(၇၁) ကြိမ်မြောက် အာဆီယံမူပိုင်ခွင့်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း အဖွဲ့အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခြင်း

Wed, 11/08/2023 - 09:47 -- ipICTdep

နေပြည်တော်၊ နိုဝင်ဘာလ

   အင်ဒိုနီးရှားနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့မှ ၁၀ ရက်နေ့အထိ hybrid စနစ်ဖြင့်ကျင်းပပြုလုပ်မည့် “(၇၁) ကြိမ်မြောက် အာဆီယံမူပိုင်ခွင့်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများ (71st Meeting and Related Meetings  of the ASEAN Working Group on Intellectual Property Cooperation – AWGIPC)”သို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့က virtual စနစ်ဖြင့် ပါဝင်တက်ရောက်လျက်ရှိပါသည်။

   အဆိုပါ အစည်းအဝေးကို အာဆီယံနိုင်ငံများအကြား မူပိုင်ခွင့်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် သိရှိပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး အာဆီယံနိုင်ငံများရှိ မူပိုင်ခွင့်ရုံးများမှ ညွှန်ကြားရေးမှူးချုပ်များ ဦးဆောင်သည့် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြပါသည်။ အစည်းအဝေးတွင် အာဆီယံစီးပွားရေးအသိုက်အဝန်းပါ အာဆီယံ မူပိုင်ခွင့်ဆိုင်ရာလုပ်ငန်းစီမံချက် (၂၀၁၆-၂၀၂၅)အရ အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများ၊ ဦးစားပေးလုပ်ငန်းများ သတ်မှတ်ခြင်းနှင့် ၂၀၂၅ အလွန်ကာလများအတွက် အာဆီယံမူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းစီမံချက်များကို ပြုစုခြင်းများအပါအဝင် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးသွားကြမည်ဖြစ်ပြီး၊ ဆွေးနွေးမှုမိတ်ဖက်နိုင်ငံများနှင့်လည်း မူပိုင်ခွင့်ပူးပေါင်းဆောင်ရွက်မှုများအပေါ် ဆက်စပ်အစည်းအဝေးများကိုလည်း တစ်ဆက်တည်းပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။