Department of Trade

INTRODUCTION COURSE ON WTO (PRINCIPLES AND GENERAL RULES) သင်တန်း၊ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၁/၂၀၂၄) နှင့်ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲသတင်း (အပြည့်အစုံ)

Thu, 03/28/2024 - 07:37 -- DotTrading
Myanmar

 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုင်ရာ မိတ်ဆက်သင်တန်း Introduction Course on WTO(Principles and General Rules)၊ အင်္ဂလိပ်ဘာသာ စကားကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၁/၂၀၂၄)နှင့် ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲများကို နေပြည်တော်၊ ရုံးအမှတ်-၃ ၌ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၆ရက်၊  အင်္ဂါနေ့၊ နေ့လယ် ၁၄:၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံတက်ရောက်အမှာစကားပြောကြားခဲ့သည်။

   ပြည်ထောင်စုဝန်ကြီးက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေး၏ သမိုင်းကြောင်းများ၊ မူဝါဒနှင့် စည်းမျဉ်းစည်းကမ်းများ၊ သဘောတူညီချက်များကို သိရှိနားလည်ပြီး လုပ်ငန်းခွင်အတွင်း အသုံးပြုနိုင်ရေးအတွက် သင်တန်းများပို့ချပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ အလားတူ အင်္ဂလိပ်ဘာသာစကား အရေး၊ အဖတ်၊ အပြော၊ နားထောင်မှုစွမ်းရည်များတိုးတက်ရန် အင်္ဂလိပ်စာသင်တန်းကိုပါ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ အလားတူ ပို့ကုန်သွင်းကုန်မူဝါဒများ သိရှိနားလည်မှ လုပ်ငန်းတာဝန်များကို မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း၊ သင်တန်းမှပို့ချသော နည်းစနစ်များ၊ သင်ခန်းစာများကို အမှီပြု၍ ဆက်လက်လေ့လာရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ စဉ်ဆက်မပြတ် လေ့လာနိုင်ဖို့လိုကြောင်း၊ သင်ယူလေ့လာခြင်းမှ ပိုမိုတတ်သိသော မျိုးဆက်သစ်များဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြ ရန်လိုကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။  

   ဆက်လက်၍ သင်တန်းသားထူးချွန်ဆုများချီးမြှင့်ရာ Introduction Course on WTO (Principles and General Rules) သင်တန်းမှ ဆုရသင်တန်းသားများကို ပြည်ထောင်စုဝန်ကြီးက လည်းကောင်း၊ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၁/၂၀၂၄) မှ ဆုရ သင်တန်းသားများကို ဒုတိယဝန်ကြီးက လည်းကောင်း၊ ပို့ကုန်သွင်းကုန် လုပ်ထုံးလုပ်နည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၄)မှ ဆုရသင်တန်းသားများကို ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်က လည်းကောင်း၊ သင်တန်းဆင်းအောင်လက်မှတ်များနှင့် နည်းပြဂုဏ်ပြုမှတ်တမ်းများကို ကုန်သွယ်ရေးဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ်ကလည်းကောင်း ချီးမြှင့်ခဲ့သည်။

   အဆိုပါသင်တန်းဆင်းပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သူ ၁၁၅ ဦးတို့ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး သည် ဆုရသင်တန်းသား/သူများနှင့်အတူ လန်းဆန်းစာများကို သုံးဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

Latest News: 

အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ် ရေးဆွဲရေးဆိုင်ရာ ဒသမအကြိမ် ညှိနှိုင်းအစည်းအဝေး တက်ရောက်ခြင်း

Thu, 03/28/2024 - 05:00 -- competition
Myanmar

          အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ် ရေးဆွဲရေးဆိုင်ရာ ဒသမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့တွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ ပါသည်။

          အစည်းအဝေးတွင် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ် ဆွေးနွေး ညှိနှိုင်းရေးဥက္ကဋ္ဌဖြစ်သူ ဖိလစ်ပိုင်ယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင် Ms. Lolibeth Ramit-Medrano က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ယှဉ်ပြိုင်မှု ဆိုင်ရာကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ စုစုပေါင်း (၂၂)ဦး တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

          အစည်းအဝေးတွင် မူဘောင်သဘောတူစာချုပ်၌ ထည့်သွင်းမည့် ညှိနှိုင်းဆွေးနွေးခြင်းအပိုဒ် အတွက် စာသားမူကြမ်းအပေါ် ဆွေးနွေးခဲ့ကြ၍ အပိုဒ် (၈) “သတင်းအချက်အလက်များ လုံခြုံမှု ရှိစေရေး”၊ အပိုဒ် (၉) “အဖွဲ့အစည်းဆိုင်ရာ အခန်းကဏ္ဍ” နှင့် အပိုဒ် (၁၀) “နည်းပညာပိုင်း ဆိုင်ရာအကူအညီပေးမှုနှင့် စွမ်းအားစုတည်ဆောက်ခြင်း” တို့တွင် ပြောင်းလဲပြင်ဆင်မည့် စာသားများအပေါ် ဆွေးနွေးခဲ့ကြပါသည်။

          အစည်းအဝေးတွင် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့် အာဆီယံ ယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ် ရေးဆွဲရေးဆိုင်ရာ (၁၁)ကြိမ်မြောက် ညှိနှိုင်း အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်ရန် စီစဉ် ထားရှိမှုအခြေအနေများအား ဆွေးနွေးခဲ့ကြပါသည်။

Latest News: 

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ယှဉ်ပြိုင်မှုဥပဒေ သင်ခန်းစာပို့ချခြင်း

Wed, 03/20/2024 - 10:44 -- competition
Myanmar

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသို့ ဌာနကူးပြောင်းရောက်ရှိလာသော ဝန်ထမ်းများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်) နှင့် တိုင်းဒေသကြီး / ပြည်နယ်များတွင် အသစ်ခန့်ထားသည့် ဝန်ထမ်းများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေ၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ၊ လူမွဲခံယူခြင်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ သိရှိစေရန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်စပ်ဝန်ကြီးဌာနများ၏ လုပ်ထုံးလုပ်နည်းများ သိရှိစေရန်နှင့် လက်တွေ့လုပ်ငန်းခွင်တွင် လိုက်ပါဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁၂) ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ မတ်လ ၂၀ ရက်နေ့အထိ ပို့ချလျက်ရှိပါသည်။

အဆိုပါသင်တန်းတွင် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့၌ ယှဉ်ပြိုင်မှုဥပဒေသင်ခန်းစာကို ယှဉ်ပြိုင်မှုကော်မရှင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝေရည်ကျော်က သွားရောက်ပို့ချခဲ့ပြီး ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများနှင့် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

Latest News: 

နည်းပညာနှင့် တီထွင်ဆန်းသစ်မှု အထောက်အကူပြုစင်တာများနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပခြင်း

Fri, 03/15/2024 - 09:50 -- ipICTdep
Myanmar

နေပြည်တော် မတ်လ ၁၄

   နည်းပညာနှင့် တီထွင်ဆန်းသစ်မှု အထောက်အကူပြုစင်တာများနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် ရည်ရွယ်ကျင်းပပြုလုပ်သော တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့နံနက် ၁၀ နာရီအချိန်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၅၂)၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပခဲ့ရာ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က အဖွင့်အမှာစကားပြောကြား ခဲ့သည်။

   အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ညွှန်ကြားရေးမှူးများ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်ရှိ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်းအမှုထမ်းများ၊ နည်းပညာနှင့်တီထွင်ဆန်းသစ်မှုအထောက်အကူပြုစင်တာများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ စုစုပေါင်း (၁၅၀)ဦးခန့်တက်ရောက်ကြသည်။

   ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ်က တီထွင်ဖန်တီးမှုများကို မူပိုင်ခွင့်ဥပဒေများအရ အကာအကွယ်ပေးခြင်းအားဖြင့် တီထွင်ဖန်တီးမှုများကို ပိုမိုမြှင့်တင်နိုင်မည်ဖြစ်ပါကြောင်း၊ တီထွင်ဖန်တီးမှုများ၊ နည်းပညာများ အားကောင်းသည့် နိုင်ငံများသည် ကမ္ဘာပေါ်တွင် ရှေ့တန်းမှ ဦးဆောင်သည့် နိုင်ငံများအဖြစ် ရပ်တည်လျက်ရှိပါကြောင်း၊ တီထွင်မှုများနှင့် ဆက်စပ်လျက်ရှိသော တီထွင်ဆန်းသစ်မှုအထောက်အကူပြုစင်တာ (တက္ကသိုလ်၊ ကောလိပ်၊ သုတေသနစင်တာ) များသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လွန်စွာအရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး သုတေသနဌာနများနှင့်ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်အကောင်အထည်ဖော်နိုင်ခြင်းအားဖြင့် တီထွင်မှုမူပိုင်ခွင့်စနစ်များအား ပိုမိုထိရောက်အောင် ဆောင်ရွက်လာနိုင်ပြီးဖြစ်ပြီး၊  တီထွင်မှုမူပိုင်ခွင့်စနစ်ကို သိရှိအသုံးချနိုင်ခြင်းအားဖြင့် တီထွင်ဖန်တီးမှုအသစ်များ၊ နည်းပညာအသစ်များ များစွာပေါ်ထွန်းလာနိုင်ပြီး မိမိတို့၏ သုတေသနနှင့် တီထွင်ဖန်တီးမှုများတွင် လက်တွေ့အသုံးချခြင်းအားဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်းပြောကြားခဲ့သည်။

   ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန၊ တီထွင်မှုမူပိုင်ခွင့်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာပွင့်ဖြိုးဝင်းက တီထွင်မှုမူပိုင်ခွင့်စနစ်နှင့်စပ်လျဉ်း၍လည်းကောင်း၊ တီထွင်မှုမူပိုင်ခွင့်ကို အသုံးပြု၍ နည်းပညာအချက်အလက်များရှာဖွေခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခြင်းများအပေါ် သက်ဆိုင်ရာဘာသာရပ်တာဝန်ခံက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

Latest News: 

(၃၂)ကြိမ်မြောက် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ တက်ရောက်ခြင်း

Mon, 03/11/2024 - 06:26 -- competition
Myanmar

(၃၂) ကြိမ်မြောက် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ အစည်းအဝေး (ASEAN Experts Group on Competition-AEGC) နှင့် ဆက်စပ်အစည်းအဝေးများကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁၁ ရက်မှ ၁၅ ရက် အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် လူကိုယ်တိုင်နှင့် Virtual စနစ်တို့ဖြင့် ပူးတွဲပုံစံ (Hybrid) ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ၂၀၂၃ ခုနှစ်အတွက် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဖိလစ်ပိုင်ယှဉ်ပြိုင်မှုကော်မရှင် အဖွဲ့ဝင် Ms. Lolibeth Ramit-Medrano က  ၂၀၂၄ ခုနှစ်အတွက် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ ဥက္ကဋ္ဌအဖြစ် ထိုင်းယှဉ်ပြိုင်မှုကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင်ဖြစ်သူ Mr. Raksagecha Chaechai ကို တာဝန်လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ယှဉ်ပြိုင်မှုဥပဒေ၊ ယှဉ်ပြိုင်မှုမူဝါဒများနှင့်စပ်လျဉ်း၍ လက်ရှိဆောင်ရွက်နေမှု အခြေအနေများ၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအစဉ် များနှင့် ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများ၊ စိန်ခေါ်မှုများအပေါ် ဖြေရှင်းဆောင်ရွက်နိုင် မည့် နည်းလမ်းများကို ညှိနှိုင်းဆွေးနွေးနိုင်ရန်အတွက် ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။

(၃၂) ကြိမ်မြောက် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာကျွမ်းကျင်သူများအဖွဲ့ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်ခဲ့ပါသည် -

(က)    (၃၂)ကြိမ်မြောက် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ အစည်း အဝေး (၂၀၂၄ ခုနှစ်၊ မတ်လ ၁၁ ရက်မှ ၁၃ ရက်ထိ)

( ခ )   (၂၀)ကြိမ်မြောက် အာဆီယံ-ဩစတြေးလျ-နယူးဇီလန် လွတ်လပ်သော ကုန် သွယ်မှုဒေသ ကော်မတီအစည်းအဝေး (၂၀၂၄ ခုနှစ်၊ မတ်လ ၁၄ ရက်)

( ဂ )   (၁၁)ကြိမ်မြောက် စီမံကိန်းဦးဆောင်ကော်မတီ အစည်းအဝေး (၂၀၂၄ ခုနှစ်၊ မတ်လ ၁၄ ရက်)

(ဃ)    ၂၀၂၅ ခုနှစ်အလွန် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ လုပ်ငန်းစီမံချက် (ACAP) ရေးဆွဲရေးဆိုင်ရာ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး (၂၀၂၄ ခုနှစ်၊ မတ်လ ၁၄ ရက်)

( င )   အာဆီယံယှဉ်ပြိုင်မှု မူဘောင်သဘောတူစာချုပ် ရေးဆွဲရေးဆိုင်ရာ နဝမအကြိမ် ညှိနှိုင်းအစည်းအဝေး (၂၀၂၄ ခုနှစ်၊ မတ်လ ၁၅ ရက်)

