ကြာသပတေးနေ့ ၂၁ ဖေဖော်ဝါရီလ ၂၀၁၃ 1:40 PM

တမူး နယ်စပ်ကုန်သွယ်ရေးတွင် စားသုံးသူ အကာအကွယ် ပေးရေးနှင့် တရားမဝင် ကုန်သွယ်မှု လျော့နည်း ပပျောက်ရေး တို့အတွက် Mobile Team အဖွဲ့ကို ၁-၁၂-၂ဝ၁၂ နေ့မှ စတင် ဖွဲ့စည်း ဆောင်ရွက်ခဲ့ရာ ၂ဝ-၁-၂ဝ၁၃ ထိ ကာလ မှာ ပညာပေး ကာလ အဖြစ် သတ်မှတ် လုပ်ဆောင် ခဲ့ပါတယ်။

ဖမ်းဆီးရရှိ ပစ္စည်းများ အနက် ခွင့်ပြု ပစ္စည်း များအား တရားဝင် လိုင်စင်ဖြင့် အခွန် ပေးဆောင်ပြီး သယ်ယူ ခွင့်ပြုခြင်း၊ တားမြစ် ကန့်သတ် ပိတ်ပင် ထားသော ပစ္စည်းများ အား သက်ဆိုင်ရာ ဌာန တို့သို့ လွဲှပြောင်း အပ်နံှခြင်း ပြုလုပ်ခဲ့ပါတယ်။ Mobile Team မှာ နယ်စပ် ကုန်သည် အသင်း ကိုယ်စားလှယ်၊ အထွေထွေ အုပ်ခုျပ်ရေး ဦးစီးဌာန ကိုယ်စားလှယ်၊ ရဲတပ်ဖွဲ့ OSS ၊ အကောက်ခွန်၊ နယ်စပ် ကုန်သွယ်ရေးတို့ အပါအဝင် သတင်း မီဒီယာ ဦးဝင်းနိုင် (မြန်မာ့အလင်း / ကြေးမုံ) လည်း ပါဝင်ခဲ့ပြီး၊ သတင်း မီဒီယာ အနေဖြင့် လုပ်ငန်း ရည်မှန်းချက်များ အောင်မြင်ရေး မီဒီယာဖြင့် ထိန်းကျောင်း ပြုပြင်ကာ ပြည်သူ လူထုအား သတင်းမှန် သိရှိစေရေး နှင့် မှန်ကန် မြန်ဆန်စွာ သတင်း ဖော်ပြနိုင်ရေး ပူးပေါင်း ပါဝင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။ ၁၈-၂-၂ဝ၁၃ ထိ အခွန် ပေးဆောင် ခွင့်ပြု တန်ဖိုး ၁၁ ဒသမ ၉၂ဝ ကျပ်သန်း နှင့် အကောက်ခွန် လွဲှအပ်ခဲ့ တန်ဖိုး ၃၁ ဒသမ ၆၁ဝ ကျပ်သန်း၊ စုစုပေါင်း ဖမ်းဆီးရမိ တန်ဖိုး ၄၃ ဒသမ ၅၃ဝ ကျပ်သန်း ရှိကြောင်း သတင်း ရရှိပါတယ်။

စမ်းစမ်းအေး (တမူး)

ကြာသပတေးနေ့ ၂၁ ဖေဖော်ဝါရီလ ၂၀၁၃ 1:35 PM

မန္တလေးတိုင်း ဒေသကြီး မန္တလေးမြို့ ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အမျိုးသား ကဇာတ်ရုံ ကွင်းပြင် မှာ ဖေဖော်ဝါရီလ ၂ဝ ရက်မှ ၂၄ ရက်ထိ Thematic Handicraft Exhibition ကုန်စည် ပြပွဲ ကျင်းပသွားရန် ရှိပါတယ်။

