မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Fri, 10/27/2023 - 09:45 -- bordertrade

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၃ ခုနှစ်၊အောက်တိုဘာလ (၂၃)ရက်နေ့မှ အောက်တိုဘာလ (၂၄) ရက်နေ့အတွင်း ပို့ကုန်တင်ပို့မှုငါးမှုန့်တစ်တန်လျှင် (၈၉၅) ဒေါ်လာနှုန်းဖြင့် (၅၄၀) တန် ၊ တန်ဖိုး (၀.၄၈၃) ဒေါ်လာသန်း၊ငါးကြိတ်သားတစ်တန်လျှင်(၁၈၀၆) ဒေါ်လာနှုန်းဖြင့်(၂၁.၆)တန် ၊ တန်ဖိုး(၀.၀၃၉) ဒေါ်လာသန်း၊ စုစုပေါင်းပို့ကုန်တန်ဖိုး(၀.၅၂၂) ဒေါ်လာသန်းအား အကောက်ခွန် သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်FormD အကျိုးခံစားခွင့်လျှောက်ထားရယူ ၍ ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရာကျွတ် ကရီခမ်ခရိုင်သို့တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်း အထိ ကုန်(၁) တန်လျှင်ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်း) ရှိကြောင်း သိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်းကြောင်း ကောင်းမွန်လျက်ရှိ ကြောင်းသိရှိရပါသည်။

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၃ ခုနှစ်၊အောက်တိုဘာလ (၂၃)ရက်နေ့မှ အောက်တိုဘာလ (၂၄)ရက်နေ့အတွင်းသွင်းကုန်တင်သွင်းမှုမရှိပါ။မြိတ်ဒေသတွင် ဓာတ်ဆီတစ်လီတာ (၃၀၀၀) ကျပ်နှင့်ဒီဇယ်တစ်လီတာ (၃၀၄၅) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲ နှုန်းမှာ (၁) ဘတ်လျှင် (၉၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

Border Trade News

Pages