ကျောက်ဆည်ခရိုင်အတွင်း နနွင်းတက်များစတင်တူးဖော်လျက်ရှိ

Thu, 02/22/2024 - 04:06 -- mocadmin

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် နနွင်းစိုက် ဧက ၁၉၁၄ ဧက စိုက်ပျိုးထားရှိပြီး မြစ်သားမြို့နယ်၌ ဇန်နဝါရီလကုန်ပိုင်းမှ စတင်၍ နနွင်းများ စတင်တူးဖော်လျက်ရှိကြောင်း သိရသည်။

   နနွင်းစိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ကုန်ကျစရိတ်ငွေကျပ် ၁၆ သိန်းခန့်ကုန်ကျကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့် လှည်း ၁၀-၁၂ စီးခန့်ထွက်ရှိပြီး လှည်းတစ်စီးလျှင် နနွင်းတက် ၂၅ တင်းခန့်ရရှိကြောင်း၊ ယခုနှစ်တွင် နနွင်းတက် အစို လှည်းတစ်စီးလျှင် ၃၃၀,၀၀၀-၃၅၀,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ နနွင်းတက် အခြောက် (အသစ်) တစ်ပိဿာလျှင် ၅,၅၀၀ ကျပ်ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပွဲစားများမှ စိုက်ခင်းအရောက်လာရောက်ဝယ်ယူလျက်ရှိကြောင်း၊ နနွင်းတက် ၂၅ တင်း ခန့်ပါ လှည်းတစ်စီးလျှင် ရေနွေးဖျော၍ အခြောက်ခံပါက ပိဿာ ၆၀-၇၀ အထိရရှိကြောင်း၊ နနွင်းတက်များ ဖြိုင်ဖြိုင်တူးဖော် ချိန်တွင် ယခုကဲ့သို့ စျေးနှုန်းများကောင်းမွန်ပါက အကျိုးအမြတ်ပိုမိုရရှိမည်ဖြစ်ကြောင်း နနွင်းစိုက် တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

DOCA (မန္တလေး)

Local Trade News

Pages