ပြည်တွင်းဈေးကွက်သတင်းများ

မတ်ပဲအနေဖြင့် အိန္ဒိယဝယ်လက်မှ ဈေးချဝယ်ယူမှုရှိသလို ပြည်တွင်း ကုန်သည်အချင်းချင်းကြား ငွေကြေးအပေးအလျော်ကိစ္စများ ရှိနေသဖြင့် လက်ရှိတွင် အရောင်းအဝယ်မှာ ဖြစ်သင့်သလောက် မဖြစ်သလောက်အခြေအနေ ရှိနေပါသည်။ ယခုရက်ပိုင်းအတွင်း မတ်ပဲပြည်တွင်းဈေး ကောင်းလာသော်လည်း FOB အရောင်း အဝယ်နည်းပါးမှု ဖြစ်လာပြီး ပြည်တွင်းဈေးနဲ့ FOB ဈေးကွာဟမှုမှာလည်း ပုံမှန်မဟုတ်သော အနေအထားမှာရှိနေပါသည်။ ပြည်တွင်းမှာ ဈေးတင်ဈေးချ ရောင်း ဝယ်နေသည့်ပုံစံ ဖြစ်နေပါသည်။ ယခုတစ်ပတ်မတ်ပဲ ဘုရင့်နောင်ဈေးမှာ ပြီးခဲ့သည့် အပတ်နှင့် ယှဉ်လျှင် တစ်တန် ၁၅၀၀၀ကျပ်ခန့် လျော့ကျလာခဲ့ပါသည်။

သြဂုတ်လ ၁ ရက်မှ ၇ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာသုညဒသမ ၀၀၇ သန်း တန်ဖိုးရှိ ပဲယင်း ၁၀တန်ကို တမူးနယ်စပ်မှ အပို့ရှိလာတာတွေ့ရပါသည်။ ယခုနှစ် အတွင်း လအလိုက်နယ်စပ်မှ ပဲယင်းတင်ပို့နိုင်မှုတွေကတော့ ဧပြီလတွင် ၁၀၂၉ တန်၊မေလတွင် ၃၂၉၄ တန်၊ဇွန်လတွင် ၁၇၈၁ တန်နဲ့ ဇူလိုင်လတွင် ၃၃၆ တန် တင်ပို့ထားပြီးဖြစ်ပါသည်။

မြန်မာ-တရုတ်နယ်စပ်ရှိမူဆယ် ကန်ဒေါ်လာသုညဒသမ ၉၈၆သန်းတန်ဖိုးရှိ ပဲတီစိမ်း ၁၀၈၂ တန်ကို သြဂုတ်လ ၁ ရက်မှ ၇ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါသည်။ ယခင်အပတ်ကထက် ၁၅၄ တန် အပို့လျော့ခဲ့တဲ့အပြင် ယခုအပတ်မှာ ပဲတီစိမ်း လုံးခြမ်းလည်း တင်ပို့နိုင်ခြင်းမရှိဘူးလို့ သိရပါသည်။

သြဂုတ်လ ၁ ရက်မှ ၇ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုညဒသမ ၀၉၈သန်း တန်ဖိုးရှိ စွန်တာနီ/ပြာ ၁၅၁ တန်ကျော်၊ကန်ဒေါ်လာ သုညဒသမ ၁၀၀ သန်းတန်ဖိုးရှိ ထောပတ်ပဲ ၁၆၉ တန်ကျော်နဲ့ ကန်ဒေါ်လာ သုညဒသမ ၀၅၄သန်းတန်ဖိုးရှိ ပဲနီကြား ၆၉ တန်ကျော်ကို တစ်ဖက်နိုင်ငံသို့ အပို့ရှိခဲ့ပါသည်။ ယခင်အပတ်နဲ့ နှိုင်းယှဉ်လျှင် စွန်တာနီ/ပြာ မှာ ၂ဆကျော်၊ထောပတ်ပဲက ၁၉တန် ကျော်နဲ့ ပဲနီကြား ၁၄ တန်ကျော် အပို့ပိုခဲ့ကြောင်းသိရပါသည်။

ယခုတစ်ပတ် ပဲမျိုးစုံတင်ပို့မှုထဲက တန်ချိန် အများဆုံးတင်ပို့တဲ့ မတ်ပဲက တန် ၁၃၈၀၀ ကျော်နဲ့ ယခင်အပတ်တင်ပို့မှုတန်ချိန် ၁၃၁၀၀ ကျော်ထက် ပိုမိုတင်ပို့နိုင်ပေမဲ့ ယခုတစ်ပတ် မတ်ပဲရောင်းဝယ်မှုကတော့ တန်ချိန် ၇၅၀၀ ကျော်သာရှိလို့ ယခင်အပတ်ထက် ၆၂ ရာခိုင်နှုန်းသာ အရောင်းအဝယ်ဖြစ် ခဲ့ပါသည်။ ရန်ကုန် FOB ဈေးက ယခင်အပတ်ထက်မြင့်လာပေမဲ့ ပြည်ပဈေးက လျော့နေပါသည်။ ယခုတစ်ပတ်အတွင်း မတ်ပဲကို တရုတ်၊ကျူးဘား၊အိန္ဒိယ၊ မလေးရှား၊ စင်ကာပူ၊ထိုင်း၊တူနီးရှား၊ဗီယက်နမ်၊ဆွစ်ဇာလန်၊ဆွီဒင်နဲ့ သြစတြေးလျ နိုင်ငံများကို တင်ပို့ခဲ့ပါသည်။မတ်ပဲကို လက်ရှိဘဏ္ဍာနှစ် ဇူလိုင်လကုန်အထိ တန်ချိန် ၂၆၄၈၀၀ ကျော်တင်ပို့ခဲ့လို့ ယခင်နှစ်ကာလတူက တင်ပို့မှုတန်ချိန် ၂၅၃၂၀၀ ကျော်ထက်ပိုမိုတင်ပို့တာတွေ့ရပါသည်။