(၃၂) ကြိမ်မြောက် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာကျွမ်းကျင်သူများအဖွဲ့ အစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါသည်။

ဆက်စပ်အစည်းအဝေးများသို့ ဩစတြေးလျ၊ နယူးဇီလန်၊ ဂျပန်၊ အမေရိကန်၊ ယူကေ၊ ကနေဒါနိုင်ငံတို့နှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် GIZ အဖွဲ့မှ ကိုယ်စားလှယ်များ၊ ယှဉ်ပြိုင်မှုဆိုင်ရာကျွမ်းကျင်သူများ တက်ရောက်ခဲ့ကြပါသည်။

Latest News: 

ကုန်သွယ်ရေးဦးစီးဌာန Wednesday Talk ဆွေးနွေးပွဲ သတင်း (အပြည့်အစုံ)

Thu, 03/07/2024 - 05:34 -- DotTrading
Myanmar

ကုန်သွယ်ရေးဦးစီးဌာန

Wednesday Talk ဆွေးနွေးပွဲ

သတင်း (အပြည့်အစုံ)

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ရုံးအမှတ်(၃)၊ ညီလာခံခန်းမ၌ Wednesday Talk ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ မတ်လ (၆)ရက် (ဗုဒ္ဓဟူးနေ့) နံနက် (၁၀:၀၀)နာရီမှ (၁၁:၃၅)နာရီ အချိန်ထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

၂။         Wednesday Talk ဆွေနွေးပွဲတွင် မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာမေဖြိုးသွယ် က  (၁၇) ကြိမ်မြောက် ကုန်သွယ်မှုနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ” ခေါင်းစဉ်ဖြင့် တက်ရောက်ခဲ့သည့် အတွေ့အကြုံများကို ဆွေးနွေးတင်ပြခဲ့ပါသည်။

၃။         ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ မှ အဆိုပါ ဆွေ:နွေးပွဲတွင် ဆွေးနွေး ပြောကြားခဲ့သော ညွှန်ကြားရေးမှူး ဒေါက်တာမေဖြိုးသွယ် အား  ဂုဏ်ပြုလက်ဆောင်ကို ပေးအပ်ချီးမြှင့် ခဲ့ပြီး၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ က နိဂုံးချုပ် အမှာစကားကို ပြောကြားခဲ့ပါသည်။

၄။         အဆိုပါ Wednesday Talk ဆွေးနွေးပွဲသို့ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးရုံး ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာ အရာထမ်း ၊ အမှုထမ်း စုစုပေါင်း (၁၈၄) ဦး တို့ တက်ရောက်ခဲ့ပါသည်။      

Latest News: 

အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၁/၂၀၂၄) (သတင်း)

Fri, 03/01/2024 - 05:02 -- DotTrading
Undefined

အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၁/၂၀၂၄)

(သတင်း)

၁။   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက် အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်တွင်ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။       အဆိုပါစီမံချက်အရ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၁/၂၀၂၄) အား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက် (ဗုဒ္ဓဟူးနေ့) နေ့လည်(၁၄း၀၀)နာရီအချိန်တွင် စတင် ဖွင့်လှစ်ခဲ့ပါသည်။

၃။      အဆိုပါသင်တန်းကို ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်မင်းသိုက် ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန္ဒာဝင်း ၊ လက်ထောက်ညွှန်ကြားရေးမှူး  ဒေါ်ခိုင်မြတ်မြတ်ခိုင် နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေဖြိုးသူ တို့မှ သင်တန်းနည်းပြအဖြစ် သင်ခန်းစာများ ပို့ချ ပေးမည်ဖြစ်ကြောင်းနှင့်  သင်တန်းသား စုစုပေါင်း(၃၂)ဦးတို့ တက်ရောက်မည် ဖြစ်ကြောင်း သိရှိရ ပါသည်။

Latest News: 

“အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ် ညှိနှိုင်းဆွေးနွေးမှုများအတွက် ပဉ္စမအကြိမ် ယှဉ်ပြိုင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် ညှိနှိုင်းဆွေးနွေးပွဲ

Wed, 02/28/2024 - 03:39 -- competition
Myanmar

အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ် (ASEAN-Canada Free Trade Agreement-ACAFTA) ညှိနှိုင်းဆွေးနွေးမှုများအတွက် ပဉ္စမအကြိမ် ယှဉ်ပြိုင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့်အစည်းအဝေး ညှိနှိုင်းဆွေးနွေးပွဲ (5th ACAFTA WGC) ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

