Department of Trade

Introduction Course on WTO (Principles and General Rules) သင်တန်း (သတင်း)

Thu, 02/08/2024 - 03:27 -- DotTrading
Myanmar

Introduction Course on WTO (Principles and General Rules) သင်တန်း

(သတင်း)

 

၁။           Introduction Course on WTO (Principles and General Rules) သင်တန်းဖွင့်ပွဲ အခမ်းအနားကို နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၃) ရှိ ညီလာခံခန်းမ၌ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် ကျင်းပခဲ့သည်။

၂။            သင်တန်းဖွင့်ပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးထွန်းအုံ၊ ညွှန်ကြားရေးမှူးချုပ်များ ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

၃။          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ က ဝန်ကြီးဌာနသည် နိုင်ငံတကာနှင့် ကုန်သွယ်မှုကိစ္စရပ်များ‌ ဆောင်ရွက်နေရသဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ဆောင်ရွက်ချက်များ၊ အခြေခံစည်းမျဉ်းများ၊ နိုင်ငံစုံသဘောတူညီ ချက်များ အကောင်အထည်ဖော်ရာတွင် လိုက်ပါဆောင်ရွက်ရမည့် ကတိကဝတ်များ၊ အငြင်းပွား မှုဆိုင်ရာပြဿနာများ၊ နည်းပညာဆိုင်ရာ အထောက်အပံ့များကို သိရှိစေရန်အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားပေးမည့် သင်တန်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့၏ ပွင့်လင်းမြင်သာမှုရှိရေး ကတိကဝတ်အရ ကုန်သွယ်မှု နည်းလမ်းများ ကို အကြောင်းကြားခြင်း (Notification) များ ဆောင်ရွက်သကဲ့သို့ ကုန်သွယ်မှုမူဝါဒ ဆန်းစစ် ခြင်း လုပ်ငန်းစဉ်များလည်း ၂၀၁၄ ခုနှစ်က တစ်ကြိမ်၊ ၂၀၂၁ ခုနှစ်က တစ်ကြိမ် စုစုပေါင်း (၂) ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သင်တန်းသား၊ သင်တန်းသူ များအနေဖြင့် သင်တန်းတွင် ပို့ချမည့်သင်ခန်းစာများကို ဂရုတစိုက်လေ့လာ မှတ်သားခြင်းအားဖြင့် မိမိတို့ဝန်ကြီးဌာန အတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ရာတွင် အထောက် အကူပြုဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

၄။           အဆိုပါသင်တန်းတွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဖာမြို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး၏ WTO သံမှူးများအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူများ၊ဂျီနီဖာမြို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (ရုံးချုပ်) တွင် အလုပ်သင်အဖြစ် သင်တန်းတက်ရောက်ခဲ့သည့် အရာရှိကြီးများက ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

 

 

 

 

Latest News: 

အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် ညှိနှိုင်းဆွေးနွေးမှုများ၏ ပဉ္စမအကြိမ် ယှဉ်ပြိုင်မှုနှင့်စားသုံးသူ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေးများ (5th ACFTA WGCC) တက်ရောက်ခြင်း

Wed, 01/31/2024 - 07:47 -- competition
Myanmar

အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် (ASEAN-China Free Trade Agreement-ACFTA) ညှိနှိုင်းဆွေးနွေးမှုများ၏ ပဉ္စမအကြိမ် ယှဉ်ပြိုင်မှုနှင့်စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေး (5th ACFTA WGCC) များကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့မှ ‌ ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့တွင် Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်လျက်ရှိပါသည်။

အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ ယှဉ်ပြိုင်မှုကဏ္ဍမှ ကိုယ်စားလှယ်များ၊ စားသုံးသူကာကွယ်‌ရေးကဏ္ဍမှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ စုစုပေါင်း(၂၈)ဦးက လူကိုယ်တိုင်နှင့် Virtual စနစ်တို့ဖြင့် တက်ရောက်လျက်ရှိပါသည်။ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ ကိုယ်စားလှယ်များက လူကိုယ်တိုင် ပါဝင်တက်ရောက်လျက်ရှိပါသည်။

