တာချီလိတ်ကုန်သွယ်ရေးစခန်းမှ (၂၄-၅-၂၀၂၃) ရက်နေ့ ပို့ကုန်/သွင်းကုန် ကုန်သွယ်နိုင်မှုအခြေအနေ

Fri, 05/26/2023 - 06:53 -- DotBorderdep

   တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် အများဆုံးပို့ကုန်ပစ္စည်းများမှာပြောင်း၊ ပုဇွန်ဖွဲ၊ ကြက် သွန်ဖြူ၊ ကြေးနီ၊ ကတ္ထူစက္ကူ၊ ရော်ဘာ၊ ဇီးသီးစေ့ဖြစ်ပြီးယင်းပစ္စည်းများအနက် ပြောင်းနှင့် ပုဇွန်ဖွဲများ ပိုမိုတင်ပို့လျက်ရှိသည်။ ပြောင်းသီးနှံအားရှမ်းပြည်နယ်(တောင်ပိုင်း) သယ်ယူတင်ပို့ လျက်ရှိရာ ယခုသီတင်းပတ်တွင် ပြောင်းဈေးမှာတစ်တန်လျှင်ဈေးနှုန်းမှာ(၈၇၇၈၀၀)ကျပ်ဖြင့် တန်ချိန်(၆၁၈၃.၈၀၅)တန် တင်ပို့နိုင်ခဲ့ပြီး သယ်ယူစရိတ်မှာ ကားခတစ်ပိသာ(၁၈၀)ကျပ် ကုန်ကျ ခဲ့သည်။ ပုဇွန်ဖွဲအားရန်ကုန်မှ သယ်ယူတင်ပို့လျက်ရှိရာယခုသီတင်းပတ်တွင် ပုဇွန်ဖွဲဈေးနှုန်းမှာ တစ်တန်လျှင်(၁၀၀၈၀၀၀)ကျပ်ဖြင့် တန်ချိန်(၃၈၈)တန် တင်ပို့နိုင်ခဲ့ပြီး သယ်ယူစရိတ်မှာ ကားခ တစ်ပိသာ(၃၃၀)ကျပ် ကုန်ကျသည်။ ပြင်ပငွေလဲနှုန်းအနေဖြင့် ကျပ်(၁)သိန်းလျှင် (၁၁၇၅) ဘတ် ဖြစ်ပေါ်ခဲ့သည်။

   တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် အများဆုံးသွင်းကုန်ပစ္စည်းများမှာ စက်သုံးဆီ၊ ဘိလပ်မြေ၊ စက်သုံးဆီ၊ အုတ်၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ ၊ ကာဗွန်ပုံဆောင်ခဲ ၊ ကွန်ကရစ် အမိုး၊ ကြွေပြား၊ ကွန်ကရစ်အပြား၊ သွပ်ပြားတို့ဖြစ်ပြီးယင်းပစ္စည်းများအနက် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ တင်သွင်းလျက်ရှိသည်။ ဘိလပ်မြေကို ယခုသီတင်း ပတ်တွင် တစ်တန် ဈေးနှုန်း(၂၂၀၀၀၀)ကျပ်ဖြင့် (၅၈၇၃)တန်ချိန် တင်သွင်းခဲ့သည်။ အဆင်းကုန် သယ်ယူစရိတ်မှာတာချီလိတ်မှ ကျိုင်းတုံသို့ ကုန်ကျစ်ကားခတစ်ပိသာ (၃၅)ကျပ်နှင့် ကုန်ပွ တစ်ပိသာ(၅၀)ကျပ် ကုန်ကျခဲ့သည်။

Border Trade News

Pages