်ခြင်း

Wed, 01/10/2024 - 03:31 -- ipICTdep
Undefined

နေပြည်တော်၊ ဇန်နဝါရီလ   ၈

   မူပိုင်ခွင့်ဦးစီးဌာန၏ စာပေနှင့်အနုပညာမူပိုင်ခွင့်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့တွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ်(၅၂)၌ Virtual စနစ်ဖြင့် ကျင်းပခဲ့ရာ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာမိုးမိုးသွယ်က အဖွင့်အမှာစကား ပြောကြားသည်။

   အဆိုပါသင်တန်းကို မူပိုင်ခွင့်ဦးစီးဌာနမှ စာပေနှင့်အနုပညာမူပိုင်ခွင့်မှတ်ပုံတင်ခြင်းများ လက်ခံဆောင်ရွက်ရာတွင် လျှောက်ထားသူများကိုယ်စားဆောင်ရွက်မည့် ကိုယ်စားလှယ်များကို စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ၊ စာပေနှင့်အနုပညာမူပိုင်ခွင့်အကြောင်းသိကောင်းစရာများ၊ မူပိုင်ခွင့်မှတ်ပုံတင် ခြင်းအတွက် Copyright Registration System အသုံးပြုမှုနည်းပညာပိုင်းဆိုင်ရာများအား သိရှိနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။

   စာပေနှင့်အနုပညာမူပိုင်ခွင့်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်းကို ၂၀၂၄ ခုနှစ်တွင် ပထမအကြိမ် ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းတွင် မူပိုင်ခွင့်နှင့်အပြည်ပြည်ဆိုင်ရာစာချုပ်များ၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်အကြောင်း သိကောင်းစရာများ၊ စာပေနှင့်အနုပညာလက်ရာများ၊ ဆက်နွယ်သည့်အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေ၊ စာပေနှင့်အနုပညာမူပိုင်ခွင့်မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်းသည့် လျှောက်လွှာများနှင့် အခကြေးငွေများ၊ စာပေနှင့်အနုပညာမူပိုင်ခွင့် မှတ်ပုံတင်ခြင်းအတွက် Copyright Registration System အသုံးပြုမှု  နည်းပညာပိုင်းဆိုင်ရာများနှင့်  အသုံးပြုမှုနည်းလမ်းများကိုလက်တွေ့သရုပ်ပြခြင်း၊  မူပိုင်ခွင့်ဆိုင်ရာကိုယ်စားလှယ်၏  အခန်းကဏ္ဍ၊  မှတ်ပုံတင်လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ ကိုယ်စားလှယ်များ သိရှိလိုက်နာသင့်သည့် အချက်များစသည့်တို့ကို ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်  ညွှန်ကြားရေးမှူးများ၊ ဘာသာရပ်ဆိုင်ရာ တာဝန်ယူဆောင်ရွက်နေသူများမှ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

   အဆိုပါ သင်တန်းကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်နေ့မှ (၁၅) ရက်နေ့အထိ(ရုံးပိတ်ရက်မပါ) (၅) ရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသား/သူ စုစုပေါင်း(၉၁)ဦးနှင့် လေ့လာသူ (၇)ဦး တက်ရောက်ကြောင်း သတင်းရရှိသည်။

Latest News: 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗိုလ်ချုပ်ကြီးမြထွန်းဦး မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ အစည်းအဝေး(၂/၂၀၂၃)သို့ တက်ရောက်အမှာစကားပြောကြားခြင်း

Tue, 01/02/2024 - 04:00 -- ipICTdep
Undefined

နေပြည်တော်၊ ဇန်နဝါရီလ

  မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီအစည်းအဝေး (၂/၂၀၂၃) ကို ယနေ့နံနက် ၉ နာရီခွဲ အချိန်တွင်နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ကျင်းပရာ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊  ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်အမှာစကားပြောကြားသည်။

  အဆိုပါအစည်းအဝေးသို့ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံ၊ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီအဖွဲ့ဝင်များဖြစ်သည့် ဒုတိယဝန်ကြီးများ ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

  အစည်းအဝေးတွင် မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဒုတိယဝန်ကြီးချုပ်က မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ၏ (၁/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်အရ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီအစည်းအဝေးကို တစ်နှစ်လျှင်(၂)ကြိမ်ကျင်းပရန် လျာထားခဲ့သည့်အတွက် ယခုအခါ ဒုတိယအကြိမ်ကျင်းပခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့များ၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် မူပိုင်ခွင့်စနစ်သစ်တစ်ရပ် တည်ထောင်ရန်လိုအပ်လာပါ၍  ၂၀၁၉ ခုနှစ်တွင် မူပိုင်ခွင့်ဥပဒေ(၄)ရပ်ကို အတည်ပြုပြဋ္ဌာန်းခဲ့ပါကြောင်း၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် အာဏာတည်ခဲ့ပြီး အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းများကို တရားဝင်လက်ခံဆောင်ရွက်ခြင်းကို ၂၀၂၃ ခုနှစ်၊ ဧပြီလ၂၆ ရက်နေ့မှစ၍ ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတို့ကိုလည်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် အာဏာတည်နိုင်ခဲ့ပြီး မူပိုင်ခွင့်လျှောက်ထားချက်များ လက်ခံနိုင်ရေးအတွက်လည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူပိုင်ခွင့်ဥပဒေများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တာဝန်ရှိသည့် ဝန်ကြီးဌာနများအပြင် မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီနှင့် မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီတို့တွင် တာဝန်ပေးအပ်မည့် အစိုးရဌာနများ၊ ပညာရှင်များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများကလည်း ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဥပဒေများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သော စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကိုလည်းအသိအမှတ်ပြုဂုဏ်ယူပါကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် မူပိုင်ခွင့်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်ဖို့ ကြိုးပမ်းကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီတွင်ပါဝင်သည့် တာဝန်ခံဝန်ကြီးဌာန၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများအနေဖြင့်  သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပြောကြားလိုပါကြောင်း ပြောကြားခဲ့သည်။

  ဆက်လက်၍  မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက မူပိုင်ခွင့်စနစ်ကို ဖွံ့ဖြိုးတိုးတက်စေရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးမင်းမင်းက မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီ(၁/၂၀၂၃)အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင် အထည်ဖော်ဆောင်ရွက်ပြီးစီးမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တွဲဖက်အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီအစည်းအဝေး(၂/၂၀၂၃)သို့ တင်ပြသည့်အမှာစာများကို ဖတ်ကြားတင်ပြရာ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌက အမှာစာများနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။ ထို့နောက် မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီ ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။

 

Latest News: 
Latest New တင္ရန္

စာပေနှင့်အနုပညာမူပိုင်ခွင့်မှတ်ပုံတင်ခြင်းဆိုင်ရာကိုယ်စားလှယ်သင်တန်း(၁/၂၀၂၄) သင်တန်းသားခေါ်ယူခြင်း

Tue, 12/19/2023 - 05:31 -- ipICTdep
Myanmar

စာပေနှင့်အနုပညာမူပိုင်ခွင့်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်း (/၂၀၂၄)” ကို စာပေနှင့်အနုပညာမူပိုင်ခွင့်မှတ်ပုံတင်ခြင်းဆိုင်ရာကိုယ်စားလှယ်အဖြစ် ဆောင်ရွက်လိုသူများအတွက် အောက်ပါအစီအစဉ်အတိုင်း ကျင်းပသွားမည်ဖြစ်ပါသည်။

သင်တန်း နေ့ရက်/ အချိန်/ နေရာ

           သင်တန်းနေ့ရက်         -    (၈-၁-၂၀၂၄) ရက်နေ့မှ (၁၅-၁-၂၀၂၄)ရက်နေ့ထိ၊ (၅) ရက်

           သင်တန်းအချိန်           -   နေ့စဉ် ( ၀၉:၃၀ )မှ ( ၁၅:၀၀ )နာရီအထိ

      သင်တန်းနေရာ                -   ရုံးအမှတ် (၅၂)၊ မူပိုင်ခွင့်ဦးစီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန

      သင်ကြားမည့်စနစ်           -   Virtual Online (Zoom Meeting)

လျှောက်လွှာလက်ခံမည့်နေ့ရက်နှင့်သင်တန်းကြေး

           သင်တန်းလျှောက်လွှာ Form လက်ခံခြင်း            -     (၁၉-၁၂-၂၀၂၃)မှ(၂၆-၁၂-၂၀၂၃)ထိ

           သင်တန်းကြေးပေးသွင်းရမည့်ရက်                     -     (၁၉-၁၂-၂၀၂၃)မှ(၂၈-၁၂-၂၀၂၃)ထိ

           သင်တန်းတက်ရောက်ခွင့်ရသူများစာရင်း            -     (၂-၁-၂၀၂၄) မှ (၃-၁-၂၀၂၄)ထိ

           ထုတ်ပြန်ကြေညာမည့်ရက်

           စာမေးပွဲကျင်းပမည့်ရက်                                    -   (၁၆-၁-၂၀၂၄) ရက်နေ့

              စာမေးပွဲကျင်းပမည့်အချိန်                               -     နံနက် (၁၀:၀၀) နာရီ

           သင်တန်းကြေး                                                 -     ၃၀၀,၀၀၀ (သုံးသိန်းကျပ်တိတိ)

           မှတ်ချက်။     သင်တန်းကြေးအား မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ဖွင့်လှစ် ထားသည့် မူပိုင်ခွင့်ဦးစီးဌာန၏ MD-014366 သို့ ပေးသွင်းရန်။

