အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ် ရေးဆွဲရေးဆိုင်ရာ ဒသမအကြိမ် ညှိနှိုင်းအစည်းအဝေး တက်ရောက်ခြင်း

Thu, 03/28/2024 - 05:00 -- competition

          အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ် ရေးဆွဲရေးဆိုင်ရာ ဒသမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့တွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ ပါသည်။

          အစည်းအဝေးတွင် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ် ဆွေးနွေး ညှိနှိုင်းရေးဥက္ကဋ္ဌဖြစ်သူ ဖိလစ်ပိုင်ယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင် Ms. Lolibeth Ramit-Medrano က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ယှဉ်ပြိုင်မှု ဆိုင်ရာကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ စုစုပေါင်း (၂၂)ဦး တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

          အစည်းအဝေးတွင် မူဘောင်သဘောတူစာချုပ်၌ ထည့်သွင်းမည့် ညှိနှိုင်းဆွေးနွေးခြင်းအပိုဒ် အတွက် စာသားမူကြမ်းအပေါ် ဆွေးနွေးခဲ့ကြ၍ အပိုဒ် (၈) “သတင်းအချက်အလက်များ လုံခြုံမှု ရှိစေရေး”၊ အပိုဒ် (၉) “အဖွဲ့အစည်းဆိုင်ရာ အခန်းကဏ္ဍ” နှင့် အပိုဒ် (၁၀) “နည်းပညာပိုင်း ဆိုင်ရာအကူအညီပေးမှုနှင့် စွမ်းအားစုတည်ဆောက်ခြင်း” တို့တွင် ပြောင်းလဲပြင်ဆင်မည့် စာသားများအပေါ် ဆွေးနွေးခဲ့ကြပါသည်။

          အစည်းအဝေးတွင် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့် အာဆီယံ ယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ် ရေးဆွဲရေးဆိုင်ရာ (၁၁)ကြိမ်မြောက် ညှိနှိုင်း အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်ရန် စီစဉ် ထားရှိမှုအခြေအနေများအား ဆွေးနွေးခဲ့ကြပါသည်။