မိုးစပါး(ကောက်စော)များစတင်ထွက်ပေါ်

Wed, 11/09/2011 - 04:30 -- Anonymous (not verified)

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်အတွင်းရှိ ရေဝန်း၊ လမ်းဂွ၊ ရွှေလေးစတဲ့ ကျေးရွာများမှာ မိုးစပါး (ကောက်စော)များ စတင်ထွက်ပေါ်နေပြီဖြစ်ကြောင်း သိရပါတယ်။ ဆည်ရေရရှိမှုကြောင့် စိုက်ပျိုးချိန်စောခဲ့လို့ အောက်တိုဘာနောက်ဆုံးပတ်မှ ထွက်ပေါ်ရကြောင်း၊ ရေဝန်းကျေးရွာမှ တောင်သူတစ်ဦးက ပြောပါ တယ်။ဈေးကွက်ရှိ ဈေးနှုန်းမှာ မနောသုခ စပါးတစ်တင်း ၃၃၀၀ ကျပ် မှ ၃၄၀၀ ကျပ်၊ ရွှေသွယ်ရင် စပါးတစ်တင်း ၃၁၀၀ ကျပ် - ၃၂၀၀  ကျပ်ဖြင့် ရောင်းဝယ် လျက်ရှိပါတယ်။ ဈေးနှုန်းသင့်တော်တဲ့အတွက် အရောင်းအဝယ်မှာ သွက်လျက်ရှိကြောင်း သိရပါတယ်။ ကြိတ်ခွဲပြီးဆန်ကို နွားထိုးကြီး၊ တောင်သာမြို့များတင်ပို့ လျက်ရှိပြီး ဆန်တစ်အိတ်ကို ၁၂၀၀၀ ကျပ်ဖြင့်ရောင်းဝယ်လျက်ရှိပါတယ်။
မောင်ထူး - မန္တလေး