ရွှေဘိုခရိုင်အတွင်းဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Wed, 09/13/2023 - 10:41 -- mocadmin

   စစ်ကိုင်းတိုင်း‌ဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ စက်တင်ဘာလ ပထမပတ်တွင် စပါး/ဆန် ဈေးနှုန်းများ တည်ငြိမ်နေကြောင်း၊ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ ဆန်စီးထွက်မှု အနေဖြင့် သြဂုတ်လ နောက်ဆုံးပတ်တွင်  ရန်ကုန်သို့ အိတ်ရေ ၁၁,၀၀၀၊ မန္တလေးသို့ အိတ်ရေ ၂၂,၄၀၀၊ နေပြည်တော်သို့အိတ်ရေ ၅,၀၀၀၊ ရှမ်း (တောင်) သို့ အိတ်ရေ ၃,၅၀၀၊ ရှမ်း (မြောက်) သို့ အိတ်ရေ ၃,၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀၊ စုစုပေါင်းအိတ်ရေ ၄၆,၀၀၀၊ တန်အားဖြင့် ၂,၃၀၀ တန် စီးထွက်ခဲ့ပြီး၊ စက်တင်ဘာလပထမအပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၁၇,၅၀၀၊ မန္တလေး သို့ အိတ်ရေ ၂၈,၄၀၀၊ နေပြည်တော်သို့ အိတ်ရေ ၆,၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၄,၅၀၀ ၊ ရှမ်း (မြောက်)သို့ အိတ်ရေ ၄,၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀ ၊ စုစုပေါင်းအိတ်ရေ ၆၁,၅၀၀၊ တန်အားဖြင့် ၃,၀၇၅ တန် စီးထွက်ခဲ့ကြောင်း သိရှိရသည်။

   စက်တင်ဘာလပထမပတ်တွင် ရွှေဘိုမြို့၌ ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း ၁၀၀ လျှင် ကျပ် ၃,၇၀၀,၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၅,၀၀၀ ၊  ဧရာမင်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၃၈,၀၀၀၊  ရွှေဝါထွန်း(နွေစပါး) တင်း ၁၀၀ လျှင် ကျပ် ၁,၉၀၀,၀၀၀ နှင့်ရွှေဝါထွန်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင်  ကျပ် ၈၀,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။

Local Trade News

Pages