ပြည်တွင်းဈေးကွက်သတင်းများ

ပြည်ပသို့ ပင်လယ်ရေကြောင်းမှ ပဲစဉ်းငုံတင်ပို့မှုတွင် ယခင်သီတင်းပတ်ထက် ပိုပြီး တန်ချိန် ၇၅၀၀ ကျော်ထိ ပုံမှန်ပမာဏ တင်ပို့မှုရှိလာပါသည်။ ယခင်သီတင်းပတ် ပဲစဉ်းငုံတန်ချိန် ၆၀၀ ကျော်သာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခု ဘဏ္ဍာနှစ် မတ်လ၁၆ရက် နေ့အထိ ပဲစဉ်းငုံစုစုပေါင်း တင်ပို့ပြီးစီးမှုမှာ တန်ချိန်၃သိန်းကျော်ဖြစ်ပြီး ယခင်နှစ်ကာလ တူမှာ တန်ချိန် ၁၄၀၀၀၀ ခန့်သာရှိသဖြင့် ယခုနှစ်မှာ တစ်ဆကျော် ပမာဏအားဖြင့် တန်ချိန် ၁၆၀၀၀၀ ကျော် ပိုမိုတင်ပို့ လာနိုင်ကြောင်းသိရပါသည်။ လက်ရှိအရောင်း အဝယ်ဖြစ်မှု အခြေအနေအရ လာမယ့်သီတင်းပတ်မှာလည်း ပုံမှန်ပမာဏအတိုင်း တင်ပို့နိုင် မည်ဟုခန်းမှန်း ရရှိပါသည်။

ယခုတစ်ပတ်အတွင်း ပြည်ပကိုမတ်ပဲတင်ပို့မှုတွင် တန်တစ်သောင်းအထက် ပို့မိုတင်ပို့ လာနိုင်ပါသည်။ ယခင်တစ်ပတ် မတ်ပဲတန်ချိန် တစ်သောင်းနီးပါးတင်ပို့်ခဲ့ရာမှ ယခုတစ်ပတ်(မတ်လ ၁၂-၁၆ ရက်) အတွင်း မတ်ပဲ FAQ ၊ SQ စုစုပေါင်း တန်ချိန် ၁၁၀၀၀ ကျော်ထိ တင်ပို့နိုင်ခဲ့သည်ကို တွေ့ရပါသည်။ ၂၀၁၁-၁၂ မတ်လ ၁၆ ရက်ထိ မတ်ပဲစုစုပေါင်း ပြည်ပတင်ပို့ပြီးစီးမှု တန်ချိန် ၅၇၀၀၀၀ ကျော်ရှိပြီး ယခင် ဘဏ္ဍာနှစ် ကာလတူအတွင်း တန်ချိန် ၄၅၀၀၀၀ကျော် တင်ပို့ခဲ့သဖြင့် ယခုနှစ်ကာလတူတွင် တန်ချိန် ၁၂၀၀၀၀ ကျော်တင်ပို့နိုင်သည်ကို တွေ့ရပါသည်။ အပတ်စဉ်တင်ပို့မှုမှာ လက်ရှိတင်ပို့ နှုန်းထက် အနည်းငယ်တင်ပို့နိုင်လျှင် ယခုဘဏ္ဍာနှစ် တစ်နှစ်လုံးတွင် မတ်ပဲတန် ၆သိန်းခန့် တင်ပို့နိုင်မည်ဟု ခန့်မှန်းရရှိ ပါသည်။

ပဲစင်းငုံတစ်ပါတ်အတွင်း တင်ပို့မှု ဆက်လက်လျော့ကျ

ပင်လယ်ရေကြောင်းက ပဲစဉ်းငုံတင်ပို့မှုက ဆက်လက်လျော့ကျလာပါတယ်။ ယခင် တစ်ပတ်က တန်ချိန် ၇၀၀၀ ကျော်လျော့ကျခဲ့သလို ယခုတစ်တစ်ပတ် (ဖေဖော်ဝါရီ ၂၇- မတ် -၁) အတွင်းမှာလည်း တန်ချိန် ၆၅၀၀ သာတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ဒါပေမဲ့ ဖေဖော်ဝါရီလ တစ်လလုံး တင်ပို့မှုမှာ တန်ချိန် ၄၇၀၀၀ ကျော်ရှိလို့ ဇန်နဝါရီလ တင်ပို့ခဲ့တဲ့ တန်ချိန် ၄၄၀၀၀ ကျော်ထက် ပိုမို သလို ၂၀၁၁ ဖေဖော်ဝါရီလ တင်ပို့ခဲ့တဲ့ တန်ချိန် ၂၂၀၀၀ ကျော်ထက်လည်း တစ်ဆပိုမိုတင်နိုင်တာ တွေ့ရပါတယ်။

၂၀၁၁-၁၂ ဘဏ္ဍာနှစ် မတ်လ ၂ ရက်နေ့အထိ ပဲစဉ်းငုံ စုစုပေါင်းတင်ပို့ပြီးစီးမှုမှာ တန်ချိန် ၂၉၀၀၀၀ ကျော်ရှိပြီဖြစ်လို့ ယခင်ဘဏ္ဍာနှစ်ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၁၃၀၀၀၀ ထက် တစ်ဆကျော် ပိုမိုတင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ လက်ရှိရောင်းဝယ်မှု အခြေအနေအရ လာမယ့် သီတင်းပတ်မှာလည်း တင်ပို့မှု နည်းနိုင်ကြောင်း ခန့်မှန်းရပါတယ်။

ပဲလွန်းဖြူတင်ပို့မှု

မူဆယ်နယ်စပ်မှ ပဲလွန်းဖြူ တန် ၁၅၀ ကျော်အပို့ရှိ

မြန်မာတရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်မှ ကန်ဒေါ်လာ ဝ.၁၀၆ သန်းတန်ဖိုးရှိ ပဲလွန်းဖြူ ၁၅၈ တန်ခန့်ကို ဖေဖော်ဝါရီလ ၂၉ ရက်မှ မတ်လ ၆ ရက်အတွင်းတင်ပို့ခဲ့ပါသည်။ ဖေဖော်ဝါရီလတွင် ၁၁၂၃ တန်၊ ဧပြီလမှ ဖေဖော်ဝါရီလထိ ၄၂၂၈ တန်တင်ပို့ပြီးဖြစ်ပါသည်။ တစ်ဖက်နိုင်ငံဈေးမပြောင်းလဲသော်လည်း မိမိနိုင်ငံဈေးမှာ ၁၀၆၉ ကျပ်လျော့နည်းခဲ့ပါသည်။

ယခုတစ်ပတ် မတ်ပဲတင်ပို့မှု

ယခုတစ်ပတ် (ဖေဖော်ဝါရီလ ၂၇- မတ်လ ၁ ရက်) အတွင်း ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုမှာ တန်ချိန် ၅၂၀၀ ကျော်သာရှိလို့ ယခင်တစ်ပတ် တင်ပို့တဲ့ တန်ချိန် ၉၀၀၀ ထက်လျော့ကျခဲ့ပါတယ်။ ၂၀၁၂ ဖေဖော်ဝါရီလ တစ်လလုံး တင်ပို့မှုကို လေ့လာကြည့်ရင် တန်ချိန် ၃၅၀၀၀ ခန့်ရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၂၀ သန်းကျော်ရရှိခဲ့လို့ ဇန်နဝါရီလ တင်ပို့ခဲ့တဲ့ တန်ချိန် ၂၈၀၀၀ ခန့်ထက် ပိုမိုတင်ပို့ နိုင် ကြောင်းသိရပါတယ်။ ၂၀၁၁ ကာလတူ ဖေဖော်ဝါရီလအတွင်း မတ်ပဲတန်ချိန် ၃၀၀၀၀ ကျော် တင်ပို့နိုင်ပြီး၊ ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၂၇ သန်းကျော် ရှိလို့ ယခုနှစ်ကာလတူမှာ ပမာဏ အားဖြင့် ပိုမိုတင်ပို့နိုင်ခဲ့သော်လည်း ဝင်ငွေတွင် လျော့ကျခဲ့ပါသည်။

လက်ရှိ၂၀၁၁-၁၂ဘဏ္ဍာနှစ် မတ်လ ၂ရက်နေ့အထိ မတ်ပဲစုစုပေါင်း တင်ပို့နိုင်မှုကို လေ့လာကြည့်လျင် တန်ချိန် ၅၅၀၀၀၀ ကျော်ရှိသဖြင့် ယခင်နှစ်ကာလတူတင်ပို့မှု တန်ချိန် ၄၃၀၀၀၀ ကျော်ထက် တန် တစ်သိန်းကျော် ပိုမို တင်ပို့ နိုင်ကြောင်းသိရပါသည်။ မတ်ပဲတင်ပို့မှုတွင် ယခင်အပတ်ကဲသို့ ပုံမှန်တင်ပို့နိုင်မည်ဟု ခန့်မှန်းထားပါသည်။

Pages

Subscribe to ပြည်တွင်းဈေးကွက်သတင်းများ