ကုန်သွယ်မှုအချက်အလက်များ စာရင်းပြုစုသည့် စနစ်သင်တန်းဖွင့်လှစ်မှုအခြေအနေ (သတင်းအပြည့်အစုံ)

Fri, 09/29/2023 - 06:12 -- DotTrading

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန ၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။

၂။          အဆိုပါစီမံချက်အရ ကုန်သွယ်မှုအချက်အလက်များ စာရင်းပြုစုသည့်သင်တန်းကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်နေ့မှ (၂၇) ရက်နေ့ထိ (အင်္ဂါ၊ ဗုဒ္ဓဟူး) နေ့များတွင် နံနက် (၁၀း၀၀) နာရီမှ (၁၂း၀၀)နာရီထိ  Multimedia သင်တန်းခန်းမ၌ ဖွင့်လှစ်ခဲ့ပါသည်။

၃။        အဆိုပါသင်တန်းကို ကုန်သွယ်ရေးဦးစီးဌာန၊ စာရင်းအင်းဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးသက်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးသန္တာကျော်တို့မှ ကုန်သွယ်မှုအချက်အလက်များ စာရင်းပြုစုသည့်စနစ်ကို သိရှိနိုင်စေရန် ရည်ရွယ်၍ သင်ခန်းစာများ ပို့ချပေးခဲ့ပြီး အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၈) ဦးတို့ တက်ရောက်ခဲ့ပါသည်။