မုံရွာမြို့နယ်ရှိ ငရုတ်သီးခြောက်ဈေးနှုန်းဈေးကွက်

Wed, 09/13/2023 - 10:54 -- mocadmin

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ညောင်ပင်တဲ၊ ကျောက်ခွက်၊ ဘုမ္မနိုး၊ ထနောင်းတော၊ မြေနဲ၊ ဆည်ကြီးတော၊ သစ်ညိုပင်ကျေးရွာများတွင် စားဖိုဆောင်သီးနှံဖြစ်သော ငရုတ်သီးကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ငရုတ်သီးကို ဒေသတွင်း လက်လီ/လက်ကားသမားများ ဖြင့် အရောင်းအဝယ် ပုံမှန်ဖြစ်လျက်ရှိကြောင်း၊ ငရုတ်သီးခြောက်ကို မုံရွာမြို့ရှိ ပွဲရုံများမှတစ်ဆင့် ဈေးများ၊ ကုန်စုံဆိုင်များ၊ ကျေးရွာများသို့ လက်လီ/ လက်ကား ရောင်းချကြောင်း၊ မုံရွာမြို့နယ်မှ ထွက်ရှိသော မိုးမျှော်ငရုတ်သီးခြောက် ဈေးနှုန်းများမှာ လက်ရှိအချိန်တွင် ပွဲရုံလက်ကားဈေး တစ်ပိဿာလျှင် ကျပ် ၁၉,၀၀၀၊ လက်လီဈေး တစ်ပိဿာလျှင် ကျပ် ၂၀,၀၀၀-၂၁,၀၀၀ နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းနှင့် မုံရွာမြို့နယ်ထွက် ငရုတ်သီးခြောက်များ ဈေးကောင်းရရှိနေ သည့်အတွက် ငရုတ်သီးနှံ စိုက်ပျိုးသူတောင်သူများလည်း အကျိုးအမြတ်များရရှိကာ အဆင်ပြေနေ ကြောင်း သိရှိရသည်။

Local Trade News

Pages