ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့ မှ(၁၇)ရက်ထိကုန်သွယ်မှုအခြေအနေ

Mon, 02/19/2024 - 11:43 -- bordertrade

            ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလကုန်သွယ်မှုလျာထားချက်မှာပို့ကုန် (၁၈.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၂.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၂၀.၅၀၀) ဒေါ်လာသန်းဖြစ်ပါသည်။

           ဖေဖော်ဝါရီလ(၁၇) ရက်နေ့အထိအမှန်ကုန်သွယ်မှုမှာပို့ကုန်(၁၅.၄၅၁) ဒေါ်လာသန်း၊ သွင်းကုန်(၁.၅၉၆)ဒေါ်လာသန်း၊စုစုပေါင်း(၁၇.၀၄၇)ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၈၃.၁၅၇%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

          ဖေဖော်ဝါရီလ (၁၇)ရက်အတွင်းပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ဆန်၊ ဖရဲသီး၊ ရွှေဖရုံသီး၊ Iron Concentrate ၊ မကျီးသီး(အစေ့ပါ)၊ ဆီးသီးခြောက်၊ ငရုတ်သီးနှင့် ကြက်သွန်နီိိတို့ တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများတင်သွင်းနိုင်ခဲ့ပါသည်။

          ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ခုနှစ်၊ဖေဖော်ဝါရီလ(၁၃)ရက်မှဖေဖော်ဝါရီလ(၁၇)ရက်နေ့အထိပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၇)ဒေါ်လာတို့ဖြင့် တန်ချိန် (၁၅၀၂၅) တန်၊ တန်ဖိုး(၅.၂၀၁၅) ဒေါ်လာသန်း၊ဆန်တင်ပို့မှုအနေဖြင့် တန်ချိန် (၃၄၈) တန်၊ တန်ဖိုး (၀.၁၉၅) ဒေါ်လာသန်း၊ကြက်သွန်နီတင်ပို့မှုအနေဖြင့် တန်ချိန် (၁၇၈၇) တန်၊ တန်ဖိုး(၀.၆၈၁) ဒေါ်လာသန်း၊ငရုတ်သီးတင်ပို့မှုအနေဖြင့် တန်ချိန် (၃၇၄)တန်၊ တန်ဖိုး(၀.၁၉၄)ဒေါ်လာသန်း ၊Iron Concentrateတန်ချိန် (၅၆) တန်၊ တန်ဖိုး(၀.၀၀၆)ဒေါ်လာသန်း၊ဆီးသီးခြောက်တင်ပို့မှုအနေဖြင့် တန်ချိန် (၃၄) တန်၊ တန်ဖိုး (၀.၀၀၄)ဒေါ်လာသန်း၊မန်းကျည်းသီး(အစေ့ပါ) တင်ပို့မှုအနေဖြင့် တန်ချိန် (၃၄.၀) တန်၊ တန်ဖိုး (၀.၀၀၈) ဒေါ်လာသန်းနှင့်ရွှေဖရုံသီးတင်ပို့မှုအနေဖြင့် တန်ချိန် (၁၁၄၅)တန်၊ တန်ဖိုး (၀.၁၁၅) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

             အများဆုံးသွင်းကုန်ပစ္စည်းများမှာသံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe၊Artificial Grass ၊ လိမ္မော်သီးနှင့် လူသုံးအဝတ်အထည်များဖြစ်ပြီးရင်းနှီးပစ္စည်းတန်ချိန် (၄၆.၅၀) တန်၊ တန်ဖိုး(၀.၀၃၃)ဒေါ်လာသန်း ၊ လုပ်ငန်းသုံးပစ္စည်းတန်ချိန် (၆၅) တန်၊ တန်ဖိုး (၀.၀၈၆) ဒေါ်လာသန်း၊ လူသုံးပစ္စည်းတန်ချိန် (၁၂၁.၅) တန်၊ တန်ဖိုး (၀.၀၄၇) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင်ခြင်းမဟုတ်ဘဲငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာတင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

            ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနားကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ ခြင်းများမရှိဘဲကုန်တင်ယာဉ်များပုံမှန်သွားလာလျက်ရှိပါသည်။

 

Border Trade News

Pages