အစည်းအဝေးများတွင် အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် (၃.၀) အဆင့်မြှင့်တင်ရာတွင် ယှဉ်ပြိုင်မှုနှင့် စားသုံးသူကာကွယ်ရေးအခန်း၌ ထည့်သွင်းမည့် ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးလျက်ရှိပါသည်။

Latest News: 

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၏ (၂၅)နှစ်ပြည့် ငွေရတုနှစ်ပတ်လည်နေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲတွင် ယှဉ်ပြိုင်မှုဆိုင်ရာများ ‌ဆွေးနွေးဟောပြောခြင်း

Mon, 01/29/2024 - 05:18 -- competition
Myanmar

         နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၏ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျရောက်မည့် တက္ကသိုလ်၏ (၂၅) နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လေ့ကျင့်ဖွံ့ဖြိုးခြင်းမှသည် ကောင်းမွန်သော အုပ်ချုပ်မှုဆီသို့ (3rd Conference on Learning and Development to support Good Governance) စာတမ်းဖတ်ပွဲကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့တို့တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၊ ရတနာခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

         အခမ်းအနားကို ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ တာဝန်ရှိသူများ၊ တက္ကသိုလ်အကြံပေး အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအသီးသီးမှ သင်တန်းသားဟောင်းများ၊ စာတမ်းရှင်များ၊ တက္ကသိုလ်ရှိ ပါမောက္ခချုပ်ဦးဆောင်သည့် အရာထမ်း၊ အမှုထမ်းများနှင့် တက္ကသိုလ်တွင် ဖွင့်လှစ်လျက်ရှိသည့် သင်တန်းများမှ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

        စာတမ်းဖတ်ပွဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ စာတမ်း(၂)စောင်၊ အာဆီယံနိုင်ငံ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များအကြား ထူ‌ထောင်ထားရှိသည့်ကွန်ရက် (The ASEAN Network of Public Service Institute) အဖွဲ့ဝင်နိုင်ငံများမှ (၇)စောင်၊ တက္ကသိုလ်မှ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးနှင့် အဆင့်မြင့်အရာထမ်းသင်တန်းများကို တက်ရောက်ခဲ့ကြသည့် သင်တန်းသား ဟောင်းများမှ (၃)စောင်၊ ပြင်ပတက္ကသိုလ်များမှ (၃)စောင်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) မှ (၁)စောင်နှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) မှ (၆)စောင်၊ စုစုပေါင်း (၂၂)စောင်အား Presentation Section မှ Ethic and Well-being, HRM and International Relation, Good Governance and Policy Recommendation, Education/ Training and Others ဟူ၍ အပိုင်း(၄)ပိုင်းဖြင့်လည်းကောင်း၊ Poster Section မှ စာတမ်း (၇)စောင်ဖြင့်လည်းကောင်း စာတမ်းများကို ဖတ်ကြားတင်ပြခဲ့ပြီး တက်ရောက်သူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ကြပါသည်။

        အဆိုပါ စာတမ်းဖတ်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင် ဦးသုတ‌အောင်က Keynote Speech ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွတ်လပ်၍မျှတသော ယှဉ်ပြိုင်မှုဝန်းကျင်တစ်ရပ် ဖန်တီးနိုင်ရန် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်၏ ကြိုးပမ်းဆောင်ရွက်မှုများကို ဆွေးနွေးဟောပြောခဲ့ပါသည်။ စာတမ်းဖတ်ပွဲသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ ကိုယ်စားလှယ်များက အွန်လိုင်းမှ တက်ရောက်ခဲ့ကြပါသည်။

 

Latest News: 

အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် ညှိနှိုင်းဆွေးနွေးမှုများ၏ ပဉ္စမအကြိမ် ယှဉ်ပြိုင်မှုနှင့်စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေး(5th ACFTA WGCC) အတွက် ပထမအကြိမ် အာဆီယံဒေသတွင်းအစည်းအဝေးတက်ရောက်ခြင်း

Mon, 01/29/2024 - 04:05 -- competition
Myanmar

          ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် (၂၅)ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီး အစည်းအဝေးတွင် အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသ အဆင့်မြှင့်တင်မှုအတွက် ညှိနှိုင်းမှုများစတင်ကြောင်း ကြေညာခဲ့ပါသည်။ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကုန်သွယ်မှုဒေသ အဆင့် မြှင့်တင်ရေး ညှိနှိုင်းမှုများကို ၂၀၂၃ ခုနှစ်မှစတင်၍ အရှိန်မြှင့်တင် ဆောင်ရွက်ခဲ့ပါသည်။

          ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် တတိယအကြိမ် အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသ ပူးတွဲအထူးကော်မတီ အစည်းအဝေးတွင် အဆင့်မြှင့်တင်မှုအတွက် ဖွဲ့စည်းဆောင်ရွက်မည့်ပုံစံနှင့် လုပ်ငန်းအစီအစဉ်တို့ကို ဆွေးနွေးခဲ့ပါသည်။

          အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် အဆင့်မြှင့်တင်ရေး ညှိနှိုင်းမှုများအတွက် လုပ်ငန်းအဖွဲ့ (၁၂) ဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ သဘောတူစာချုပ်၏ ယှဉ်ပြိုင်မှုအခန်းနှင့် စားသုံးသူကာကွယ်ရေးအခန်းတို့အတွက် ယှဉ်ပြိုင်မှုနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့က ဆွေးနွေးလျက်ရှိပါသည်။

          အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် (ASEAN-China Free Trade Agreement-ACFTA) ညှိနှိုင်းဆွေးနွေးမှုများ၏ ပဉ္စမအကြိမ် ယှဉ်ပြိုင်မှုနှင့်စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေး(5thACFTA WGCC) အတွက် ပထမ အကြိမ် အာဆီယံဒေသတွင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ယှဉ်ပြိုင်မှုကဏ္ဍမှကိုယ်စားလှယ်များ၊ စားသုံးသူကာကွယ်‌ရေးကဏ္ဍမှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ စုစုပေါင်း(၂၈)ဦး တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှကိုယ်စားလှယ်များအဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ကိုယ်စားလှယ်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါ သည်။

Latest News: 

ကုန်သွယ်ရေးဦးစီးဌာန Wednesday Talk ဆွေးနွေးပွဲ သတင်း (အပြည့်အစုံ)

Thu, 01/25/2024 - 09:21 -- DotTrading
Myanmar

ကုန်သွယ်ရေးဦးစီးဌာန

Wednesday Talk ဆွေးနွေးပွဲ

သတင်း (အပြည့်အစုံ)

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ရုံးအမှတ် (၃) ညီလာခံခန်းမ၌ Wednesday Talk ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်၊ နံနက် (၁၀:၀၀) နာရီမှ (၁၁:၄၅) နာရီအချိန်ထိကျင်းပပြုလုပ်ခဲ့ပါသည်။

၂။         Wednesday Talk ဆွေနွေးပွဲတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ လက်ထောက် ညွှန်ကြားရေးမှူး၊ ဒေါ်ငယ်ငယ်ထွန်းက “စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများအတွက် ကိုးရီးယားနိုင်ငံမှ နည်းပညာအကြံဉာဏ်နှင့် အခက်အခဲများကူညီပေးခြင်း စီမံကိန်းဆောင်ရွက်မှု” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြခဲ့ပါသည်။

၃။         ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်မိုးမိုးသွယ် နှင့် ကုန်သွယ်ရေးဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းပပသူ တို့မှ  ဖြည့်စွက်ဆွေးနွေးခဲ့ပြီး မြန်မာကုန် သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်း က နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ပါသည်။