ထို ကုန်စည် ပြပွဲ မှာ ပါဝင် ပြသ ရန် အိန္ဒိယ သမ္မတနိုင်ငံ၊ မဏိပူရ ပြည်နယ်မှ လက်မှု ပညာရှင် ၂၁ ဦးပါအဖွဲ့ ဟာ အမေရိကန် ၉၃၆၈ ဒေါ်လာ တန်ဖိုးရှိ အိန္ဒိယ နိုင်ငံလုပ် လက်ယက်ထည်နဲ့ လက်မှု ပစ္စည်းများ သယ်ဆောင်ကာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ တမူးက တစ်ဆင့် မန္တလေးသို့ ဆက်လက် ထွက်ခွာ သွားခဲ့ကြတယ်လို့ သတင်း ရရှိပါတယ်။ ပြပွဲတွင် ပြသရန် အတွက် အိန္ဒိယနိုင်ငံ လုပ် ဆာရီ၊ ပုဆိုး၊ ထမီ၊ တစ်ဘက်၊ ပုဝါစသည့် အဝတ် အထည်များ နဲ့ ကြိမ်၊ ဝါးတို့ဖြင့် ပြုလုပ်ထားတဲ့ လက်မှု ပစ္စည်းများအား သယ်ဆောင် သွားပြီး ၎င်း ပစ္စည်းများ အား ပါဝင် ခင်းကျင်း ပြသရောင်းချ လှူဒါန်း သွားမည် ဖြစ်ကြောင်း သတင်း ရရှိပါတယ်။

လှဌေး(တမူး)

ကြာသပတေးနေ့ ၂၁ ဖေဖော်ဝါရီလ ၂၀၁၃ 1:30 PM

ရိဒ်ခေါဒါရ် နယ်စပ်ကုန်သွယ်ရေး စခန်းမှ ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ချင်းအစို ( ၁၁ဝ၂၅ ) ကီလိုဂရမ် (၁၁ ဒသမ ဝ၂၅ တန်) ကို တစ်ဖက်နိုင်ငံ ဇိုခေါဒါရ်သို့ စတင် တင်ပို့ နိုင်ခဲ့ပါတယ်။ ချင်းအစိုများကို တစ်ဖက်နိုင်ငံရှိ ဇိုခေါဒါရ်မှ တဆင့် ကျန်ဖိုင်းသို့ လည်းကောင်း၊ ကျန်ဖိုင်းမှ တဆင့် အိုက်ဇောသို့ လည်းကောင်း၊ အိုက်ဇောမှ တဆင့် ဆီးလ်ကျာရ်မြို့ (ထရီပူရပြည်နယ်၏ မြို့တော်) ထိ ဖြန့်ဖြူး ရောင်းချ ကြတယ်လို့ သိရပါတယ်။ ၂ဝ၁၁ ခုနှစ်နဲ့ ၂ဝ၁၂ ခုနှစ်တို့တွင် ချင်းအစို များကို တစ်ဖက်နိုင်ငံ အိုက်ဇောမှ ဝယ်ယူခြင်း မရှိခဲ့သဖြင့် တင်ပို့ ရောင်းချခြင်း မပြုလုပ် နိုင်ခဲ့ဘဲ ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလ မှသာ စတင်၍ တစ်ဖက် နိုင်ငံ အိုက်ဇောမှ အဝယ် ရှိလာတာ ဖြစ်ပါတယ်။

ချင်းအစို များကို ရိဒ်ခေါဒါရ် မြို့နယ်ခွဲ၊ အမှတ် (၁) ရပ်ကွက်ရှိ တောင်သူများက စိုက်ပျိုး ကြပါတယ်။ ချင်းအစို စိုက်ပျိုးသူ တောင်သူ (၇ဝ) ဦး ခန့် ရှိပြီး စုစုပေါင်း စိုက်ပျိုး ဧက (၁၅ဝ) ခန့် ရှိတယ်လို့ သိရပါတယ်။ ၁ ဧက အထွက်နှုန်း အနေနဲ့ ခန့်မှန်း ၆၈၂ ဒသမ ၅ ပိဿာ (၃ဝ အိတ် x ၃၅ ကီလိုဂရမ် > ၁ဝ၅ဝ ကီလိုဂရမ် > ၁ ဒသမ ဝ၅ တန် > ၆၈၂ ဒသမ ၅ ပိဿာ) ထွက်ရှိပါတယ်။ ၎င်း ဂျင်းအစို များကို ဧပြီ နဲ့ မေလ မိုးစတင် ရွာသွန်းသည့် အချိန်တို့တွင် စတင် စိုက်ပျိုးထားရှိပြီး နောက် ၁ နှစ် ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလ ရောက်ရှိမှသာ ဝယ်ယူသူ ရှိပြီး ဈေးကောင်းလျှင် ရောင်းချမှုများ ပြုလုပ်တယ်လို့ သိရပါတယ်။ ဝယ်ယူသူ မရှိပါက စိုက်ခင်း အတွင်းမှာဘဲ ဆက်လက် ထားရှိကြပါတယ်။ အဲဒီလို ဆက်လက် ထားရှိလျှင် ချင်းအတက် (၁) တက် မှ (၅) တက် အထိ ထပ်မံ ပွားများ လာတယ်လို့ သိရှိရပါတယ်။ ယခု ရောင်းချတဲ့ ချင်းအစို များဟာ ၂ဝ၁၁ ခုနှစ်၊ ၂ဝ၁၂ ခုနှစ် ကတည်းက စိုက်ပျိုး ထားရှိခဲ့ကြပြီး ယခု ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလမှ ဝယ်လက် ပေါ်လာ၍ ဈေးကောင်း ရရှိသောကြောင့် ဒေသခံ တောင်သူများက စိုက်ခင်းများမှ ဖော်ယူ ရောင်းချကြတယ်လို့ သိရပါတယ်။

