ကျောက်ဆည်ခရိုင်တွင် နွေနှမ်းများစတင်စိုက်ပျိုးလျက်ရှိ

Tue, 03/26/2024 - 05:06 -- mocadmin

   မန္တလေးတိုင်းဒေသကြီး၊‌‌ ကျောက်ဆည်ခရိုင်တွင် နွေနှမ်းများစတင်စိုက်ပျိုးလျက်ရှိပြီး ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်၌ ကျောက်ဆည်မြို့နယ်တွင် ၆၅၉ ဧက၊ မြစ်သားမြို့နယ်တွင် ၅၉၉ ဧက၊ စုစုပေါင်း ၁၂၅၈ ဧကစိုက်ပျိုးပြီးဖြစ်ကြောင်း ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

   နွေနှမ်းစိုက်ပျိုးရာတွင် မျိုးအနေဖြင့် နှမ်းညို၊ နှမ်းဖြူ၊ နှမ်းနက်မျိုးများကိုသာ အများဆုံး စိုက်ပျိုးကြပြီး ယခုအချိန်တွင် ရေပေးဝေမှု စောသောကြောင့် နွေနှမ်းများကို အစောဆုံး စိုက်ပျိုး ကြ‌ပြီး နွေနှမ်းစိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် မျိုး၊ သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း ၃၅၀,၀၀၀ ကျပ် ကုန်ကျကြောင်း၊ ယခင်နှစ် နွေနှမ်းအထွက်နှုန်းများအနေဖြင့် တစ်ဧက လျှင် ၈ တင်းခန့်ထွက်ရှိပြီး ယခုနှစ်တွင် ပုံမှန်ရေပေးဝေမှုနှင့် ရာသီဥတုကောင်းမွန်ပါက အထွက်နှုန်းများ ကောင်းမွန်နိုင်မည်ဟုခန့်မှန်းရ‌ကြောင်း တောင်သူတစ်ဦး၏ပြောကြားချက်အရ သိရှိရသည်။

DOCA (မန္တလေး)

Local Trade News

Pages