ပဲတီစိမ်းကို ယခုတစ်ပတ်တန်ချိန် ၂၆၀၀ကျော်တင်ပို့ခဲ့လို့ ယခင်အပတ် တင်ပို့မှု တန်ချိန် ၂၃၀၀ထက်ပိုမိုတင်ပို့ခဲ့ပါသည်။ အရောင်းအဝယ်ဖြစ်မှုက တန်ချိန် ၆၈၀ကျော်သာရှိလို့ ယခင်အပတ်ထက် ၈ %သာ အရောင်းအဝယ်ဖြစ် ခဲ့ပါသည်။ ဒါပေမဲ့ ရန်ကုန် FOBဈေးက ယခင်အပတ်အတိုင်း ဈေးငြိမ်နေပြီး ပြည်ပပဲဈေးက အနည်းငယ်အေးနေပါသည်။ယခုတစ်ပတ်ပဲတီစိမ်းကို တရုတ်၊အိန္ဒိယ၊အင်ဒိုနီးရှား၊မလေးရှား၊ဖိလစ်ပိုင်၊စင်ကာပူ၊ထိုင်း၊ပိုလန်၊ဘင်ဂလားဒေ့ရှ်နဲ့ ဂျာမဏီနိုင်ငံများကို တင်ပို့ခဲ့ပါသည်။ပဲတီစိမ်းကို လက်ရှိဘဏ္ဍာနှစ် ဇူလိုင်လ ကုန်အထိ တန်ချိန် ၁၄၂၈၀၀ ကျော်တင်ပို့ခဲ့လို့ ယခင်နှစ်ကာလတူတန်ချိန် ၁၃၁၀၀၀ ကျော်ထက်ပိုတင်ထားပါသည်။

ယခုတစ်ပတ်ပဲစင်းငုံတင်ပို့မှုက အခြားပဲတွေထက် တင်ပို့နှုန်းအမြင့်ဆုံး ဖြစ်ခဲ့ပါသည်။ပဲစင်းငုံရောင်းဝယ်မှုကတော့ အခြားပဲတွေလိုပဲ လျော့နေပါသည်။ ပဲစင်းငုံကို တစ်ပတ်အတွင်း တန် ၁၂၂၀၀ ကျော်နဲ့ တရုတ်၊အိန္ဒိယ၊စင်ကာပူ၊ ထိုင်း၊ယူအေအီးနဲ့ ဆွစ်ဇာလန်နိုင်ငံများကို တင်ပို့ခဲ့ပါသည်။ အိန္ဒိယပဲစင်းငုံ အဝယ် လိုက်ပြီး ဈေးဆက်မာနေလို့ ရန်ကုန်FOB ဈေးလည်း မြင့်နေပါသည်။ လက်ရှိ ဘဏ္ဍာနှစ် ဇူလိုင်လကုန်ထိ တန်ချိန် ၁၃၆၆၀၀ ကျော်တင်ပို့ခဲ့ပြီး ယခင်နှစ်ကာလတူ တင်ပို့မှု တန်ချိန် ၆၆၉၀၀ ထက် နှစ်ဆကျော် တင်ပို့ထားပြီးဖြစ်ပါသည်။

ယခုတစ်ပတ် ကုလားပဲ တင်ပို့မှုက အခြားပဲတွေလိုပဲ တင်ပို့မှုမြင့်နေ ပါသည်။ရောင်းဝယ်မှုက ယခင်အပတ်ထက်လျော့ပြီး ၁၀% သာရှိပါသည်။ ပြည်ပကုလားပဲ ဈေးအေးနေပြီး ကုလားပဲ FOB ဈေးလည်း ငြိမ်နေတာကြောင့် ရောင်းဝယ်မှုလည်း အေးနေပါသည်။ကုလားပဲကို တစ်ပတ်အတွင်း တန် ၁၀၀၀ ကျော်နဲ့ တရုတ်၊အိန္ဒိယ၊စင်ကာပှု၊ဆွစ်ဇာလန်နဲ့ ယူအေအီးနိုင်ငံများကို တင်ပို့ခဲ့ ပါသည်။

Pages

Subscribe to ပြည်တွင်းဈေးကွက်သတင်းများ