 

အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ယှဉ်ပြိုင်မှုကဏ္ဍမှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ စုစုပေါင်း(၃၀)ဦး တက်ရောက်ခဲ့ကြပါသည်။

 

အစည်းအဝေးတွင် အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ် ညှိနှိုင်းဆွေးနွေးမှုများအတွက် ယှဉ်ပြိုင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့၊ အာဆီယံဥက္ကဋ္ဌဖြစ်သူ စင်ကာပူ ယှဉ်ပြိုင်မှုနှင့် စားသုံးသူကော်မရှင် (CCCS) နှင့် နိုင်ငံတကာရေးရာ၊ ဆက်သွယ်ရေးနှင့် စီမံကိန်းဌာန၊ ညွှန်ကြားရေးမှူး Ms. Yvette Yoong က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

 

အစည်းအဝေးတွင် အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်၏ "ယှဉ်ပြိုင်မှုအခန်း"တွင် ထည့်သွင်းရန်အတွက် အာဆီယံကတင်သွင်းထားသည့် အဓိကအချက် များတွင် ကနေဒါနိုင်ငံက ပြင်ဆင်ဖြည့်စွက်ရန် အဆိုပြုလာမှုများအပေါ် အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။

Latest News: 

ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်း (သတင်း)

Tue, 02/27/2024 - 08:37 -- DotTrading
Myanmar

ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်း အမှတ်စဉ် (၁/၂၀၂) သင်တန်း

(သတင်း)

 

၁။        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန် ချက်အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။      အဆိုပါစီမံချက်အရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ကုန်သွယ်ရေးဦးစီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဦးစီးဌာနများရှိ ဝန်ထမ်းများအား ပို့ကုန်သွင်းကုန် လုပ်ထုံးလုပ်နည်းများကို သိရှိပြီး ပေးအပ်သောတာဝန်အပေါ် စွမ်းဆောင်ရည် မြင့်မားစွာဖြင့် ကျေပွန်စွာထမ်းဆောင်နိုင်ရန်၊ ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာ စေရန် ရည်ရွယ်၍ ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၄)ကို ၂၀၂၄ ခုနှစ် ၊ ဖေ‌ဖော်ဝါရီလ(‌၂၆) ရက် နံနက် (၀၉:၃၀) နာရီ အချိန်တွင် စတင် ဖွင့်လှစ်ခဲ့ပါသည်။

၃။         အဆိုပါ သင်တန်းကို ၂၀၂၄ ခုနှစ် ၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့ မှ မတ်လ (၂၉) ရက်နေ့ ထိနေ့စဉ် (တနင်္လာနေ့ မှ သောကြာနေ့ထိ) နံနက် (၀၉:၃၀) နာရီ မှ (၁၂:၃၀) အချိန်ထိ ရက် သတ္တပတ်(၅)ပတ်ကြာ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ အရာထမ်း ၊ အမှုထမ်း စုစုပေါင်း (၄၈) ဦး တက်ရောက်သင်ကြားလျက်ရှိပါသည်။

Latest News: 

ကုန်သွယ်မှုဉပဒေများအကြောင်း အသိပညာပေးသင်တန်း (သတင်း)

Fri, 02/23/2024 - 09:40 -- DotTrading
Myanmar

ကုန်သွယ်မှုဉပဒေများအကြောင်း အသိပညာပေးသင်တန်း

(သတင်း)

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက် အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်တွင်ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။       အဆိုပါစီမံချက်အရ ကုန်သွယ်မှုဉပ‌ဒေများအကြောင်း သင်တန်းကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့ထိ (ကြာသပတေးနေ့ နှင့် သောကြာနေ့) နေ့လည် (၁၃း၀၀) နာရီမှ (၁၅း၃၀) နာရီထိ ဖွင့်လှစ်ခဲ့ပါသည်။

၃။    အဆိုပါသင်တန်းကို ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုမူဝါဒခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယုဇနမြင့်အောင်မှ သင်ခန်းစာများပို့ချပေးခဲ့ပြီး အရာထမ်း၊အမှုထမ်းစုစုပေါင်း(၂၀)ဦးတို့ တက်ရောက် ခဲ့ပါသည်။

Latest News: 

Pages

Subscribe to RSS - Department of Trade