၄။          ထို့နောက် မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ Wednesday Talk ဆွေ:နွေးပွဲတွင် ဆွေးနွေးပြောကြားခဲ့သော လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ငယ်ငယ်ထွန်းအား မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဂုဏ်ပြုလက်ဆောင်ကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

၅။  အဆိုပါ Wednesday Talk ဆွေးနွေးပွဲသို့ စားသုံးသူရေးရာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ်၊ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၇၂) ဦးတို့ တက် ရောက်ခဲ့ပါသည်။           

Latest News: 

နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေသင်တန်း ဖွင့်လှစ်မှုအခြေအနေ

Tue, 01/23/2024 - 06:43 -- DotTrading
Myanmar

နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေသင်တန်း ဖွင့်လှစ်မှုအခြေအနေ

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက် အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်း များကို ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။

၂။       အဆိုပါစီမံချက်အရ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေသင်တန်းကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၂) ရက်နေ့မှ (၂၃) ရက်နေ့ထိ (တနင်္လာ၊အင်္ဂါ) နေ့များတွင် နံနက် (၁၀း၀၀) နာရီမှ (၁၂း၀၀) နာရီထိ ဖွင့်လှစ်ခဲ့ပါသည်။

၃။         အဆိုပါသင်တန်းကို ကုန်သွယ်ရေးဦးစီးဌာန၊ စီမံရေးရာဌာနခွဲမှ  ဒုတိယညွှန်ကြားရေးမှူး၊ ဦးခင်မောင်စိုးမှ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေသင်ခန်းစာများ ပို့ချပေးခဲ့ပြီး အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၃၀) ဦးတို့ တက်ရောက်ခဲ့ပါသည်။

Latest News: 

(၂၈) ကြိမ်မြောက် အာဆီယံကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ဆက်စပ်ညှိနှိုင်းမှုကော်မတီ အစည်းအဝေးသို့ ပါဝင်တက်ရောက်မှု

Wed, 01/17/2024 - 04:37 -- regionaldep
Myanmar

     အဆိုပါ အစည်းအဝေးသို့ Video Conferencing စနစ်ဖြင့် အာဆီယံနိုင်ငံအသီးသီးမှ ATF-JCC အဖွဲ့ဝင်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အဖွဲ့ဝင်စုစုပေါင်း (၄၆) ဦးပါဝင်တက်‌ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ ဘာသာရပ်ဆိုင်ရာကိုယ်စားလှယ်အဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်းကိုယ်စားလှယ် (၂) ဦး၊ အကောက်ခွန်ဦးစီးဌာနမှ ကိုယ်စားလှယ် (၄) ဦး စုစုပေါင်း (၆) ဦးသည် Online စနစ်ဖြင့် ပါဝင်တက်ရောက် ဆွေးနွေးခဲ့ပါသည်။