တစ်ဧက စိုက်ပိုျး ထုတ်လုပ်မှု ကုန်ကျစရိတ် ကတော့ ၇၂ဝဝ ရူပီး (၁၁၅၂ဝဝဝ ကျပ်) ဖြစ်ပြီး ရိဒ်ခေါဒါရ် မြို့နယ်ခွဲမှ တစ်ဖက်နိုင်ငံ ဇိုခေါဒါရ် အထိ သယ်ယူ ပို့ဆောင်ခ အနေနဲ့ ကား (၁) စီးလျှင် ၁၅ဝဝဝ ကျပ် (ရူပီး ၉ဝဝ ကျော်ခန့်) ပေးဆောင်၍ ငှားရမ်း ပို့ဆောင်လျက် ရှိကြပါတယ်။

ချင်းအစိုတွေရဲ့ ဈေးနှုန်းကတော့ ရိဒ်ခေါဒါရ် မြို့နယ်ခွဲမှာ တစ်ကီလို ဂရမ်လျှင် ၁၂ ရူပီး ၁၉၂ ကျပ် ရှိပြီး၊ တစ်ဖက် နိုင်ငံ အိုက်ဇောမြို့ မှာ တစ်ကီလို ဂရမ်လျှင် ၁၆ ရူပီး (၂၅၆ ကျပ်) ရောင်းဈေး ရှိတယ်လို့ သိရပါတယ်။ ရိဒ်ခေါဒါရ် နယ်စပ် ကုန်သွယ်ရေး အတွက် ပို့ကုန် အမယ် တစ်မယ်တိုး တင်ပို့နိုင်သဖြင့် ကုန်သွယ်မှု ပမာဏအတွက် အထောက်အကူပြု လာနိုင်ကြောင်း တင်ပြလိုက် ရပါတယ်။

Source: နကသ (ရိဒ်) တင်ထွန်းဦး (ရွှေဘို)

ကြာသပတေးနေ့ ၂၁ ဖေဖော်ဝါရီလ ၂၀၁၃ 1:05 AM

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ၁ရးဝဝ ချိန်မှာ လားရှိုးမှ မန္တလေးသို့ မောင်းနှင် လာတဲ့ Light Truck ယာဉ် ၈ဇ/xxxx ပေါ်မှ ခန့်မှန်း တန်ဖိုး ၂၁၆ဝဝဝ ကျပ်ရှိ တရားမဝင် အကောက်ခွန်မဲ့ ကြက်ဆီဗူး ၃၆ဝ ကီလိုကို Mobile Team -၁ က စစ်ဆေး တွေ့ရှိ တားဆီး ခဲ့ရတယ်လို့ သတင်း ရရှိပါတယ်။ ကြက်ဆီဗူးများကို ၁ ကီလိုထုတ်လေးများ ထုတ်ထားတာ ဖြစ်ပါတယ်။

အလားတူဘဲ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ၂၂း၁၅ ချိန်မှာ မြဝတီ - ရန်ကုန် ကုန်စည် စီးဆင်းမှု လမ်းကြောင်းပေါ်ရှိ စစ်တောင်း တံတား အဟောင်း အသစ် ဆုံရာ လမ်းဆုံမှာ Mobile Team-၂ မှ စစ်ဆေးရေး ဆောင်ရွက်နေစဉ် Light Truck       (၈ဇ/xxxx) အား တားဆီးရာမှာ ရပ်တန့်ခြင်း မရှိဘဲ အရှိန်တင် မောင်းနှင်သွားပါတယ်။ အလေးချိန် ဝန်ပါတယ်လို့ သံသယ ရှိတဲ့ အတွက် လိုက်လံ တားဆီးရာမှာ အဗျားကြီး ရွာလယ်မှာ မိပြီး တားဆီး နိုင်ခဲ့ပါတယ်။ ယာဉ်ပေါ်မှ ဖော့ပုံးများ တွေရှိရတဲ့ အတွက် ဖွင့်ဖောက် စစ်ဆေးရာမှာ CP အမှတ် တံဆိပ်   ကြက်သဲ ကြက်မြစ်ထုတ် ၃၅၂ ကီလိုကျော်နဲ့ ယိုးဒယား ပုစွန်ဖြူ ၁၇၆ ကီလိုကျော်ကို တွေ့ရှိခဲ့ ရပါတယ်။

အဆိုပါ ဖမ်းဆီးရမိ ကြက်သဲ ကြက်မြစ်၊ ပုစွန်ဖြူ တို့အား အကောက်ခွန် လုပ်ထုံး လုပ်နည်းနဲ့ အညီ အမှုတွဲ ဖွင့်လှစ် အရေးယူထားပြီး ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာတော့ စစ်တောင်း တံတား အဟောင်း အသစ်ဆုံရာ အနီးမှာ ကျင်းတူး ဒီဇယ်လောင်း ထုံးဖြူး မြေမြှုပ် ဖျက်ဆီးခဲ့ပြီး ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

Source : လရ-၂ MTN

ကြာသပတေးနေ့ ၂၁ ဖေဖော်ဝါရီလ ၂၀၁၃ 11း50 AM

မြဝတီ-ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်းပေါ်မှာ စားသုံးသူ အကာအကွယ် ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှု တားဆီးရေး အတွက် Mobile Team များနဲ့ ရှောင်တခင် စစ်ဆေးမှုများကို နိုဝင်ဘာလ နဲ့ ဒီဇင်ဘာလများ မှာ ပညာပေး ကာလ အဖြစ် လုပ်ဆောင်ခဲ့ပြီး ဇန်နဝါရီလ ၂၁ ရက်မှ စ၍ ဖမ်းဆီး အရေးယူမှုများကို ဆက်လက် လုပ်ဆောင်လျက် ရှိပါတယ်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့က Mobile Team-2 အခြေပြု စစ်ဆေးတဲ့နေရာကို ရောက်ရှိလာတဲ့ ဂျပ်ဖာဟောင်း၊ ပုလင်းခွံ၊ သတ္တု၊ ကုလားပဲများ တင်ဆောင်ထားတဲ့ ၆ ဘီးယာဉ် ၇က/ xxxx ကို စစ်ဆေးရာမှာ ပစ္စည်း ဟောင်းများ အောက်က ဘီယာ၊ အခိုျရည်၊ အိုးဖာတိတ်၊ တံခါးလက်ကိုင်၊ ရေပိုက်ခေါင်း၊ ရေဘား၊ ဆန်စက်သုံး Rubber Roll များကို တွေ့ရှိရတဲ့ အတွက် အသေးစိတ် ချစစ်ဆေးရာ မှာတော့ Honda Pacific Coast 800 cc အကောက်ခွန် လုပ်ထုံး လုပ်နည်းနဲ့ အညီ ဆောင်ရွက် ထားပြီး ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။ ဘီယာ၊ အချိုရည်၊ အိုးဖာတိတ်၊ တံခါးလက်ကိုင်၊ ရေပိုက်ခေါင်း၊ ရေဘား၊ ဆန်စက်သုံး Rubber Roll များရဲ့ တန်ဖိုးကတော့ ကျပ် ၂၃ ဒသမ ဝ၂၇၅ သိန်း တန်ဖိုးရှိပြီး ၎င်း ပစ္စည်းများကိုလည်း အကောက်ခွန် လုပ်ထုံး လုပ်နည်းနဲ့ အညီဆောင်ရွက်ထားပြီး ဖြစ်တယ် လို့လည်း သတင်း ရရှိပါတယ်။

Source : လရ-၂ MTN

Pages