မိတ္ထီလာခရိုင်အတွင်း ဝါသီးနှံစိုက် တောင်သူများ အကျိုအမြတ်များရရှိ

Thu, 07/27/2023 - 05:19 -- comsumer

          မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်သည် ဝါစိုက်ပျိုးမှုများသောဒေသဖြစ်ပြီး ဝါစက်လုပ်ငန်း နှင့် ဝါစေ့ဆီစက်များမှ ဝါစေ့ဆီထုတ်လုပ်သည့်လုပ်ငန်းများ လုပ်ကိုင်ကြကြောင်း၊ ဝါသီးနှံကို မိုးကြို၊ မိုးနှင့် မိုးနှောင်းဟူ၍ စိုက်ပျိုးကြကာ ဒေသတွင်း၌ မိုးနှင့် မိုးနှောင်းဝါများကိုသာ အများဆုံးစိုက်ပျိုး ကြကြောင်း၊ လက်ရှိအချိန်၌ ဝါသီးနှံ စိုက်ပျိုးဆဲကာလဖြစ်သည့်အတွက် ဝါနှင့် ဂွမ်း လက်ကျန် အနည်းငယ်သာ ရှိကြောင်း သိရသည်။

          မိတ္ထီလာမြို့နယ်တွင် ဝါစက်လုပ်ငန်းရှင် (၇) ဦးရှိသည့်အနက် လုပ်ငန်းရှင် (၆) ဦးမှာ ဝါစက် လုပ်ငန်းအပြင် ဝါစေ့ဆီထုတ်လုပ်သည့်လုပ်ငန်းများကိုပါ လုပ်ကိုင်လျက်ရှိကြောင်း၊ ဝါစက်လုပ်ငန်း အနေဖြင့် ဝါကုန်ကြမ်း(၃)ပိဿာကြိတ်လျှင် ဂွမ်း(၁)ပိဿာနှင့်ဝါ‌စေ့ သုံးပုံနှစ်ပုံခန့် ထွက်ရှိကြောင်း၊ ဝါစေ့ဆီ ထုတ်လုပ်မှုအနေဖြင့် ဝါစေ့(၁၀၀)ပိဿာကြိတ်လျှင် ဝါစေ့ဆီ(၁၀/၁၂)ပိဿာခန့် ထွက်ရှိ ကြောင်း၊ ဝါစေ့ဆီကို အကြော်လုပ်ငန်းများမှ ဝယ်ယူလျက်ရှိပြီး ဝါစေ့ဖက်များကို တိရစ္ဆာန်အစာနှင့် မှိုစိုက်ပျိုးရေးတို့အတွက် အသုံးပြုကြကြောင်း သိရသည်။

          ဈေးနှုန်းအနေဖြင့် ဝါကုန်ကြမ်းတစ်ပိဿာလျှင် (၃၆၀၀-၃၈၀၀)ကျပ်၊ ဂွမ်းတစ်ပိဿာလျှင် (၈၅၀၀)ကျပ်၊ ဝါစေ့နှင့် ဝါစေ့ဖက်တစ်ပိဿာလျှင် (၁၅၀၀-၁၆၀၀) ကျပ်နှင့် ဝါစေ့ဆီတစ်ပိဿာလျှင် (၇၃၀၀)ကျပ်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် မန္တလေးတိုင်းဒေသကြီးနှင့် နိုင်ငံပိုင်ချည်မျှင်နှင့် အထည် စက်ရုံများသို့ တင်ပို့ရောင်းချလျက်ရှိရာ ဝါသီးနှံမှာ အကျိုးအမြတ်များစွာရရှိသည့်အတွက် အဆိုပါ သီးနှံကို ပိုမိုစိုက်ပျိုးသင့်ကြောင်း သိရသည်။

DOCA (မန္တလေး)

Local Trade News

Pages