    အဆိုပါအစည်းအဝေးတွင် အာဆီယံ စီးပွားရေးအဆင့်မြင့်အရာရှိကြီးများ၏အစည်းအဝေးများမှ အာဆီယံ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ဆက်စပ်ညှိနှိုင်းမှုကော်မတီအစည်းအဝေးနှင့် စပ်လျဉ်းသည့်ဆွေးနွေးမှုရလာဒ်များ၊ အာဆီယံကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးလုပ်ငန်းအစီအစဉ်များ၊ အာဆီယံဒေသတွင်းနိုင်ငံများအကြား အကောက်ခွန်မဟုတ်သော စီမံဆောင်ရွက်မှုများ (Non-tariff measures - NTMs) နှင့်စပ်လျဉ်း၍ လျင်မြန်ချောမွေ့စေရေးကိစ္စရပ်များ၊ အာဆီယံ‌‌ဒေသတွင်း NTMs ဆိုင်ရာ ကတိကဝတ်များ အကောင်အထည်ဖော်ရေးလမ်းညွှန်ချက်များ၊ အာဆီယံဒေသတွင်းနိုင်ငံများအကြား အကောက်ခွန်မဟုတ်သောစီမံဆောင်ရွက်မှုများကြောင့် ကာလကြာရှည်စွာဖြစ်ပွားနေသော ကုန်သွယ်မှုဆိုင်ရာ အငြင်းပွားမှုများကိုဖြေရှင်းရန်ကိစ္စရပ်များ၊ အာဆီယံဒေသတွင်းနိုင်ငံများအကြား အကောက်ခွန်မဟုတ်သော စီမံဆောင်ရွက်မှုများကြောင့် ကာလကြာရှည်စွာဖြစ်ပွားနေသော ကုန်သွယ်မှုဆိုင်ရာအငြင်းပွားမှုများကိုဖြေရှင်းရန် သီးသန့်ဆွေးနွေးခြင်းနှင့်စပ်လျဉ်းသည့်ကိုးကားရန်အချက်များ၊ အာဆီယံဒေသတွင်းနိုင်ငံများအလိုက်ထူထောင်ထားသည့် အမျိုးသားအဆင့် ကုန်သွယ်မှု အချက်အလက်ဘဏ္ဍာတိုက် (National Trade Repository (NTR)) နှင့် အာဆီယံအဆင့် ကုန်သွယ်မှု အချက်အလက်ဘဏ္ဍာတိုက် (ASEAN Trade Repository (ATR)) ဆိုင်ရာကိစ္စရပ်များ၊ ပြင်ပအကူအညီအထောက်အပံ့များဖြင့် အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့က ဆောင်ရွက်သည့် NTMs toolkit ဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးဆိုင်ရာ ဆက်စပ်လုပ်ငန်းအဖွဲ့များက ဆောင်ရွက်လျက်ရှိသည့် နည်းပညာဆိုင်ရာအထောက်အပံ့များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

Latest News: 

မြန်မာ - အိန္ဒိယ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ရန်ကုန်မြို့အခြေစိုက်၊ အိန္ဒိယနိုင်ငံသံရုံးမှ သံရုံးဒုတိယအကြီးအကဲ Mr. Ashish Sh

Mon, 01/15/2024 - 04:41 -- Dotbilateral
Undefined

     ၂၀၂၄ ခုနှစ်၊  ဇန်နဝါရီလ ၉ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၆:၀၀) နာရီအချိန်တွင် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ခန်းမသစ်၌  ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါဆွေးနွေးပွဲတွင်  မြန်မာနိုင်ငံဘက်မှ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် အိန္ဒိယနိုင်ငံဘက်မှ ရန်ကုန်မြို့အခြေစိုက်၊ အိန္ဒိယနိုင်ငံသံရုံးမှ သံရုံးဒုတိယအကြီးအကဲ Mr. Ashish Sharma ဦးဆောင်သော  ကိုယ်စားလှယ်အဖွဲ့ဝင် (၃) ဦး တက်ရောက်ခဲ့ကြပါသည်။

     တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်နိုင်ငံအကြား ဆောင်ရွက်သွားမည့်လမ်းတံတားနှင့် နယ်စပ်ဖြတ်ကျော်ရေးကိစ္စရပ်များနှင့် ပတ်သက်သည့် စီမံကိန်းများအတွက် လက်မှတ်ရေးထိုးမှုအခြေအနေများ၊ သထုံမြို့ရှိ စက်မှုသင်တန်းကျောင်း ဖွင့်လှစ်ခြင်း ကိစ္စရပ်များ၊ ယှဉ်ပြိုင်မှုမူဝါဒနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံ၏ ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာ ကျင့်သုံးဆောင်ရွက်နေမှုအခြေအနေများကို ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်နိုင်စေရန်ရည်ရွယ်၍ အိန္ဒိယယှဉ်ပြိုင်မှုကော်မရှင်မှ ယှဉ်ပြိုင်မှု ဆိုင်ရာကျွမ်းကျင်ပညာရှင်များအား မြန်မာနိုင်ငံသို့လာရောက်၍ သင်တန်းပို့ချရေးကိစ္စရပ်များ၊ ကုလားတန်စီမံကိန်းအတွက် လိုအပ်သောကုန်ကြမ်းများ တင်သွင်းသည့်ကိစ္စနှင့်ပတ်သက်၍ ကုန်သွယ်ရေးဦးစီးဌာနမှ လိုအပ်သည်များ ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များစသည်တို့ကို နှစ်ဘက်အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

