စစ်ဆေးရေးမှူးများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အမှတ်စဉ် (၃/၂၀၂၂) ဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက် အဖွင့်အမှာစကား ပြောကြား

Tue, 11/22/2022 - 03:39 -- mocadmin

နေပြည်တော်၊ နိုဝင်ဘာ ၂၁         ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် ရုံးအမှတ် (၅၂)၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် စစ်ဆေးရေးမှူးများ လုပ်ငန်းကျွမ်းကျင်မှု ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အမှတ်စဉ် (၃/၂၀၂၂) ဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့သည်။

    ဒုတိယဝန်ကြီးကပြောကြားရာ ယနေ့ကျင်းပပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲသည် ဝန်ထမ်းများလုပ်ငန်းခွင်တွင် တာဝန်ထမ်းဆောင် ရာ၌ စွမ်းဆောင်ရည်များ မြှင့်တင်ပေးရန်နှင့် စားသုံးသူအခွင့်အရေးများ အကာအကွယ်အပြည့်အဝပေးနိုင်ရေး လုပ်ငန်းစဉ်များတွင် အင်အားဖြည့်တင်းရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊

   စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိများအနေဖြင့် ဘေးကင်းလုံခြုံမှုမရှိသော ကုန်ပစ္စည်းများအနက် သိမ်းဆည်းသင့်သည့်ကုန်စည်များနှင့် တားမြစ်သင့်သည့် ကုန်စည်များကို ခွဲခြားနိုင်ရေး၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စားသုံး သူအငြင်းပွားမှုဖြေရှင်းသည့်အချိန်တွင် အထောက်အကူရရှိစေရေးတို့အတွက် ဆက်စပ်ဝန်ကြီးဌာနများမှ ကျွမ်းကျင်နည်းပြများ၏ ဆွေးနွေးမှုများအပေါ် အလေးထားမှတ်သားကြရန် မှာကြားလိုကြောင်းပြောကြားခဲ့ သည်။

   အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စစ်ဆေးရေးအရာရှိ (၅၃) ဦး တက်ရောက်ကြပြီး အလုပ်ရုံဆွေးပွဲကို နိုဝင်ဘာလ (၂၁) ရက်နေ့မှ (၂၅) ရက်နေ့ထိ ကျင်းပ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages