ပြည်တွင်းဈေးကွက်သတင်းများ

ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုမှာ ယခင်တစ်ပတ်က တစ်သောင်း အောက်ကိုလျော့ကျခဲ့ရာမှ ယခုတစ်ပတ်မှာ ပြန်လည်တိုးတက် လာခဲ့ပါသည်။ဇွန် ၁၈ မှ ၂၂ ရက်အထိ တစ်ပတ်အတွင်း တန်ချိန် ၁၅၃၀၀ ကျော်ထိ တင်ပို့နိုင်ခဲ့ကြောင်း သိရပါသည်။ယခင်သီတင်း ၂ ပတ်ခန့်က ပြည်ပအဝယ်လျော့ခဲ့ရာမှ ယခုနောက်ပိုင်းမှာ ဝယ်လိုအား ပြန်ကောင်းလာတဲ့အတွက် တင်ပို့မှုပြန်တက်လာခြင်း ဖြစ်ပါသည်။ ယခု ဘဏ္ဍာနှစ် ဇွန်၂၂ ရက်အထိ မတ်ပဲစုစုပေါင်း တင်ပို့ပြီးစီးမှုမှာ တန်ချိန် ၁၇၃၀၀၀ ခန့် ရှိပြီး ကန်ဒေါ်လာ ၉၃သန်းကျော် ဝင်ငွေရရှိကြောင်း သိရပါသည်။ ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်းမှာ မတ်ပဲတန်ချိန် ၁၇၀၀၀၀ကျော် တင်ပို့ခဲ့ပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၁၅၅ သန်းနီးပါး ရရှိခဲ့လို့ ယခုနှစ်မှာ တင်ပို့တဲ့ ပမာဏပိုမိုပေမဲ့ ရရှိတဲ့ဝင်ငွေမှာ ကန်ဒေါ်လာ သန်းပေါင်း ၆၀ ကျော်လျော့နည်းတာတွေ့ရပါသည်။ လာမယ့်သီတင်း ပတ်တွေမှာလည်း တင်ပို့မှုအားကောင်းဖွယ်ရှိပါသည်။

ပြည်တွင်းဈေးကွက်တွေမှာ လက်ကျန်နည်းလာပြီဖြစ်တဲ့ ပဲလွန်းဖြူကို တင်ပို့မူရော ရောင်းဝယ်မူပါ လျော့လာတာတွေ့ရပါသည်။ ယခင်တစ်ပတ်က ပင်လယ်ရေကြောင်းက ပဲလွန်းဖြူတန်ချိန် ၇၀၀တင်ပို့ခဲ့ပြီး ယခုတစ်ပတ်အတွင်းမှာ တန်၆၀၀ကျော်ကို ထပ်မံလျော့ကျ တင်ပို့ခဲ့ပါသည်။ ဇွန်လ ၁၅ရက်အထိ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွင်း ပဲလွန်းဖြူတင်ပို့မူမှာ တန်ချိန် ၁၂၈၀၀ခန့်ရှိပြီး ကန်ဒေါ်လာ ၉သန်းကျော်ရရှိခဲ့ကြောင်းသိရပါသည်။ ယခင်နှစ် ကာလတူမှာ တန်ချိန် ၉၆၀၀ခန့် တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၈ ဒသမ ၆သန်းကျော် ရရှိခဲ့လို့ ယခုနှစ်ကာလတူမှာ တန်ချိန် ၃၀၀၀ကျော် ပိုမိုတင်ပို့နိုင်ကြောင်း သိရပါသည်။

ရန်ကုန် ဈေးကွက်မှာလည်း လက်ကျန်ပဲလွန်းဖြူများ အရောင်းအဝယ်ပြုလုပ်လျှက်ရှိရာ ဇွန် ၁၅ရက်မှ ၂၁ရက်အတွင်းမှာ တန်ချိန် ၉၆၀ခန့် အရောင်းအဝယ်စာချုပ်နိုင်ခဲ့ကြောင်းသိရ ပါသည်။ လက်ကျန်နည်းပြီး ပြည်ပအဝယ်ရှိပေမဲ့ ရန်ကုန် ဈေးမှာ ပြောင်းလဲခြင်း မရှိကြောင်း သိရပါသည်။ ဇွန် ၂၂ရက်မှာ ပဲလွန်းဖြူ တစ်တန် ကန်ဒေါ်လာ ၆၆၀-၆၈၀ရှိပြီး မှာ ကန်ဒေါ်လာ ၇၉၀-၈၁၀ရှိကြောင်းသိရပါသည်။

ပဲမျိုးစုံ ပင်လယ်ရေကြောင်းကတင်ပို့တဲ့အနက် ပဲစဉ်းငုံတင်ပို့မူက ယခုတစ်ပတ်မှာ စံချိန်တိုးလာခဲ့ပါသည်။ ယခင်တစ်ပတ်က တန်ချိန်၁၂၀၀၀ခန့်တင်ပို့နိုင်ခဲ့ပြီး ယခုတစ်ပတ်မှာ တန်ချိန် ၁၄၅၀၀ကျော်တင်ပို့နိုင်ခဲ့ကြောင်း သိရပါသည်။ ၂၀၁၂-၁၃ခုနှစ် ဘဏ္ဍာနှစ် ဇွန်၁၅ ရက်ထိ ပဲစဉ်းငုံစုစုပေါင်း တန်ချိန် ၇၉၀၀၀ခန့်တင်ပို့ခဲ့ခြင်းမှ ကန်ဒေါ်လာ ၄၄သန်းကျော် ရရှိကြောင်း သိရပါသည်။ ယခင်ဘဏ္ဍာနှစ်ကာလတူမှာ တန်ချိန် ၃၈၀၀၀ကျော်တင်ပို့ခြင်းမှ ကန်ဒေါ်လာ၂၉သန်းနီးပါး ရရှိခဲ့လို့ ယခုနှစ်ကာလတူမှာ ၁ဆခန့် ပိုတင်ပို့နိုင်ခဲ့ကြောင်း သိရပါသည်။ လတ်တလောရောင်းဝယ်မူအခြေအနေအရ လာမယ့်သီတင်းပတ်တွေမှာလည်း တင်ပို့မူဆက်လက် အားကောင်းနိုင်ကြောင်း ခန့်မှန်းရပါသည်။