နှစ်နိုင်ငံကုန်သွယ်မှုဆက်ဆံရေးဌာနခွဲ

Latest News: 

ယှဉ်ပြိုင်မှုဥပဒေအရတိုင်ကြားခြင်း၊ စိစစ်ဆောင်ရွက်ခြင်းတို့နှင့် စပ်လျဉ်းသည့် လုပ်ငန်းစဉ်များအကြောင်း သိကောင်းစရာသင်တန်းဖွင့်လှစ်မှုအခြေအနေ (သတင်းအပြည့်အစုံ)

Mon, 01/01/2024 - 09:35 -- DotTrading
Myanmar

ယှဉ်ပြိုင်မှုဥပဒေအရတိုင်ကြားခြင်း၊ စိစစ်ဆောင်ရွက်ခြင်းတို့နှင့် စပ်လျဉ်းသည့် လုပ်ငန်းစဉ်များအကြောင်း သိကောင်းစရာသင်တန်းဖွင့်လှစ်မှုအခြေအနေ

(သတင်းအပြည့်အစုံ)

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက် အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။

၂။        အဆိုပါစီမံချက်အရ ယှဉ်ပြိုင်မှုဥပဒေအရ တိုင်ကြားခြင်း၊ စိစစ်ဆောင်ရွက်ခြင်းတို့နှင့် စပ်လျဉ်းသည့် လုပ်ငန်းစဉ်များအကြောင်း သိကောင်းစရာသင်တန်းကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့တွင် နေ့လယ် (၁၃း၃၀) နာရီမှ (၁၅း၃၀) နာရီထိ ဖွင့်လှစ်ခဲ့ပါသည်။

၃။         အဆိုပါသင်တန်းကို ကုန်သွယ်ရေးဦးစီးဌာန၊ ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ဝေရည်ကျော်မှ သင်ခန်းစာများ ပို့ချပေးခဲ့ပြီး အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၂၂) ဦးတို့ တက်ရောက်ခဲ့ပါသည်။

Latest News: 

“ယှဉ်ပြိုင်မှုဆိုင်ရာ တိုင်ကြားခြင်း၊ စိစစ်ဆောင်ရွက်ခြင်းတို့နှင့်စပ်လျဉ်းသည့် လုပ်ငန်းစဉ်များအကြောင်း အသိပညာပေးသင်တန်း” ဖွင့်လှစ်ပို့ချခြင်း

Mon, 01/01/2024 - 09:25 -- competition
Myanmar

“ယှဉ်ပြိုင်မှုဆိုင်ရာ တိုင်ကြားခြင်း၊ စိစစ်ဆောင်ရွက်ခြင်းတို့နှင့်စပ်လျဉ်းသည့် လုပ်ငန်းစဉ်များအကြောင်း အသိပညာပေးသင်တန်း” ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ရုံးအမှတ်(၃)၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ယှဉ်ပြိုင်မှုကော်မရှင်ရုံး၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ယှဉ်ပြိုင်မှုကော်မရှင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝေရည်ကျော်က ဆွေးနွေးပို့ချခဲ့ပြီး ကုန်သွယ်ရေးဦးစီးဌာနမှ သင်တန်းသား စုစုပေါင်း (၂၂) ဦး တက်ရောက်ခဲ့ကြပါသည်။

Latest News: 

Pages

Subscribe to RSS - Department of Trade