မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အထွေထွေ အစည်းအဝေး

Sat, 10/28/2023 - 03:27 -- mocadmin

ရန်ကုန်၊ (၂၈-၁၀-၂၀၂၃)

            စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ရာနှုန်းပြည့်ပိုင်ဆိုင်သည့် မြန်မာကုန် ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်(Myanmar Inspection and Testing Services Ltd. – MITS) ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အထွေထွေ အစည်း အဝေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့၊ နံနက် ၉:၃၀ နာရီတွင် ရန်ကုန်မြို့၊ ကမ်းနားလမ်းရှိ စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ(ပဉ္စမထပ်) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

  အဆိုပါ အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ MITS ဒါရိုက်တာအဖွဲ့ဝင်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်း ကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံပြောင်း လုပ်ငန်းအသင်းနှင့် ဘုရင့်နောင် ကုန်စည်ဒိုင်တို့မှ  ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

            အဆိုပါအခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းက မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက် (MITS) သည် ကုန်သွယ် မှုဆိုင်ရာလုပ်ငန်းများဖြစ်သော တင်ပို့ခြင်း၊ တင်သွင်းခြင်းဆိုင်ရာများနှင့်ပတ်သက်သည့် စမ်းသပ်စစ် ဆေးမှုလုပ်ငန်းများအား ဆောင်ရွက်ပေးနိုင်ရန် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်ပါကြောင်း၊ ပြည်ပ သို့တင်ပို့သည့်ပို့ကုန်များ၏ အရည်အသွေးသတ်မှတ်ချက်များနှင့်အညီ စျေးကွက်ဝင်ရောက်ခွင့် ရရှိ ရန်နှင့် နိုင်ငံအတွင်းသို့ တင်သွင်းသည့် ကုန်စည်များကိုလည်း ကုန်သွယ်မှုဆိုင်ရာ စီမံဆောင်ရွက်ခြင်း (Non-Tariff Measure) အရ အရည်အသွေးဆိုင်ရာ ကန့်သတ်ထိန်းချုပ်မှုအတွက် စစ်ဆေးခြင်းဖြစ် ပါကြောင်း၊ MITS အနေဖြင့် နိုင်ငံတကာအသိအမှတ်ပြု အရည်အသွေး စံချိန်စံညွှန်းများကို လိုက်နာ လက်ခံကျင့်သုံးလျက်ရှိပြီး အပြည်ပြည်ဆိုင်ရာ အရည်အသွေးသတ်မှတ်သောအဖွဲ့ (International Standard Organization) ၏ ISO 9001:2015 Certificate ကို ရရှိထားပြီး ကုန်ပစ္စည်း စစ်ဆေးခြင်းဆိုင်ရာ ISO/ IEC 17020 နှင့် ဓာတ်ခွဲစမ်းသပ်ခြင်းဆိုင်ရာ ISO/IEC 17025 တို့ရရှိရေး ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို သိရှိရပါကြောင်း၊ ဝန်ကြီးဌာန၏ တာဝန်ပေးအပ် ချက်အရ ပြည်တွင်းရှိ ဆန်စပါး အရည်အသွေး ကောင်းမွန်မှန်ကန်စေရေး စမ်းသပ်စစ်ဆေးပေးနိုင် ရန်အတွက် ဆန်နှင့် ဆန်ထွက်ပစ္စည်းများ ပို့ကုန်လိုင်စင်လျှောက်ထားရာတွင် မြေပြင်လက်ကျန် စစ်ဆေးခြင်း၊ သင်္ဘော မတင်မီ စစ်ဆေးခြင်း (Pre-Shipment Inspection)၊ အလေးချိန်နှင့် အရည် အသွေးစစ်ဆေးခြင်း၊ ဆန်များ၏ အရည်အသွေး စစ်ဆေးခြင်းနှင့် အရန်ရိက္ခာဆန် အရည်အသွေး စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အတွက်လည်း အသိအမှတ်ပြုပါကြောင်း၊ MITS အနေဖြင့် စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်သည်လုပ်ငန်းရှင်များ၏ ယုံကြည်မှု၊ အားကိုးမှု ရှိစေရန် ရိုးသားမှု၊ ဘက်မလိုက်မှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန် သိမှုစသည့် အချက်များနှင့်ညီအောင် ဆောင်ရွက်ပေးရမှာဖြစ်သည့်အပြင် လုပ်ငန်းနယ်ပယ်တွင် Professional ဆန်ဆန် ယှဉ်ပြိုင် ဆောင်ရွက်နိုင်သည့် အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်သွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

            ထို့နောက် MITS ဒါရိုက်တာအဖွဲ့၊ ဒုတိယဥက္ကဋ္ဌက လုပ်ငန်းအခြေအနေများ တင်ပြခြင်း၊ ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာကို ဖတ်ကြားတင်သွင်း အတည်ပြုခြင်း၊ MITS မှ ထူးချွန်ဝန်ထမ်းများ အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခြင်းစသည်တို့ကို ဆောင်ရွက်ခဲ့ကြပြီး နေ့လယ်ပိုင်းတွင် စီးပွားရေး နှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်သည့်အဖွဲ့သည် ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်ရှိ ဆီသိုလှောင်ကန်များ၌ စားအုန်းဆီ သိုလှောင်ထားရှိမှု အခြေအနေများ၊ ဖြန့်ဖြူးမှု အခြေအနေများနှင့် စားသုံးသူ ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေး စီမံဆောင်ရွက် ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

နောက်ဆုံးရသတင်းများ

Pages