ပင်လယ်ရေကြောင်းမှ မတ်ပဲတင်ပို့မူမှာ ယခုတစ်ပတ်အတွင်း တန်တစ်သောင်းအောက်ကို လျော့ကျလာခဲ့ပါသည်။ ယခင်သီတင်းပတ် တန်ချိန်၁၂၀၀၀ ကျော်တင်ပို့ခဲ့ရာမှ ယခု တစ်ပတ်(ဇွန် ၁၀-၁၅ရက်)အတွင်းမှာ တန်ချိန်၉၁၀၀ကျော်တင်ပို့ခဲ့ကြောင်းသိရပါသည်။ ယခင်သီတင်းပတ်များတွင် ပြည်ပအဝယ်လျော့ကျခဲ့သည့်အတွက် ယခုသီတင်းပတ် တင်ပို့မူ ကျဆင်းလာခြင်း ဖြစ်ပါသည်။ ၂၀၁၂-၂၀၁၃ဘဏ္ဍာနှစ် ဇွန်၁၅ရက်အထိ မတ်ပဲစုစုပေါင်း တင်ပို့ ပြီးစီးမူမှာ တန်ချိန် ၁၅၇၀၀၀ကျော်ရှိပြီး ကန်ဒေါ်လာ ၈၅သန်းကျော် ဝင်ငွေရရှိကြောင်းသိရ ပါသည်။ ယခင်ဘဏ္ဍာနှစ်ကာလတူမှာ တန်ချိန် ၁၅၄၀၀၀ကျော် တင်ပို့ခြင်းမှာ ကန်ဒေါ်လာ ၁၄၀သန်းကျော်ရရှိလို့ ယခုနှစ်ကာလတူမှာ ပမာဏအနည်းငယ် ပိုမိုသော်လည်းဝင်ငွေမှာ ကန်ဒေါ် လာ ၅၅သန်းကျော်လျော့ကျကြောင်း သိရပါသည်။ လက်ရှိရောင်းဝယ်မူအရ လာမယ့်သီတင်း ပတ်တွေမှာ တင်ပို့မူ ပုံမှန်ဖြစ်လာနိုင်ကြောင်း ခန့်မှန်းရပါသည်။

ပဲလွန်းဖြူ(18.6.2012)

ဈေးကွက်များတွင် လက်ကျန်နည်းလာပြီဖြစ်သော ပဲလွန်းဖြူသည် ယခုတစ်ပါတ် တွင်တင်ပို့မူ ၊ ရောင်းဝယ်မူ လျော့ကျလာပါသည်။ ယခင်တစ်ပတ်တွင် ပင်လယ်ရေ ကြောင်းမှ ပဲလွန်းဖြူတန်ချိန် ၁၆၀၀ ခန့်ထိတင်ပို့ခဲ့ပြီး ယခုတစ်ပတ်(ဇွန်လ- ၄-၈ ) အတွင်းတွင် တန်ချိန် ၇၀၀ သာတင်ပို့နိုင်ခဲ့သည်။၂၀၁၂-၁၃ ဘဏ္ဍာနှစ် ဇွန် ၈ ရက် အထိစုစုပေါင်းပဲလွန်ူးဖြူ တန်ချိန် ၁၂၀၀၀ ကျော်ရှိပြီး ကန်ဒေါ်လာ ၉ သန်း နီးပါး ရရှိထားပြီးယခင်နှစ်ကာလတူတင်ပို့မူ တန်ချိန် ၉၀၀၀ မှရရှိသော ဝင်ငွေကန်ဒေါ်လာ ၈ သန်းကျော်ထက် ပမာဏ၊ ဝင်ငွေပိုမိုခဲ့ပါသည်။

နယ်ဈေးကွက်များတွင် လက်ကျန်နည်းနေပြီး ကုန်သည်အချို့တွင်သာ လက်ကျန် ရှိနေသောကြောင့်ုပဲလွန်းဖြူကို ရန်ကုန် FOB ဈေးကွက်တွင်ယခုတစ်ပါတ် တန်ချိန် ၁၂၀ သာ အရောင်းအဝယ်ဖြစ်ခဲ့သည်။ လက်ကျန်နည်းပြီး ဝယ်လိုအားရှိသော်လည်း ရန်ကုန် FOB ဈေးကွက်တွင် ပြောင်းလဲမှု့မရှိခြင်းဖြစ်သည်။ ဇွန်လ ၁၅ ရက်တွင် ပဲလွန်းဖြူ FAQ တစ်တန်ကန်ဒေါ်လာ ၆၆၀ -၆၈၀ နှင့် SQ တစ်တန် ကန်ဒေါ်လာ ၇၉၀-၈၁၀ ရှိကြောင်း သိရရှိရပါသည်။

Pages

Subscribe to ပြည်တွင်းဈေးကွက်သတင်းများ