လျှောက်ထားခြင်း/ ငွေသွင်းခြင်းလုပ်ငန်းအဆင့်ဆင့်

  • လျှောက်လွှာပုံစံအား ipd.gov.mm တွင် Download ရယူ၍ ipdtraining [email protected] သို့ ပေးပို့လျှောက်ထားရမည်။
  • သင်တန်းတက်ရောက်ခွင့်ရရှိမှုအား ipd.gov.mm တွင် ကြေညာမည်ဖြစ်ပါသည်။
  • အခြားသော သင်တန်းဆိုင်ရာကိစ္စရပ်များကို လျှောက်ထားသူ၏ လျှောက်လွှာပါ
    e-mail သို့ ဆက်သွယ်ပေးမည်ဖြစ်ပါသည်။
  • သင်တန်းလျှောက်လွှာပေးပို့ပြီးပါက မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ဖွင့်လှစ် ထားသည့် မူပိုင်ခွင့်ဦးစီးဌာန၏ MD-014366 သို့ သင်တန်းကြေးပေးသွင်းရမည်။
  • သင်တန်းကြေးပေးသွင်းပြီး Bank Receipt ၏ Scanned Copy အား PDF Format or Photo ဖြင့် လျှောက်လွှာပေးပို့ခဲ့သည့် E-mail မှ [email protected] သို့ ပေးပို့ရမည်။
  • သင်တန်းကြေးပေးသွင်းမှုစိစစ်ပြီးပါက Zoom ID & Password များအား လျှောက်ထား သူ၏ လျှောက်လွှာပါ E-mail သို့ ပေးပို့မည်ဖြစ်ပါသည်။

မှတ်ချက်။ သင်တန်းကြေးပေးသွင်းရာတွင် မြန်မာ့စီးပွားရေးဘဏ်သို့ အခြားဘဏ်များမှတစ်ဆင့် ငွေလွှဲပေးပို့ခြင်းဖြစ်ပါက မြန်မာ့စီးပွားရေးဘဏ်မှ ကောက်ခံသည့် ဘဏ်ဆောင်ရွက်ခ ကိုပါ တစ်ပါတည်း ထည့်သွင်းပေးပို့ရမည် ဖြစ်ပါသည်။

စည်းကမ်းချက်များ

  • သတ်မှတ်ရက်ကျော်လွန်၍ လျှောက်ထားလာသည့် လျှောက်လွှာများအား လက်ခံခြင်း မပြုပါ။
  • လျှောက်လွှာတွင်ပါရှိသော သတ်မှတ်ထားသော အချက်အလက်များအား ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းရမည်ဖြစ်ပါသည်။
  • သတ်မှတ်သင်တန်းသားဦးရေထက် ကျော်လွန်ပါက နောင်ဖွင့်လှစ်မည့် သင်တန်းတွင် ဦးစားပေးတက်ရောက်ခွင့် ရရှိမည်ဖြစ်ပါသည်။
  • သင်တန်းအား အချိန်ပြည့်ပြီးဆုံးအောင် တက်ရောက်ရမည်ဖြစ်ပြီး အရည်အချင်းစစ် စာမေးပွဲကိုလည်း ဖြေဆိုရမည်ဖြစ်ပါသည်။
  • သင်တန်းအား အချိန်ပြည့်ပြီးဆုံးအောင် တက်ရောက်ပြီး စာမေးပွဲအောင်မြင်သူများကိုသာ သင်တန်းဆင်းလက်မှတ် ထုတ်ပေးမည် ဖြစ်ပါသည်။
  • သင်တန်းကြေးအား သတ်မှတ်သည့်နေ့ရက်အတွင်း ပေးသွင်းခြင်းမရှိလျှင် သင်တန်းသား အဖြစ် မှတ်ယူမည်မဟုတ်ပါ။
  • သင်တန်းကြေးပေးသွင်းပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် သင်တန်းမတက်ရောက် နိုင်လျှင်ဖြစ်စေ၊ သင်တန်းတက်ရောက်ဆဲ ပျက်ကွက်လျှင်ဖြစ်စေ ပေးသွင်းပြီးထားသော သင်တန်းကြေးအား ပြန်လည်ထုတ်ပေးမည် မဟုတ်ပါ။
  • စာပေနှင့်အနုပညာမူပိုင်ခွင့်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက် လိုသူ ပြည်တွင်းမှကိုယ်စားလှယ်များကို (နိုင်ငံ့ဝန်ထမ်းများမပါ) သင်တန်း တက်ရောက် ခွင့်ပြုမည် ဖြစ်ပါသည်။  

မှတ်ချက်။ အသေးစိတ် သိရှိလိုပါက ၀၆၇-၄၃၀၅၇၁ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

မူပိုင်ခွင့်ဦးစီးဌာန

Latest News: 
Latest New တင္ရန္

Pages

Subscribe to RSS - သတင်းများ