လျှပ်စစ်သုံးယာဉ်များနှင့် အားသွင်းစက်များ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိ

Fri, 05/24/2024 - 03:36 -- mocadmin

    အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Win Motor Myanmar Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် LIVAN Maple အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Aung Gyi Group of Companies Limited. မှ တင်သွင်းလာသော JAC E30X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Myanmar Arr Thit Man Motor Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် YADEA အမျိုးအစား လျှပ်စစ်သုံး မော်တော်ဆိုင်ကယ်များနှင့် Super Seven Stars Motors Industry Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Pingalax အမျိုးအစား လျှပ်စစ်သုံးယာဉ် အားသွင်းစက်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် ၂၃-၅-၂၀၂၄ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages